မှော်နဲ့ စုန်းအတတ် လိုက်စားသူ အမျိုးသမီး ဆော်ဒီတွင် ခေါင်းဖြတ်ခံရ

Thursday, December 15, 2011

~








ဆော်ဒီမှ လူမြင်ကွင်း သေဒဏ်စီရင်မှု တခု (အင်တာနက်တွင် တွေ့ရသော ဓာတ်ပုံဟောင်း)

CNN သတင်း

မှော်နဲ့ စုန်းအတတ် လိုက်စားသူ အမျိုးသမီး တယောက်ကို ခေါင်းဖြတ်ကွပ်မျက်လိုက်တယ်လို့ ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

"မှော်ပညာ၊ စုန်းကဝေ ပညာ လေ့လာလိုက်စားသည့် ပြစ်မှုကို ကျူးလွန်မှု" ကြောင့် Amina bint Abdel Halim Nassar ကို တနင်္လာနေ့မှာ ကွပ်မျက်လိုက်တယ်လို့ ပြည်ထဲရေးဌာန ကြေညာချက်က ဆိုပါတယ်။

သူ့ကို မဖမ်းခင် စုံစမ်း စစ်ဆေးတယ်၊ "ဥပဒေချိုးဖောက်သည့်အတွက် ပြစ်ဒဏ်ပေးလိုက်သည်" ဆိုပြီး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ခေါင်းဖြတ်ကွပ်မျက်မှုကို Qariyat, Al-Jawf ဒေသမှာ ပြုလုပ်ခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။

ဆော်ဒီမှာ သေဒဏ်စီရင်မှုစနစ်ကို ဖျက်သိမ်းဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က တနင်္လာနေ့မှာပဲ တောင်းဆိုလိုက်ပါတယ်။

စက်တင်ဘာလတုန်းကလည်း ဆော်ဒီမှာ ဒီလိုဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သေးတယ်လို့ Amnesty International က ဆိုတယ်။

Amnesty International ရဲ့ မှတ်တမ်းတွေအရ ဆော်ဒီမှာ ဒီနှစ်ထဲ လူ ၇၉ ဦးကို သေဒဏ်စီရင်ခဲ့တယ်၊ မနှစ်တုန်းကထက်စာရင် အင်မတန် များတဲ့ အရေအတွက်ပါပဲ တဲ့။

မနှစ်က သေဒဏ်စီရင်ခံရသူ အနည်းဆုံး ၂၇ ဦး ရှိပါတယ်။

လက်ဘနွန် ရုပ်မြင်သံကြား စီစဉ်တင်ဆက်သူ Ali Hussain Sibat လည်း မှော်နဲ့ စုန်းအတတ် လိုက်စားမှုနဲ့ အရေးယူခံထားရပါတယ်။ ၂၀၀၈ မှာ အဖမ်းခံရ၊ နောက်တနှစ်မှာတော့ အပြစ်ရှိတယ်လို့ စီရင်ခံရပြီး သေဒဏ် ချမှတ်ခံရပါတယ်။ သူ့ကိုတော့ ကွပ်မျက်ခြင်း မပြုဘဲ ဆက်လက် ထိန်းသိမ်းထားပါတယ်။







~

9 comments :

  1. Anonymous said... :

    ဆော်ဒီကိုလူတွေမနေသင့်တဲ့အရပ်တခုလို့မြင်မိပါတယ်။

  1. မြန်မာ said... :

    တော်တော်ကို စိတ်မကောင်းစရာပါလား။ စုန်းကဝေ အတတ်ကို လိုက်စားတဲ့ ဆိုတဲ့ အပြစ်နဲ့ အမျိုးသမီးတစ်ယောက်ကို ဒီလိုမျိုး ရက်ရက်စက်စက် သတ်ဖြတ်ပစ်တာဟာ တော်တော်ကို လူသားဝါဒ ကင်းမဲ့နေတာဘဲ။ လူစိတ် မရှိတော့တာဘဲ။ ဒီလိုမျိုး လူစိတ်သူစိတ် ကင်းမဲ့အောင် လူသားဝါဒ ကင်းမဲ့အောင် လုပ်ဆောင်မယ့် မည်သည့် အခြေခံဝါဒမျိုးကို မဆို ကျနော်တို့ နိုင်ငံမှာ အင်အား ကောင်းမလားအောင် သတိထားဖို့တော့ လိုမယ်နော်။

  1. Anonymous said... :

    No wonder, they were used to cut the head of innocent cows.

