ငွေလဲလျှင် စာရွက်ပြစရာမလိုတော့ပါ

Monday, January 30, 2012

ဦးတေဇပိုင် AGD ရဲ့ မြစ်ကြီးနားမြို့ဘဏ်ခွဲ။ (ဓာတ်ပုံ- AGD/Facebook)

AGD Bank (အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်) ရဲ့ ဖေ့စ်ဘုတ်ပါ သတင်း၊ မေးခွန်းများ၊ အဖြေများကို အခုလို တွေ့ရပါတယ်။ ငွေလဲမယ်ဆိုရင် စာရွက်စာတမ်း တင်ပြစရာ မလိုအပ်တော့ဘူး ဆိုပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားထားပါတယ် တဲ့။ လဲမယ့်ပမာဏက တသောင်းကျော်မယ်ဆိုရင်တော့ စာရွက်စာတမ်းတွေ လိုမယ့်သဘောပါ။

ငွေလဲလျှင် စာရွက်ပြစရာမလိုတော့ပါ
Sunday, January 29, 2012 at 1:04pm

(၁-၂-၂၀၁၂) မှစတင်ပြီး အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်၏ မည်သည့် ငွေလဲကောင်တာ (Money Changer)တွင်မဆို အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှင့်ညီမျှသော အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ၊ ယူရိုငွေကြေးများကို မည်သည့်စာရွက်စာတမ်းမျှ တင်ပြစရာမလိုဘဲ လွတ်လပ်စွာ လဲလှယ်နိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ယခင်က ငွေလဲကောင်တာများတွင် ငွေလဲလှယ်လိုလျှင် နိုင်ငံခြားသားဖြစ်ပါက ပတ်စ်ပို့ပြရခြင်း၊ ဒေါ်လာ ၂၀၀၀ ကျော်ပါက အကောက်ခွန်ကြေငြာလွှာတင်ပြရခြင်း၊ မြန်မာနိုင်ငံသားဖြစ်ပါက နိုင်ငံခြားငွေရရှိရာ ငွေဝင်ရင်းမြစ်ကို တင်ပြရခြင်း၊ ၀ယ်ယူခြင်းဖြစ်ပါက မည်သည့်ကိစ္စများတွင် အသုံးပြုမည်ဟု သက်သေတင်ပြရခြင်းများ ရှိခဲ့ပါတယ်။ ယခုအခါမှာ ၄င်းစာရွက်စာတမ်း တင်ပြရခြင်းများကို အမေရိကန်ဒေါ်လာတစ်သောင်းတန်ဖိုးအထိ ပြုလုပ်ရန်မလိုအပ်တော့ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားချက်ဖြင့် ဖြေလျှော့ပေးခဲ့ပါသဖြင့် ယခုကဲ့သို့ အများပြည်သူသို့ ၀န်ဆောင်မှုကောင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးနိုင်ခြင်းဖြစ်ပါတယ်။

ငွေလဲကောင်တာများ၏ ဈေးနှုန်းသတ်မှတ်မှုကို သိမ်ဖြူကောင်တာမှ အဓိကသတ်မှတ်ပြီး ၄င်းဈေးအပေါ်တွင် သတ်မှတ်ထားသော ရာခိုင်နှုန်းအလိုက် ကျန်ကောင်တာများက ဈေးအတင်အချပြုလုပ်ခွင့်လည်း ခွင့်ပြုထားပြီဖြစ်သဖြင့် အမေရိကန်ဒေါ်လာဈေးနှုန်းတွင် ပြင်ပပေါက်ဈေးနှင့် အနီးစပ်ဆုံးတူညီသော ဈေးနှုန်းများဖြင့်လည်း အများပြည်သူတို့ လဲလှယ်နိုင်တော့မည်ဖြစ်ပါတယ်။ ကျန်ငွေကြေးများ၏ ပြင်ပပေါက်ဈေးသည် နိုင်ငံတကာငွေလဲဈေးနှုန်းနှင့် မဟုတ်ဘဲ မြန်မာနိုင်ငံဈေးကွက်၏ ဈေးနှုန်းပေါ်မူတည် တွက်ချက်မှုရှိနေသေးသဖြင့် ကောင်တာဈေးများနှင့် ပြင်ပပေါက်ဈေးများသည် အနည်းငယ်ကွာဟမှု ရှိနေပါသေးတယ်။ များမကြာမီကာလတွင် ၄င်းကွာဟမှုများကိုပါ သိမ်ဖြူကောင်တာမှ ညှိနှိုင်းတွက်ချက်ကာ သတ်မှတ်ပေးလိမ့်မည်ဟု မျှော်လင့်မိပါတယ်။

အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်သည် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းပေါ်ရှိ မြန်မာ့ရှောပင်းမော(Myanmar Shopping Mall)၊ ပြည်လမ်း လှည်းတန်းမီးပွိုင့်အနီးရှိ ကမာရွတ်ဘဏ်ခွဲ(EA, Espace Avenir Serviced Apartment)၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်( ဆိုက်ရောက်၊ ထွက်ခွာ)နှင့် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် (ဆိုက်ရောက်) တို့တွင် ငွေလဲကောင်တာများကို ဖွင့်လှစ်လဲလှယ် ပေးလျက် ရှိပါတယ်။

မကြာမီ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပုဂံညောင်ဦးတွင်လည်း ငွေလဲကောင်တာများ ဆက်လက်ဖွင့်လှစ်ရန် ပြင်ဆင်လျက် ရှိပါသည်။

and 72 others like this.
33 shares

So how about dollar? Must be very new..?Must not be old dollars?

AGD
ငွေလဲကောင်တာများတွင် လာရောက်လဲလှယ်သော ငွေများကို အခြားသောသူများကို ပြန်လဲပေးရသလို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုလည်း သတ်မှတ်ပမာဏကျော်လျှင် သွားရောက်အပ်နှံရပါတယ်။ ဒီအတွက် ငွေစက္ကူရဲ့ အနေအထားကို ၄င်းပုဂ္ဂိုလ်များ လက်ခံနိုင်သော အနေအထား ရှိမရှိ စစ်ဆေးရမှုတော့ ရှိပါတယ်။ တချိန်မှာတော့ တခြားနိုင်ငံများမှ ငွေလဲကောင်တာများကဲ့သို့ လက်ခံနိုင်သော အခြေအနေများ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ လမ်းလျှောက်တတ်ခါက ကလေးလို ပထမတစ်လှမ်းနှစ်လှမ်းကို ထိန်းသွားနေတဲ့အချိန်မှာ အားလုံးက ဖေးကူအားပေးမယ်ဆိုရင် မကြာခင် ခပ်သွက်သွက်လျှောက်နိုင်တဲ့ အနေအထားကို ရောက်ရှိမှာဖြစ်ပါတယ်။

When can AGD start remittance in Singapore ?
AGD ဖေဖော်ဝါရီ ၁၅နောက်ပိုင်း စပါမည်။
စင်္ကာပူကနေ မြန်မာပြည်ကိုငွေလွှဲချင်ရင် Penisula plaza မှာ လူကိုယ်တိုင်လာလွှဲဖို့လိုပါသလား။ ဒါမှမဟုတ် i Banking ကနေ AGD bank ရဲ့ DBS or OCBC account တစ်ခုခုကို လွှဲလိုက်ရုံနဲ့ရပါသလား။
from other banks? other countries?
Do we need to open accounts in AGD? either inside Myanmar or other countries? (Thailand/S'pore??). YMA. Nyi , please enquiry..
Yes, Ah KO, I'll esquire about it.
I'd like to transfer from my DBS account, Singapore.
I will do it fromThailand.
Do you know AGD branch exists in Thailand?
I don't know, Ah Ko.

ထိုင်းနိုင်ငံမှ မရနိုင်သေးပါ။ ဒီနှစ်ထဲတွင် ဆောင်ရွက်ပေးနိုင်အောင်တော့ စီစဉ်နေပါတယ်။ ငွေလွှဲခြင်းအတွက် ငွေစာရင်းလာရောက်ဖွင့်လှစ်ရန်လည်း မလိုအပ်ပါ။ တခြားဘဏ်များ၏ အွန်လိုင်းအကောင့်များမှ တိုက်ရိုက်လွှဲခြင်းမျိုးကို လက်ခံဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းနေပါတယ်။ စီးပွားရေးပိတ်ဆို့မှုကဲ့သို့ အချို့သော အခက်အခဲလေးများ အနည်းငယ်ရှိသဖြင့် ချက်ချင်းမရနိုင်သေးတာကို နားလည်ပေးစေချင်ပါတယ်။
အခုစစချင်းမှာတော့ လူကိုယ်တိုင်လာလွှဲရသော စနစ်ကို အရင်ကျင့်သုံးမှာဖြစ်ပါတယ်။ မကြာမီမှာ အွန်လိုင်းဘဏ်စနစ်ဖြင့် ၀န်ဆောင်မှုပေးနိုင်အောင်လည်း ကြိုးစားနေပါတယ်။
Thanks for AGD's reply . May I know your bank address in Singapore ?
မကြာမီတင်ပေးပါမယ်။ လက်ရှိတော့ စီစဉ်နေဆဲဖြစ်လို့ပါ။ ပင်နီဆူလာပလာဇာမှာပဲ ဖြစ်ပါတယ်။
Many thanks AGD for your reply
Please sepecify, if transfer funds has been done from UK? andy sanction existed?
Dear AGD, If transfer funds done from other countries (like UK) to AGD is only available in S'pore and Myanmar , correct?

လက်ရှိတော့ UK မှ မရနိုင်သေးပါ။
Norway lift up Sanction..so when will AGD expect to do fasibilty for on line transfers for tentative timing?
Dear AGD, if more than 10,000 US$, what will happen next? Taxing? If more than 100,000 US$ or > 1 MUS$, what is the regulations? Please specify..Many thanks..
သတင်းကောင်းပါဗျာ၊ ၀န်ထမ်းတွေကိုလည်း ဒေါ်လာငွေတွေကို ဘယ်လိုစစ်ဆေးလက်ခံသင့်လည်း သင်တန်းပေးသင့်တယ်ထင်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ငွေသွားလဲတော့ စင်ကာပူဒေါ်လာ ၅၀ တန် ၅ ရွက်နဲ့ စင်ကာပူ ၁၀၀ တန် ၃ ရွက်အား ၊ လဲလို့မရနိုင်လို့ တစ်ခြား အသစ်နဲ့ ပြန်လဲ...See More
AGD is capable to exchange if more than 10,000 US$? any restriction or barrier of laws and regulation?
စီးပွားရေးပိတ်ဆို့မှု မရှိတော့လျှင် မြန်မာနိုင်ငံရှိဘဏ်များထဲမှ လက်ရှိ နိုင်ငံခြားဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရထားသော ၁၁ ဘဏ်လုံးသည် နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်ပြီး ဘဏ်ဝန်ဆောင်မှုများကို လွယ်ကူလျင်မြန်စွာ ပေးနိုင်မှာဖြစ်ပါတယ်။ အာရှစိမ...See More
Dear AGD, I have now seen only your bank is advancing for International standard..really impressive.. Hope that U Tay Za manages all of your bank's employees to reach to international salary standard..Many thanks again and good luck for your business.
အမေရိကန်ဒေါ်လာ တစ်သောင်းကျော်လျှင်တော့ လက်ရှိဥပဒေအရ Money Changer Counter များတွင် လဲလှယ်ပေးလို့မရသေးပါ။
Dear AGD, my last qusetion is, do you have your AGD branch in S'pore? (I do not mean for Money changer for transfer), If yes, I would like to know your branch address. Many thanks. Dr.Myo THI HA (Total E&P Uganda)
မည်သည့်နိုင်ငံတွင်မှ ဘဏ်ခွဲအဆင့်ဖွင့်လှစ်ခွင့် မရရှိနိုင်သေးပါ။ စီးပွားရေးပိတ်ဆို့မှုကြောင့် သက်ဆိုင်ရာနိုင်ငံများရှိ ဘဏ်များမှ မြန်မာနိုင်ငံရှိဘဏ်များနှင့် တရားဝင်ဆက်ဆံရန်ပင် အခက်အခဲများ ရှိနေပါသေးတယ်။ စိတ်ဝင်စားမှုအားလုံးအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။
ကျွန်တော်တို့အနေဖြင့် ငွေစက္ကူများကို စစ်ဆေးရာတွင် အဆင့်၂ ဆင့်စစ်ဆေးရပါတယ်။ ပထမအဆင့်က ငွေစက္ကူအတုအစစ် ခွဲပေးသော စက်ဖြင့် စစ်ဆေးရခြင်းဖြစ်ပါတယ်။ ဒုတိယအဆင့်က မြန်မာနိုင်ငံတွင် ပြန်လည် လဲလှယ်ပါက အများလက်ခံသုံး...See More

3 comments :

  1. Anonymous said... :

    နိုင်ငံခြားငွေ ကိုင်ဆောင်တာ တရားမ၀င်ဘူး ဆိုတဲ့ ဥပဒေကို ရုပ်သိမ်းသင့်ပါတယ်။ စစ်အစိုးရ လက်တက် က ဒီဥပဒေနဲ့ မလိုရင် မလိုသလို လူတွေကို အရေးယူတာ မမေ့ကြပါနဲ့။

  1. Anonymous said... :

    ဟာသ ဘဲ ဗမာ တပြည်လုံးက သစ်တွေ အပြောင် ခုတ်တဲ့ တေဇ .. ဘဏ်နာမည် က အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် တဲ့ ... တခြား အာရှ တွေမှာ စိမ်းလန်းပြီး ဗမာပြည်ကြီး မှာတော့ မွဲခြောက် ကုန် ပကွဲ့ မောင်ရင်ငတေ ...

  1. Unknown said... :

    ငွေလွှဲဘို့သာ လုပ်နေကြတာ...ဖေဖေတို့က တစ်ဒေါ်လာ
    ၆ ကျပ်ကနေ ၈၀၀ ကို ခုထိ မပြောင်းနိုင်သေးဘူး...
    ခုလုပ်နေတာ တရားဝင် တစ်ခုမှ မရှိသေးပါ...
    နှုတ်မိန့်တွေနဲ့ ကြည့်လုပ် ရမ်းလုပ်နေကြတာပါ...
    ဘယ်တော့ ဘယ်သူများ ခံရမလဲ မသိပါ...

    ပြောတော့ ဒီမိုကရေစီတဲ့...စင်္ကာပူမှာ လာဖွင့်မဲ့ ဘဏ်က
    သမ၀ါယမဘဏ်တဲ့...
    နာမည်က စီးနေတယ်....သမ မဲ့ဘဏ် ဖြစ်သွားယင် ကုန်ဘီ
    ကြည့်လွှဲကြကွယ်...

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved