မြန်မာစစ်အရာရှိများ ရုရှမှာ ပညာသင်နေတာကိုတော့ ရေးသားပြောဆိုမှု အများအပြား တွေ့ရပါတယ်။
တရုတ်ပြည်မှာ ပညာသင်နေကြတာလည်း တော်တော်များတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တပတ် ကာချုပ်ရဲ့ တရုတ်ပြည် ခရီးစဉ်မှာ ပညာတော်သင်တွေနဲ့ တွေ့ခဲ့တယ်လို့ ဒီကနေ့ထုတ် မြန်မာ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ အရေအတွက်ကိုတော့ ဖော်ပြမထားပါ။
အင်တာနက်မှာ အခု ရှာကြည့်တော့ ရဲအရာရှိသင်တန်း ၂ခု နဲ့ ပတ်သက်တာတွေကို တွေ့ရပါတယ်။
http://qcyn.sina.com.cn/news/shwx/2011/1101/13162557982.html
~
တရုတ်မှာပဲ သင်သင်၊ ရုရှားမှာပဲသင်သင်၊ အမေရိကန်မှာပဲသင်သင် ပညာသင်တာထောက်ခံပါတယ်။ သူတို့ အတွေး၊ သူတို့အမြင်၊ သူတို့ဗျူဟာကို များများသိရမယ်။ မကောင်းတဲ့ တိုင်းပြည်အတွက်အသုံးမ၀င်တဲ့ အောက်တန်းကျတဲ့စိတ်ဓာတ်တွေသယ်မလာဖို့ပဲအရေးကြီးပါတယ်။ သူတို့နဲ့ယှဉ်ရင် ကိုယ့်တိုင်းပြည်မှာ ဘာလိုတယ်ဆိုတာမြင်လာမယ်။ အလွန်ကောင်းပါတယ်။ ပညာသင်စေလွှတ်ရာမှာ တိုင်းပြည်က ငွေကုန်ရကျိုးနပ်မယ့် ပြည်သူ့သားကောင်း၊သမီးကောင်းရတနာများကို ရွေးချယ်စေလွှတ်မိဖို့ အရေးကြီးပါတယ်။ နောက် သူတို့ပညာသင်ကာလပြီးဆုံးချိန်မှာ သူတို့သင်ခဲ့တဲ့ပညာကို ပြန်လည်အသုံးချဖို့ အခွင့်လမ်းတွေပေးပြီး ချီးမြှောက်သင့်ပါတယ်။ ချီးမြှောက်တယ်ဆိုတာ ရာထူးတိုးပေးတာကို မဆိုလိုပါ။ ဟာ ဒီကောင် ပညာတွေတတ်လာပြီ ငါ့ကိုကန်(ခြေထောက်နဲ့)တော့မယ်ဆိုပြီး ချောင်သိပ်ချောင်ပိတ်ခံရတဲ့ ပညာတော်သင်ပြန်များမှာ ထုနဲ့ဒေးဖြစ်နေပါတယ်။ အရည်အချင်းမရှိ ဌာနဆိုင်ရာတွေမှာ ခိုကပ်ပြီး ဗိုလ်ကျနေတဲ့ (စစ်တိုက်ရမှာကြောက်တဲ့)စစ်ဗိုလ် သူရဲဘောကြောင်သူများကိုလည်း ဌာနတွေက နေကန်ထုတ်သင့်ပါပြီ။ ပညာတတ်အရည်အချင်းရှိသူများစကားကိုနားထောင်ရမှ ကြောက်လျှင် မလွှတ်ပါနဲ့။ ငွေကုန်ပါသည်။သမ္မက ပြောင်းနေသည်ဆိုသော်လည်း အောက်ခြေဗျုရိုကရက်များက နန်းပျောက်မှာ စိုးကြောက်နေလျှင် တိုင်းပြည်သည် ဗိုလ်ပြုတ်၊ဗိုလ်ကြောက်၊ ဗိုလ်ပြေး အောက်ကမလွတ်ဘဲ အာဏာရှင် အငယ်များ၏ တစ်ထီးတစ်နန်းချယ်လှယ်မှုအောက်တွင် စုန်းစုန်းမြှပ်နိုင်သေးကြောင်း သတိချပ်သင့်သည်။