  1. Anonymous said... :

    စော်ဒီမှာခေါင်းဖြတ်တယ် ဒို့ နိုင်ငံကဆရာတော်
    ကိုသိက္ခာချတယ် ဘာကွာသလဲ။
    ဟိုမှာကသေးတယ်ပွဲသိမ်။
    ဒီမှာက ရှင်လျက်နဲသေးတယ်။

  1. Anonymous said... :

    အောက်ဆုံးကလူစကားကြည့်ပြောပါ။

  1. Anonymous said... :

    ဒီလိုအမှုလေးကို သေဒဏ်ပေးတယ်ဆိုတာလွန်ပါတယ်ဗျာ ဒီလို အစွန်းရောက်တဲ့ဝါဒတွေ မြန်မာပြည်ရောက်မလာပါစေနဲ့လို့ဆုတောင်းရမှာပဲ ဒါပေမယ့်အတော်လေးရောက်နေတာတွေ့ရတော့ ရင်လေးမိတယ် ......... အဲဒီဝါဒလွှမ်းမိုးတဲ့နိုင်ငံတွေ ကြည့်လိုက်ပါ ဘယ်တုန်းကငြိမ်းချမ်းခဲ့သလဲ? အမြဲတမ်း စစ်ဖြစ်နေကြတာ တွေ့ရမှာပါ

  1. Anonymous said... :

    ဆောဒီအာရေဗျဟာ အစ္စလာမ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ်ပြဌာန်းထာတဲ့ နိုင်ငံပါ။ အစ္စလာမ်ဘာသာမှာ စုန်း၊မှော်အတတ်ပညာကို မလိုက်စားဖို့ ပညတ်ထားတာရှိပါတယ်။ အစ္စလာမ်ဘာသာမှာ ပညာသင်ယူမှုကိုအား မပေးပဲ အလ္လာအရှင်မြတ်ကို အကြွင်းမဲ့ယုံကြည်ဖို့ပဲအားပေးပါတယ်။ အဲဒါကြောင့်ဒီလောက်ပညာရပ်တွေ၊ အတွေးအခေါ်တွေတိုးတက်နေတဲ့ အခုလို အခုလိုခေတ်မှာ စုန်းအတတ်ကိုသင်ယူလို့ သေဒဏ်ပေးတယ်ဆို တဲ့ ဆော်ဒီ ပြည်ထဲရေးဝန်ကြီးတဖြစ်လဲ ဘာသာရေးခေါင်းဆောင် ဘယ်လောက်ပညာတတ်တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

  1. Anonymous said... :

    မိစ္ဆာဒိဋ္ဋိတွေရဲ့ ပြဿနာတွေပါ၊
    အပြစ်ပေးခြင်းပါ၊
    ဆုံမခြင်း လုံးဝမဟုတ်ပါ၊၊

  1. အဲလိုမျိုးအဖြစ်က ရှိသင့်သလို မရှိသင့်ဘူးလို့လဲထင်တယ်..။ဘာလို့လဲဆိုတော့သေဒါဏ်ပေးရလောက်အောင်တော့မဖြစ်သင့်ဘူးလေ..။လူတွေအချင်းချင်းပဲ
    တာပြစ်တဲ့အပြစ်ဒါဏ်လောက်ဆိုရင်တော့လုံလောက်မယ်ထင်ပါတယ်...။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved