အာဏာအရပ်ရပ်ကို လက် လွှတ် မလွှတ်

Wednesday, March 30, 2011 1 comments

တပ်ချုပ် သန်းရွှေ က တကယ် အာဏာလွှဲလိုက်ပြီလား၊ ဒုချုပ် မောင်အေးကရော ဘယ်ရောက်သွားမလဲ၊ သန်းရွှေ အာဏာအရပ်ရပ်ကို လွှဲပြီဆိုတာရော အများက တကယ်ယုံကြရဲ့လား။

ကိုလင်းသန့်ရဲ့ မေးမြန်းရေးသားချက်ကို ဒီမှာ ဖတ်နိုင်ပါပြီ။

ဝန်ကြီးဌာနနှင့် ဝန်မင်းများ

8 comments

ပြည်ထောင်စုအစိုးရ ၀န်ကြီးဌာန (၃၄) ဌာနနှင့် ၀န်ကြီးများ

(သတင်းဖတ်ရန် - မြန်မာဘာသာဖြင့်
/အင်္ဂလိပ်ဘာသာဖြင့်)

၁။ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်လှမင်း
၂။ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို
၃။ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဌေး
၎။ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏမောင်လွင်
၅။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း
၆။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်လှိုင်
၇။ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးလှထွန်း
၈။ ဆောက်လုပ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးခင်မောင်မြင့်
၉။ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ၀န်ကြီး ဦးတင်နိုင်သိန်း
၁၀။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းမြင့်
၁၁။ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထွန်း
၁၂။ သစ်တောရေးရာဝန်ကြီးဌာန ၀န်ကြီး ဦးဝင်းထွန်း
၁၃။ သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းထိုက်
၁၄။ သမ၀ါယမ၀န်ကြီးဌာန ၀န်ကြီး ဦးအုန်းမြင့်
၁၅။ အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်ကြည်
၁၆။ ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးဥာဏ်ထွန်းအောင်
၁၇။ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနှင့် အားကစားဝန်ကြီး ဌာန ၀န်ကြီး ဦးတင့်ဆန်း
၁၈။ အမှတ်(၁)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးကျော်စွာခိုင်
၁၉။ အမှတ်(၂)စက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးသိန်း
၂၀။ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး ဦးအောင်မင်း
၂၁။ စွမ်းအင်ဝန်ကြီးဌာန ၀န်ကြီး ဦးသန်းဌေး
၂၂။ အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးဇော်မင်း
၂၃။ အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၀န်ကြီး ဦးခင်မောင်စိုး
၂၄။ ပညာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာမြအေး
၂၅။ ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာဖေသက်ခင်
၂၆။ သာသနာရေးဝန်ကြီးဌာန ၀န်ကြီး သူရဦးမြင့်မောင်
၂၇။ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဦးအေးမြင့်
၂၈။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ
၂၉။ သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးသိန်းညွန့်
၃၀။ သမ္မတရုံးဝန်ကြီးဌာန ၀န်ကြီး ဦးစိုးမောင်

(Source - Eleven Media)

ကာချုပ်အသစ် မင်းအောင်လှိုင်

2 comments

ကာကွယ်ရေး ဦးစီးချုပ်အသစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - ဧရာဝတီ/Getty Images)



တပ်ချုပ်ကြီး မောင်ပိုင်စီးထားတဲ့ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ပေးမယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ စစ်အာဏာရှင်တွေပီပီ စစ်တပ်ကို ခွထိုင်ထားမှ စိတ်ချရတဲ့ အနေအထားမှာ ဒီရာထူးကို ဘယ်သူပေးမလဲဆိုပြီး မီဒီယာတွေ၊ လေ့လာသူတွေက စိတ်ဝင်စားနေကြတာပါ။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ ကျောင်းဆင်းဖြစ်တယ်။ ၂၀၀၂၊ ၂၀၀၃ ၀န်းကျင်မှာ တပ်မ ၄၄ ရဲ့ ဗျူဟာမှူးဖြစ်ခဲ့တယ်။ အထက်လူကြီး အကြိုက် နေတတ်သူဖြစ်တယ်။ မင်းအောင်လှိုင်ရဲ့ ဇနီးဟာ ရခိုင်တိုင်းရင်းသူဖြစ်ပြီး နားလေးတယ်။ အထက်လူကြီးအား ဖားတတ်ကာ အောက်လက် ငယ်သားများအပေါ် ဖိနှိပ်တတ်သော စရိုက်ရှိသည့်အတွက် စစ်တပ် အရာရှိအများစုက ငြိုငြင်ကြကြောင်း သိရပါတယ်။

General Min Aung Hlaing was named as new Commander-in-Chief of Myanmar Defense Services Wednesday along with the new government set-up, official sources said. (Source: Xinhua)

နအဖ ဖျက်သိမ်း၊ အစိုးရသစ်ကို အာဏာလွှဲ

0 comments

(၂၀၀၈ တုန်းက မဟာမဲခေါင် အစည်းအဝေးမှာ တွေ့ရတဲ့ ဦးသိန်းစိန်၊ ဓာတ်ပုံ - Getty Images)

နအဖကို ဖျက်သိမ်းလိုက်ပြီး အစိုးရသစ်ကို အာဏာလွှဲကြောင်း တပ်ချုပ်ကြီး သန်းရွှေအမိန့်နဲ့ ကြေညာချက်ကို ခုနက MRTV 4 မှာ လွှင့်သွားပါတယ်။ တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်၊ ခရိုင်၊ ရပ်ကွက်၊ ကျေးရွာ အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီတွေကိုလည်း ဖျက်သိမ်းကြောင်း ကြေညာပါတယ်။

အဆင့်ဆင့် ဖျက်သိမ်းခြင်းနဲ့ ဓနု၊ ပလောင်၊ ကိုးကန့်၊ ဝ စတဲ့ဒေသတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကိုလည်း ကြေညာသွားပါတယ်။

တရားသူကြီးချုပ်၊ ရှေ့နေချုပ်နဲ့ ဝန်ကြီးတွေ စာရင်းကိုတော့ သမ္မတ သိန်းစိန် လက်မှတ်နဲ့ ထုတ်ပြန်ပါတယ်။

သမ္မတ - သိန်းစိန်
ဒုတိယ သမ္မတ - သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဒေါက်တာ စိုင်းမောက်ခမ်း
ပြည်ထောင်စု တရားသူကြီးချုပ် - ဦးထွန်းထွန်းဦး
ပြည်ထောင်စု ရှေ့နေချုပ် - ဒေါက်တာ ထွန်းရှင်
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ - ဦးတင်အေး
စာရင်းစစ်ချုပ် - ဦးလွန်းမောင်

ယနေ့မှစ၍ သမ္မတဟု ခေါ်စေ

5 comments


ယနေ့ နံနက်ယွန်းယွန်း၌ သတင်းအဖျင်းစာစောင်ကို ကောက်ကိုင်လိုက်ရာ “နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ” ဆိုပြီး စာလုံးမည်းကြီးနှင့် တွေ့ရ၏။ သေချာစောင့်ကြည့်နေသည့်ကြားမှ ဘယ်အချိန် ကျမ်းကျိန်လိုက်သည်မသိ။

သတင်းအဖျင်းစာ အတွင်းထဲတွင် သမ္မတနှင့် ဒုတိသမ္မတများထံ နိုင်ငံတကာမှ ပေးပို့ထားသော စာရင်းကို ခန့်ခန့်ကြီး ဖော်ပြထားသေးသည်။ သမ္မတတွေကို ပွဲထုတ်မည်လော၊ ငလျင်ဒုက္ခသည်တွေ တကယ်ကူညီရေးက အရေးကြီးသလောဟု မေးစရာရှိသည်။

မြန်မာပြည်သူများအတွက် ဘုမသိ ဘမသိ သမ္မတကြီးတော့ ရချေပြီ။ အကယ်၍ အသက်၂၀ ကျော် အစိတ်အရွယ် မြန်မာနိုင်ငံသားတဦး ဖြစ်ငြားအံ့၊ အနှီလူငယ်သည် “ကျနော်တို့ သမ္မတ” ဟူသော စကားကို သုံးဖူးမည် မဟုတ်ချေ။ “သမ္မတကြီး ဦးနေဝင်း” လက်ထက်နောက်မူကား “တပ်ချုပ်ကြီး” သာ အစဉ်တစိုက် ရှိခဲ့သောကြောင့်တည်။ ယခုမှုကား အကြောင်းရှိသော် လျှာယားယားဖြင့် သုံးကြရတော့ချေမည် တမုံ့။

“မြန်မာပြည်ရဲ့ အင်းမေ့ခ်ျဆိုရင် နိုင်ငံတကာမှာ သန်းရွှေရဲ့ လော်ပလိုစီရုပ်ကြီး ပြေးပြေးမြင်ရတာ စိတ်ညစ်လှသဗျာ” ဟု ညဉ်းလေ့ညဉ်းထရှိသော ကျွန်ုပ်၏ မိတ်ဆွေကား ယခု သမ္မတ အသစ်ကျပ်ချွတ်ကြီးကို မည်သို့ ပြောမည်မသိ။ စလောင်းဖုံး ရှုံ့တွတွကို နေပြထားသည့် ရုပ်နှင့် သမ္မတကြီး ဦးသိန်းစိန် ဖြစ်တော့သည်တကား။

အာဏာကင်ဆာဖြစ်နေသည့် မြန်မာပြည်မှာ ဒုတ်ထိုးကြိုးဆွဲ သမ္မတသစ်နှင့် အစိုးရသစ် ဘာဆိုင်းတီးပြီ ထွက်လာမည်ကို ကြည့်ကြဦးစို့ရဲ့။

မောင်ခက်

Crossing Salween - Short Film Trailer

0 comments




Having survived the massacre of her family by the Burmese army, a young Karen girl named Ko Reh must make the long journey through the horrors of the Burmese jungle to the Salween River, beyond which lies the relative safety and freedom of the refugee camps in Thailand. But will her late father's enduring love and promise of a guardian angel be enough to shepherd her across the river where so many have fallen?

Directed by Brian O'Malley
Produced by Gary Moore

Written by Brian O'Malley Based on the short story Ko Reh by Gary Moore
Director of Photography Richard Kendrick

Cast
Ronnachai Mai Wijitto
Thanawut Dum Kedsaro
Danai Tung Thiengtham.



Slow Aid to Shan State Quake

0 comments


 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved