ပျင်းစရာကောင်းလို့ ဝန်ထမ်းများ အိပ်ပျော်

Tuesday, December 13, 2011

~









အစည်းအဝေးလုပ်နေတုန်း အိပ်နေတဲ့ ဝန်ထမ်းတွေ၊ သတင်းစာဖတ်နေတဲ့ ၀န်ထမ်းတွေကို အလုပ်ကနေ ယာယီ ထုတ်ပစ်လိုက်တယ်လို့ တရုတ်အစိုးရက သောကြာနေ့မှာ ကြေညာကြောင်း ပီကင်းကလာတဲ့ Reuters သတင်းမှာ ဖတ်လိုက်ရပါတယ်။

ဘယ်လောက်ကြာအောင် အလုပ်ကနေ အနားပေးထားမယ်ဆိုတာ မသိရသေးပါဘူး တဲ့။

အဲဒီဝန်ထမ်းတွေဟာ ဆန်းရှီး (Shanxi) ပြည်နယ် အခွန်အကောက်ဌာန အရာရှိတွေဖြစ်တယ်၊ လုပ်ငန်းခွင်စည်းကမ်းချက်များအကြောင်း ဆွေးနွေးပွဲမှာ တက်တက်ကြွကြွဆွေးနွေးကြရမယ့်သူတွေဖြစ်တယ် လို့ သတင်းက ဆိုပါတယ်။

ဆွေးနွေးကြတဲ့ လုပ်ငန်းခွင်စည်းကမ်းချက်များထဲမှာ အလုပ်ထဲကနေ ရှောင်ထွက်မသွားဖို့၊ ဂိမ်းဆော့မနေဖို့၊ အားလပ်ချိန်အတွင်း ၀ါသနာပါရာ လျှောက်လုပ်တာမျိုးကို အလုပ်ချိန်တွင်း မလုပ်ကြဖို့ ဆိုတာတွေ ပါဝင်တယ် လို့ တရုတ်အစိုးရ ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

တရုတ်ပြည်ကြီးက ဝန်ထမ်းများဟာ ပျင်းစရာကောင်းတဲ့ အစည်း အဝေးတွေမှာ အချိန်အတော်ကြာ သွားထိုင်ကြရတတ်တယ်လို့ ဆိုတယ်။

အစည်းအဝေးတွေမှာ မြို့တော်က ပို့လာတဲ့ ညွှန်ကြားချက်တွေကို နားထောင်ရတယ်၊ ဘာတွေပါသလဲ ဆိုတော့ ကွန်မြူနစ်ပါတီရဲ့ မူဝါဒပိုင်းဆိုင်ရာတွေ၊ တခြားပျင်းစရာ အကြောင်းအရာတွေ ပါဝင်ပါတယ် တဲ့။

ဒီတော့လည်း အိပ်ပျော်သူမှာ အပြစ်မရှိပါဘူးလေ။ အိပ်ရမှာ အချိန်သမျောသူများလည်း သတင်းစာဖတ်ကြမှာပေါ့။




~

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved