CNN သတင်း
မှော်နဲ့ စုန်းအတတ် လိုက်စားသူ အမျိုးသမီး တယောက်ကို ခေါင်းဖြတ်ကွပ်မျက်လိုက်တယ်လို့ ဆော်ဒီအာရေဗျနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
"မှော်ပညာ၊ စုန်းကဝေ ပညာ လေ့လာလိုက်စားသည့် ပြစ်မှုကို ကျူးလွန်မှု" ကြောင့် Amina bint Abdel Halim Nassar ကို တနင်္လာနေ့မှာ ကွပ်မျက်လိုက်တယ်လို့ ပြည်ထဲရေးဌာန ကြေညာချက်က ဆိုပါတယ်။
သူ့ကို မဖမ်းခင် စုံစမ်း စစ်ဆေးတယ်၊ "ဥပဒေချိုးဖောက်သည့်အတွက် ပြစ်ဒဏ်ပေးလိုက်သည်" ဆိုပြီး ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ခေါင်းဖြတ်ကွပ်မျက်မှုကို Qariyat, Al-Jawf ဒေသမှာ ပြုလုပ်ခဲ့တယ်လို့ ကြေညာချက်က ဆိုပါတယ်။
ဆော်ဒီမှာ သေဒဏ်စီရင်မှုစနစ်ကို ဖျက်သိမ်းဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က တနင်္လာနေ့မှာပဲ တောင်းဆိုလိုက်ပါတယ်။
စက်တင်ဘာလတုန်းကလည်း ဆော်ဒီမှာ ဒီလိုဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သေးတယ်လို့ Amnesty International က ဆိုတယ်။
Amnesty International ရဲ့ မှတ်တမ်းတွေအရ ဆော်ဒီမှာ ဒီနှစ်ထဲ လူ ၇၉ ဦးကို သေဒဏ်စီရင်ခဲ့တယ်၊ မနှစ်တုန်းကထက်စာရင် အင်မတန် များတဲ့ အရေအတွက်ပါပဲ တဲ့။
မနှစ်က သေဒဏ်စီရင်ခံရသူ အနည်းဆုံး ၂၇ ဦး ရှိပါတယ်။
လက်ဘနွန် ရုပ်မြင်သံကြား စီစဉ်တင်ဆက်သူ Ali Hussain Sibat လည်း မှော်နဲ့ စုန်းအတတ် လိုက်စားမှုနဲ့ အရေးယူခံထားရပါတယ်။ ၂၀၀၈ မှာ အဖမ်းခံရ၊ နောက်တနှစ်မှာတော့ အပြစ်ရှိတယ်လို့ စီရင်ခံရပြီး သေဒဏ် ချမှတ်ခံရပါတယ်။ သူ့ကိုတော့ ကွပ်မျက်ခြင်း မပြုဘဲ ဆက်လက် ထိန်းသိမ်းထားပါတယ်။
ဆော်ဒီကိုလူတွေမနေသင့်တဲ့အရပ်တခုလို့မြင်မိပါတယ်။