တရုတ်ကြီးက ရေငုပ်သင်္ဘော ၆၂ စင်း ရှိ
အမေရိကန်က ၇၅ စင်း ရှိတယ် တဲ့။
ဝန်ကြီးကလင်တန် မြန်မာပြည်ရောက်တုန်း ကြေးမုံသတင်းစာမှာ ရေးထားတာပါ။
အမေရိကန်က သူပိုင်တဲ့ ရေငုပ်သင်္ဘော သုံးပုံတပုံကို အာရှပစိဖိတ်ဒေသထဲ လွှတ်ထားတယ် တဲ့။
တရုတ်ရေငုပ်သင်္ဘောများကို ထောက်လှမ်းရေးလုပ်ဖို့လည်း အတော်လေး ဖြုန်းအားကောင်းနေတယ်လို့ သတင်းက ဆိုလေရဲ့။
သင်္ဘောတစီးကို သန်း ၂၀၀ တန်တယ် ဆိုပဲ။
မြန်မာပြည်မှာ အင်တာနက် နှေးလိုက်၊ ပိုနှေးလိုက် ခဏခဏ ဖြစ်တာဟာ ရေအောက် အင်တာနက် ဆက်ကြောင်း ပြတ်တောက်မှုတွေကြောင့်လို့ အစိုးရဌာနများက ဆင်ခြေပေးပါတယ်။ ဒီလိုပြတ်တောက်သွားတာဟာ ဒီဒေသမှာ ခြေရှုပ်နေတဲ့ ရေငုပ်သင်္ဘောတွေ ၀င်တိုက်မိလို့များလား ???
~
ရေငုတ်သင်္ဘောတွေ အင်တာနက်ကြိုးတွေပေါ်က ဖြတ်သွားတိုင်း အင်တာနက်နှေးတာတဲ့ဗျ..ဒါကြောင့် ၀တ်ကျေတန်းကျေ အင်တာနက်တွေ ပိုပို နှေးလာရတာတဲ့..