ကျန် သီးလေးသီး အဖွဲ့ဝင်များ ပြည်တော်ပြန်ပြီ

Thursday, December 1, 2011




ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် ကျန်ရစ်ခဲ့သော သီးလေးသီး ဆေးရောင်စုံ အဖွဲ့ဝင်များဖြစ်သည့် လူရွှင်တော် ကြယ်သီး၊ ပန်းသီးနှင့် မင်းသမီး မြစံပယ်ငုံတို့ ယနေ့ညနေ ထိုင်းစံတော်ချိန် ၅ နာရီထွက်ခွာမည့် အဲပုဂံ လေယာဉ်ဖြင့် မြန်မာပြည် ပြန်ပြီဖြစ်သည်။ သီးလေးသီးအဖွဲ့ ပြည်ပတွင် နေထိုင်ခဲ့ချိန်မှာ ၄ နှစ်ဖြစ်ပြီး မကြာခင်လပိုင်းက လူရွှင်တော် ဂေါ်ဇီလာ၊ ဇီးသီး၊ စိန်သီးနှင့် မင်းသမီး ချောစုမျိုးတို့ ပြန်သွားခဲ့သော်လည်း ၎င်းတို့ကျန်ခဲ့ကြခြင်းမှာ လူရွှင်တော် ဇာဂနာ အကျဉ်းထောင်မှ မလွတ်သေး သောကြောင့်ဟု ပြောခဲ့သည်။ ယခု ကျန်အဖွဲ့သားများ ပြန်ရောက်သည်နှင့် သီးလေးသီး ပြန်ပေါင်းကာ အငြိမ့်ပွဲများ ဆက်တိုက် တင်ဆက်သွားမည်ဖြစ်ကြောင့် လူရွှင်တော် ဇာဂနာက ပြောသည်။

7 comments :

  1. Anonymous said... :

    ဝသွားကြတာကိုး....ပြန်ပြီပေါ့...လူတွေ ပြောတာပါ....

  1. Anonymous said... :

    They have no strong sprit, just getting fun outside country and as said above comment, they got enough no choice but return. Ha Haaaaaaaaa

  1. Anonymous said... :

    အထဲမှာမှ ကုန်ကြမ်းကောင်းတွေ ရပြီး ကုန်ချောကောင်းတွေ ထုတ်နိုင်မှာ။
    ကောင်းပါတယ်။

  1. Anonymous said... :

    မင်းတို့တော့ မဝသေးတော့ ဆက်စားပေါ့ကွာ။ ဒေါ်လာကို ဘာကော် စားချင်တာ စားကွား။ ပီးရင်ပြည်တွင်ဘာလုပ်လုပ်မကောင်းတာပြောသိလား။ အဲဒီလိုလုပ်မှ မင်းတို့ကစားရမှာကို

  1. Anonymous said... :

    အစားချောင်ရန် အစိုရမကောင်းပြောနေခြင်းဖြစ်သည်။
    ထိုင်းဘာ ဘာမှမရတော့လို့ပြန်လာကြတာလား။

  1. Anonymous said... :

    ကိုဇာဂနာ ခေါ် ဦးသူရကို တော့ အရမ်းလေးစားတယ်..သူရဲ့ လုပ်ရပ်တွေကိုလဲ ဂုဏ်ယူတယ်...
    ဒါပေမယ့် ဒီဘလိုင်းသီးတွေက သာပေါင်းညာစားတွေပါ..
    ပြည်တွင်းမှာနေတဲ့အချိန်က အသံတမျိုး ပြည်ပရောက်တော့ အသံတမျိုး..ဟော ပြန်တွင်းပြန်ဝင် သွားပြန်တော့ နောက်တမျိုး စကားတွေက သူတို့ရဲ့ ပါးစပ်ဖျားလေးမှာဘာဘဲလား... အေးပေါ့လေ နောက် တခေါက်အတွက် ထွက်မယ့် အသံလေးလဲ ကြိုပြီး စဉ်းစားထားဦးနော့် ကိုယ့်လူတို့ရေ........

  1. Anonymous said... :

    we are warmly welcome to your group
    But now, i am really sorry, coz, i want to Get your facebook name and account.
    I try to got it. but i can't. Please, if you don't mind reply and tell me sr . i am your audience. I LOVE YOUR GROUP.
    I AM WAITING FOR YOUR REPLY.
    thanks ....

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved