ငမိုးရိပ်ချောင်းမှ တောင်ဥက္ကလာသို့

Tuesday, December 13, 2011

~






မြတ်မိုး

တောင်ဥက္ကလာ ၁၅ ရပ်ကွက် ငမိုးရိပ်ချောင်းဘေး ၀ါးတံတားတဲတွေမှာ နေသူတွေ ဒီနေ့ နောက်ဆုံးထားပြီး အဲဒီနေရာက ခွာရပါမယ်။

“ဒီနေ့ အပြီးပြောင်းပေးရင် ပြောင်းပေး၊ မပေးရင် ဥပဒေအရ အရေးယူမယ်လို့ လာခြိမ်းခြောက်သွားတယ်” လို့ ၀ါးတံတားမှာ နေသူတယောက်က ပြောပါတယ်။

အဲဒီနား ဘိလပ်မြေ စက်ရုံတရုံ အရင်လက စတင် ဆောက်နေတယ်၊ အခု ဖယ်ခိုင်းနေပြီ လို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတယောက်က ဆိုပါတယ်။

“ဘိလက်မြေ စက်ရုံပိုင်မြေဖြစ်သွားတဲ့ အတွက် ပြောင်းပေးရမှာ” တဲ့။

ဒီလူတွေ တောင်ဒဂုံ ၁၄၀ ရပ်ကွက်ကို ပြောင်းရမယ်လို့ ဆိုပါတယ်။


အိမ်ထောင်စု ၁၈၀ ကျော်၊ လူဦးရေ ၈၅၀ ကျော်အတွက် တောင်ဒဂုံမှာ ပြန်လည် နေရာချထားပေးတာ
အိမ်တွေ အင်မတန် ကျဉ်းတယ်၊ အခန်းလည်း ၉၆ ခန်းပဲ ရှိတယ် ဆိုပြီး ပြောင်းဖို့ ငြင်းနေကြပါတယ်။

“သူတို့ ပြန်ချပေးတဲ့ နေရာလေးက ကျမတို့ ပြောင်းဖို့အတွက် အဆင်ပြေရင် အခုတောင် ပြောင်းပေးမှာပါ” တဲ့။ တောင်ဒဂုံမသွားလိုသူတဦးက ပြောပါတယ်။






~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved