ဗိုလ်ခင်ညွန့်ကို လွမ်းလောက်လို့လားဗျာ..
Tuesday, January 24, 2012
ပြီးခဲ့တဲ့ ၁၃ရက်နေ့က ပြန်လည်လွတ်မြောက်လာပြီး ထောင်တွင်းမှ ရရှိလာတဲ့ အသဲရောဂါနဲ့ ဝေဒနာကို မချိမဆန့်ခံစားရင်း ၂၂ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ကိုသက်နွယ်(ခ)ညိမ်းလူ၏ နာရေးဖိတ်စာ
ကိုသက်နွယ်(ခ)ညိမ်းလူသည် ထောင်ထဲမှာ အသည်းရောဂါခံစား နေရာကနေ ပြန်လွတ်လာသည်ထိ မသက်သာဘဲ (၂၁.၁.၂၀၁၂)နေ့တွင် အသည်းအသန်ဖြစ်၍ ဝေဒနာခံစားနေရသည့်ပုံများ
ဗိုလ်ခင်ညွန့်ကို လွမ်းလောက်လို့လားဗျာ..
ကိုသက်နွယ်(ခ)ညိမ်းလူဟာ ၂၀၀၂ခုနှစ် မှာဗုံးဖောက်ခွဲမှုဆိုတဲ့ မတရားစွပ်စွဲချက်နဲ့ ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရပါတယ်..။ ထောင်တွင်းမှာ သွားများတချောင်းမှ မကျန်အောင် အပြင်းအထန် နှိပ်စက်ခံခဲရပါတယ်...။ အာဏာရှင် ဗိုလ်သန်းရွှေ အာဏာတည်တံ့ခိုင်မြဲဘို့အတွက် အဓိက ဒေါက်တိုင်ဟာ ဗိုလ်ခင်ညွှန့်ပါ..။ မိမိသားသမီးတွေနဲ့ ခွဲခွါနေရတာကိုကြတော့ ကိုယ်တိုင်ခံစားတတ်တယ်..။ ပြီးခဲ့တဲ့ သတင်းတွေမှာ ထောင်ကထွက်လာမယ့် သားကို မျှော်ပြီး လွတ်မလာတဲ့ အတွက် မျှော်လင့်ချက်မဲ့ပြီး သေဆုံးခဲ့ရတဲ့ မိခင်တွေ၊ သားဖြစ်သူ လွတ်လာတဲ့နေ့မှာ ဝမ်းသာလုံးစို့ပြီး သေဆုံးခဲ့ရတဲ့မိခင်တွေကို ဗိုလ်ခင်ညွှန့် ကိုယ်ချင်းစာကြည့်ပါ။
၁၉၈၈ကနေ ၂၀၁၁ခုနှစ်အထိ ထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ သူတွေ သေရာပါ ဒဏ်ရာနဲ့ ဒုက္ခိတဖြစ်ခဲ့ရတဲ့သူတွေ၊ နိုင်ငံရေးအကျဉ်းသား သား၊သမီးတွေကို တွေ့မြင်ခွင့် မရလိုက်ပဲ အသေမဖြောင့်ခဲ့ရတဲ့ မိခင်၊ ဖခင်တွေအတွက်.. သားသမီးချင်း၊ မိဘချင်း ဗိုလ်ခင်ညွန့် ကိုယ်ချင်းစာကြည့်ပါ..။
ပြန်ထွက်လာတဲ့အချိန်မှာ ခေတ်ကာလအကြိုက်ကို ကြိုသိနေပြီး ထောက်လှမ်းရေး အကွက်အတိုင်း ဒေါ်အောင်ဆန်းကြည်ကို ထောက်ခံပါတယ်ဆိုတဲ့ စကားတခုထဲနဲ့ အမြင်မှန်ရသွားပြီဆိုပြီး ခွင့်လွှတ် လွယ်ကြတဲ့သူတွေ စဉ်းစားကြည့်ကြပါ...။ နာစရာကို လွမ်းစရာနဲ့ ဖြေစရာ တကွက်မှ မရှိသလို.. လွမ်းလောက်လို့လားဗျာ.. ဘုရား၊ တရားပဲလုပ်မယ်ဆိုပြီး တရားသိနေတယ် ဆိုလည်း ကိုယ်လုပ်ခဲ့တဲ့ အမှားတွေ အကုသိုလ်တွေကို နောင်ဘဝအတွက် မပါအောင် ယောင်္ကျားပီပီ ဝန်ခံတောင်းပန်ပေါ့..။
ပေဖြစ်လည်းခံ တူဖြစ်လည်းခံနေရတဲ့ ကျွန်တော်တို့ မြန်မာတွေ တခြားနေရာမှာခွင့်လွှတ်လွယ်တာ မပြောလိုပေမယ့်.. ကျားက သက်သက်လွတ် စားပြီဆိုပြီး ခွင့်လွှတ် လွယ်လွန်းတာကတော့ ခံခဲ့ရတဲ့သူတွေကို မညှာတာရာ ရောက်ပါတယ်..။ တောင်းပန်ပါတယ်ဆိုတဲ့ နောင်တတရားရတဲ့ စကားတလုံး မထွက်လာသ၍ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိလို့ မြင်ပါတယ်။ ထောင်ထဲမှာ ပေးဆပ်ခဲ့ရတဲ့သူတွေနဲ့ အာဏာစာခွက်လုရင်း မြောင်းထဲရောက်ခဲ့တဲသူ နှိုင်းယှဉ်စရာမရှိပါ..။ မစင်ပုံထဲက လောက်ကို ကျွန်တော်တို့ ဆင်းမဆယ်မိဖို့ ဗိုလ်ခင်ညွန့်ကို ခွင့်လွှတ်လွယ် သူများအား လွမ်းလောက်လို့လားလို့ မေးပါရစေ၊ ပြောပါရစေဗျာ။
ဒီမိုဝေယံ
ပြုသူအသစ် ဖြစ်သူအဟောင်းလို့ ဆိုပေမယ့် ဗိုလ်ခင်ညွန့်လက်ထက်မှာ မတရားခံရသူ အတွက်ကတော့ အသစ်တွေပါပဲဗျာ..
နဝတ၊ နအဖလက်ထက် မြန်မာပြည်ရဲ့ ဗုံးပေါက်ကွဲမှုတွေမှာ တရားခံကို ဖမ်းမိရိုးထုံးစံရှိလား..။ နဝတ၊ နအဖလက်ထက် တန်ခိုးလက်စောင်းထက်ခဲ့တာ ဗိုလ်ခင်ညွန့်နဲ့ အပေါင်းအပါတွေပါ.. နအဖအတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦးကို အချင်းချင်း ခွက်စောင်းခုတ် ဖြုတ်ထုတ်သတ် ဗုံးခွဲလုပ်ကြံကြတာ မှတ်မိကြမှာပါ..။ အမှုမှန်ပေါ်ပေါက်ရဲ့လား... နောက်ဆုံးခံရတာတော့ တက်ကြွတဲ့နိုင်ငံရေး လှုပ်ရှားသူတွေလေ..။ တံတွေးလက်ညှိုးဆွတ် ခါးထိုးပြီး မကောင်းသူ ထိပ်ကောင်းသူထိပ်ပေါ့.. အခုတော့ တရားခံက အပြုံးမပျက် ပြည်တွင်းဂျာနယ်တွေမှာ သူရဲကောင်း ယောင်ယောင် နေရာဝင်ယူ နေပါတယ်..။
ခံခဲ့ရတဲ့ ကိုသက်နွယ်(ခ) ကိုညိမ်းလူ ကတော့ ကိုယ်မလုပ်ခဲ့ရတဲ့ ကျူးလွန်ခြင်းမရှိတဲ့ ပြစ်မှုအတွက် နောက်ဆုံးအချိန်မှာ ဒုက္ခမျိုးစုံ ခံစားရင်း အခန်းကျဉ်းလေး တခုထဲက ဖျာကြမ်းပေါ်မှာ ခေါင်းအုံးတလုံး၊ ဆောင်လေး တစ်ထည်.. ပတ်ဝန်းကျင်က ကူညီသူ အနည်းငယ်နဲ့ လောကကြီးကို ကျောခိုင်း ထွက်ခွာသွားပါပြီ..။
အောက်မှာတော့ ယခုသတင်း ဆောင်းပါးမှာ လာရောက်ကွန်မာန့်ပေးသွားတဲ့ ကိုငယ်ရဲ့ ကွန်မာန့်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်..
ကိုသက်နွယ်(ခ)ညိမ်းလူ အနှိပ်စက်ခံခဲ့ရတဲ့နည်းတွေထဲက တခုကိုတော့ ကျွန်တော်ပြောပြချင်တယ်၊ ရိုင်းသွာရင်ခွင့်လွှတ်ပါ၊ အမှန်တရားကို သိစေချင်တာကြောင့်ပါ၊ ဗုံးခွဲတယ်ဆိုပြီးစွပ်စွဲပြီးတော့ လူ့ရဲ့မစင်ကိုအတင်းအကြပ် ကျွေးပါတယ်၊ မစားလို့စေ့ထားတဲ့ သွားကိုရိုက်ချိုးပြီး လူ့မစင်ကိုပါးစပ်ထဲ အဓမ္မ သိပ်ထည့်ပြီး မျိုချခိုင်းပါတယ်၊ နောက်ထပ်အလုပ်မခံချင်ရင် ပြစ်မှုကိုကျူးလွန် မိခဲ့ပါတယ်ဆိုပြီး မမှန်မကန်တဲ့ဖြောင့်ချက်ကိုယူဘို့ ချိန်းခြောက်ပါတယ်၊ အစပိုင်း တော့အဲဒီလို အမှန်အတိုင်း မလုပ်ဘူးကြီး ဖြေနေလိုက်တာ လေးခါလောက်လဲ စစ်လိုက်ရော ပါးစပ်မှာ အံသွားလောက်ဘဲကျန်တဲ့ အခြေအနေ ဖြစ်သွားပါတယ်၊ နောက်ဆုံး စစ်ဆေးရေးအလိုကျ ပြောပါ့မယ်လို့ ကတိပေးမှ ယဉ်ကျေးသိမ်မွေ့စွာ စစ်ဆေးတဲ့ပုံစံကို ဗီဒီယိုရိုက်ထားပါတယ်၊ ထုံးစံအတိုင်း ဘယ်သူ့ချိန်းခြောက်မှုမှ မပါဘဲ မိမိသဘောအတိုင်း အဖြစ်မှန်ကို ထွက်ဆိုခဲ့တဲ့ ပုံစံဖြစ်အောင် သက်သေအဖြစ် မှတ်တမ်းတင်ထားပါတယ်၊ နောက်ဆုံးတော့ ဝန်ခံဖြောင်ချက်ပေးတဲ့အတွက် သေဒါဏ်အစား ထောင်ဒါဏ် တသက်တကျွန်း တံခါးပိတ် အမိန့်ချလိုက်တယ်။ သွားမရှိတဲ့ သူကိုတိုက်ပိတ်ပြီး ထ္မင်းထဲမှာ ဂဲထည့်ကျွေးမှတော့ သွားဖုံးတွေ စုတ်ပြတ်သတ်ပြီး ပါးစပ်ထဲမှာ အနာဖြစ်ပါလေရော၊ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာကြီးဘဲ စားသောက် နေရတော့အသဲကို ဒုက္ခပေးတော့တာပေါ့။ ပြုသူအသစ်ဖြစ်သူ အဟောင်းလို့ဘဲ သဘောထားကြပါလို့ ဘေးလူတွေက တရားချကြပေမဲ့ ဒီမိုကရေစီမြေဇာပင်တွေ ရဲ့ဘဝမှာ ကိုယ်ကိုယ်တိုင် စိတ်ကူးနဲ့တင် ကိုယ်ချင်းစာ စဉ်းစားကြည့်တော့ သွေးတွေ ဆူလာပါတယ်ဗျာ။ ဒီထက်ဆိုးတာတွေ အများကြီး ရှိပါသေးတယ်ဗျာ။ ပြောရင်းနဲ့ စိတ်ထိခိုက်လို့ ယောကျာင်္းတန်မဲ့ မျက်ရည်ကျမိပါတယ်။
ကိုယ်မကျူးလွန်တဲ့ ပြစ်ဒဏ်အတွက် ဗိုလ်ခင်ညွှန့်နဲ့ ထောက်လှမ်းရေးတွေရဲ့ မြေဇာပင်ဖြစ်ခဲ့ရတဲ့ ကိုသက်နွယ်(ခ)ညိမ်းလူ ကောင်းရာ သုဂတိလားပါစေ...။
ညွှန်း - ဒီမိုဝေယံ http://www.demowaiyan.co.cc/2012/01/blog-post_23.html
17 comments :
  1. Anonymous said... :
    ခင်ညွန့် အင်တာနက် သုံး ... ဆောင်းပါး ကွန်မင့် တွေ ကို လိုက်ဖတ် စေလိုပါသည် .....
    အစစ် အမှန် သံဝေဂ ရပြီ .. ဆိုရင်တော့ အဆိပ်သောက်ပြီး သတ်သေ လိုက်ပါတော့ .. ကြောင်သူတော် လူ့အန်ဓ လူယုတ်မာ ... ဆန်ကုန်မြေလေး ကြီးရေ ....
    သူ့နောက်လိုက် .. လိုက်ပင့်ပေး နေကြသူတွေ လည်း ကံ ကံ၏ အကြိုး ပြန်ခံရ မှာပါ
  1. Anonymous said... :
    khin nyunt is evil
  1. ခေါင်းစဉ်ကို နှိပ်ပြီး Comment မှာ ဖတ်ပါ။
    ပြည်သူ့မျက်ရည်နဲ့ ခြေမဆေးကြပါနဲ့
    ( "သမိုင်းတရားခံများကို အလွန် ရွံရှာ မုန်းတီး နာကျည်းသော ပြည်သူတဦး၏ ခံစားချက်" ...
    ပါတဲ့။)
    ရေကြည်အိုင် လို စစ်ထောက်လှမ်းရေး စစ်ကြောရေးစခန်းတွေမှာ လူမဆန်တဲ့ နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့လို့ သေသွားသူတွေ၊ လူစဉ်မမီ ဖြစ်သွားသူတွေ၊ ရူးသွားသူတွေ ရေတွက်လို့တောင် မရပါဘူး။
    ဒီအဖြစ်ဆိုးတွေဟာ သမိုင်းမှန်တွေပါ။
    ဒီအဖြစ်ဆိုးတွေကို ညွန်ကြားခဲ့တဲ့ လူတွေ၊ လုပ်ဆောင်ခဲ့တဲ့ လူတွေဟာ သမိုင်းတရားခံတွေပါ။
    အဲဒီ သမိုင်းမှန်ကို ဖျောက်ဖျက်လို့ မရပါဘူး။
    အဆိပ်ပင်ကို ရေမလောင်းကြပါနဲ့။
    သူခိုးကို ဓါးရိုး မကမ်းကြပါနဲ့။
    ကျားသေကို အသက်မသွင်းကြပါနဲ့။
    ပြည်သူ့မျက်ရည်နဲ့ ခြေ မဆေးကြပါနဲ့။
  1. moe said... :
    Crime is crime. Whoever committed crimes,should be dealt with the laws.
    Although normal citizens and those suffers due to his atrocities and crime against humanity may forgive him. But the laws and jurisdiction should not be bent.
    Therefore the country's lawyers and public prosecutors should look into charging the persons resposible for their wrong doings.
  1. Anonymous said... :
    aww sect to
    so many die,so many people life r suffer,so many people inside jail.i don`t care.my relative so much rich ok.now i release ready.all my relatives n my pupil r come n repect to me.ha ha ha i m KHIN NYUNT.
  1. Anonymous said... :
    ခင်ညွန့်ကို ခွင့်လွတ်နိုင်သူတွေ၊ ခွင့်လွတ်ဖို့ ကရုဏာမျက်ဝန်းနဲ့ ပြောတဲ့သူတွေဟာ ဒီမိုကရေစီတော်လှန်ရေးသမားတွေကို စော်ကားတာပဲ။ ခွင့်လွတ်တယ်ဆိုတာ ခွင့်လွတ်နိုင်စရာအခြေအနေတခုခုကို ထောက်ပြနိုင်မှ ခွင့်လွတ်သင့်တာပါ။ ကန်းကုန်အောင် ဆိုးခဲ့မိုက်ခဲ့ ရိုင်းခဲ့တဲ့ ဦးခင်ညွန့်လို အာဏာရူး ဖေါက်ပြားမောက်မားတဲ့သူတစ်ယောက်ကို ခွင့်လွတ်ဖို့ ကြိုးစားနေခြင်းဟာ ကိုယ့်ကိုယ်ကို လိမ်တာမဟုတ်ရင်၊ ကိုယ်တိုင် ဖေါက်ပြန်တဲ့သူ တစ်ယောက်ပဲဖြစ်ရမယ်။
  1. Anonymous said... :
    ဘာဘဲဖြစ်ဖြစ်ခံစားခဲ့ရတဲ့ သူတွေအတွက် ပြည်သူ့ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တစ်ခုခုဆောင်ရွက်ပေးဖို့ သင့်ပါတယ်။ ကိုယ်ကို တိုင်လည်းခံစားခဲ့ရတာဘဲမဟုတ်လား။ လွှတ်တော်ထဲမဝင်ရမှာစိုးလို့ ဒီကြေကွဲဖွယ်ရာအဖြစ်တွေကိုလစ်လှူပြုမထာ်းစေချင်တာအမှန်ပါ။
    ဒေါ်စုအနေနဲ့ဒီအဖြစ်တွေကိုနိုင်ငံရေးစစ်တုရင်ခုံပေါ်မှာ စတေးခံလိုက်မယ်ဆိုရင်တော့ ဒေါ်စုလည်း ဒီပုတ်ထဲက ဒီပဲဘဲဖြစ်သွားမှာပါ။
    သူလည်းအပြစ်ဒဏ်ခံပြီးပြီဘဲလို့ မတွေးစေချင်ပါ။သူအပြစ်ဒဏ်ခံရတာကဒီလိုအပြစ်တွေကြောင့် မဟုတ်ပါ။နိုင်ငံရေးအာဏာလုပွဲမှာ ကိုယ်နိင်မယ်ထင်ပြီးလုပ်ရင်းကနေ အစားခံရတာပါ။
    ဒါကြောင့်ဒေါ်စုအနေနဲ့ပြည်သူ့ခေါင်းဆောင်ဆိုပြီး ပြည်သူတွေအားကိုးထိုက်အောင်ဉီးဆောင်ပြီးဆောင်ရွက်စေလိုပါတယ်
    အခုဆောင်ရွက်ရမည်ဟုမဆိုလိုပါ
    အချက်အလက်များပြည့်စုံလျှင်ပြည်သူသို့မဟုတ်ခံစားခဲ့ရသောသူများ၏ ဆန္ဒတောင်းခံ၍ ၄င်းဆန္ဒ အတိုင်းဆောင်ရွက်စေလိုပါတယ်။
    ဒါမှမဟုတ်ရင် တက်လာတဲ့အစိုးရတိုင်းက အဲဒီလိုဘဲလုပ်ပြီး sorry ဆိုတဲ့စကားလုံးနဲ
    လုပ်ချင်တာလုပ်သွားရင် ခံရမှာက အားနည်းတဲ့ ပြည်သူတွေနဲ့ ကျွန်တော်တို့ တိုင်းပြည်ပါဘဲ။
    ဒါကြောင့်ပြည်သူအတွက်ကြည့်တယ် တိုင်းပြည်ကိုချစ်တယ်ဆိုရင် အလားတူကိစ္စ ရပ်မှိုးထပ်မံမပေါ်ပေါက်ရေးအတွက်လုပ်နိုင်တဲ့ အင်အားရှိတဲ့ ဒေါ်စုကနေ ဉီးဆောင်ပြီးဆောင်ရွက်စေချင်ပါတယ်။
    ဒီမှတ်ချက်ကိုဒေါ်စုဖတ်နိုင်အောင်လည်း ဧရာဝတီက ကူညီပေးစေလိုပါတယ်။
  1. Anonymous said... :
    To all people inside Burma, you all should boycott and do not buy those journals who feature about khin nyunt ( lout kaung) news. Do not buy " hot news" journal, myanmar time and many others. We all must respect for those brave guys who sacrificed their lives for Democracy...
  1. Anonymous said... :
    ဒီကောင့်ကိုဘာလို့အရာသွင်းနေကြတာလဲ။
  1. KoKoLwin said... :
    Agree
    Jan 24 .....5: 28 PM
    Boycott
    Boycott
    Hot newspaper.......don't buy it
    Be polite, but firm
    Be polite , but firm
    Don't need to be belligerent.
    but remember and take proper action
    Do the right things.
    Repeat Do the right things.
  1. Anonymous said... :
    Cambodia လို ဘာမှန်းညာမှန်း မသိ၊ဇာတ်လမ်းရှည်မှာစိုးရတယ်။ ခင်ညွန့် မဟုတ်တာလုပ်ခဲ့သမျှ ပြန်လည်ဖော်ထုပ်မှတ်တမ်းတင်ရမယ့်အချိန်ရောက်ပြီ၊နောင်လာနောက်သားတွေသိရအောင်ပေါ့ဗျာ။
  1. Anonymous said... :
    ခင်ညွန့်ကဖော်ကောင်လုပ်ပြီး သန်းရွှေကိုဆွဲချက်တင်ရင် နှစိကောင်စားပြီး ကင်းဝင် ။မြန်မြန်လုပ်ကြ ဆရာတို့။
  1. Anonymous said... :
    ခင်ဗျားတို. ရေးလို. ကျွန်တော်တို.ဖတ်ရတယ် ၊
    မရေးရင် ဘယ်သူမှ မဖတ်ရတော့ဘူး၊ သိလည်းမသိချင်တော့ သိလည်းမသိရတော့ဘူး ၊ ခင်ဗျားတို.က ကြော်ငြာနေတာလား၊ ဦးခင်ညွန်.ဘက်က အလုပ်လုပ်ပေးနေတာလား
  1. Anonymous said... :
    ဒီဓါတ်ပုံတွေကို ကြည့်မိတိုင်း ရင်ဆို့ တယ်ဗျာ။
    ဦးငြိမ်းလူ လို လူတွေ ဘယ်လောက်များရှိဦးမလဲ။
    သိန်းစိန် ကို ကျေးဇူးတင်တဲ့ အထဲမှာ ကျနော် မပါတဲ့ အတွက် ကျေနပ်တယ်။ ခင်ညွန့် ကို သနားတဲ့လူ ကျနော်ဖြစ်မနေချင်သေးဘူး။ တောင်ပေါ်၊ နယ်စပ် တိုင်းရင်းသား ဒေသတွေဆိုတာလည်း ခင်ညွန့် ရောက်လာပြီးတဲ့ နောက်မှာမှ မုဒိန်းကျင့်ခံ ခဲ့ရတဲ့  ဒေသတွေပါ။ အများကြီးပါ။ ဦးငြိမ်းလူရဲ့  နောက်ဆုံးအချိန် ပုံရိပ်တွေကို ကမ္ဘာက လူတွေ အားလုံးအားလုံး သိသွားအောင် ဆက်လက်ဖြန့် ဝေပေးကြပါဗျာ။ ဒီပုံကို ရိုက်ကူးပေးတဲ့ သူနဲ့  ရိုက်ခွင့်ပြုတဲ့ ဦးငြိမ်းလူ ရဲ့  မိသားစုဝင်တွေကို လည်း ရိုသေလေးစား ပါတယ်။
    နောက်ထပ်သော ကြေကွဲ ဆို့ နှစ်စရာတွေ ဘ၀မှာ ဘယ်တော့မှ မရှိပါစေနဲ့ တော့လို့  ကျန်ရစ်သူ မိသားစုဝင်များအတွက် ဆုတောင်းပေးပါရစေ ခင်ဗျား။
  1. Anonymous said... :
    ဒေါ်မမ လို့သိလိုက်ပါတယ်။ စာစောင်တစ်ခုထုတ်ဝေနေသူပါ။ သည်အချိန်ကအ၇မ်းတန်ဖိုး၇ှိပါတယ်။ စောင်ေ၇တိုးပွားဖို့ထက်၊ ပြည်သူ့အထောက်အပံ့ကိုလိုနေတဲ့အချိန်ပါ။ ကျေးဇူးခံကျေးဇူးစားကိုဖေါ်ပြနေ၇င် ပြည်သူတွေတွေဝေမှုမျိုးဖြစ်လာပါ့မယ်။ စိတ်ထဲမှာဘာ၇ှိလဲ၊ မဆလ ကိုပြန်လိုချင်လား၊ ကြံ့ဖွန့်ကိုထောက်ခံလား၊ တကယ်ဘဲ သည်နိုင်ငံဖွံ့ဖြိုးတိုးတက်တာမြင်ခြင်လားဆိုတာစဉ်းစားပါ။ တွေ့တိုင်းသာတင်ပြ၇မယ်လို့ခံယူ၇င် နိုင်ငံေ၇း၊ ယုံကြည်ချက်နဲ့အကျဉ်းကခံ၇သူတွေအကြောင်းေ၇းပါလား။ စိတ်မ၀င်စားဖူးနဲ့တူပါတယ်။ လမ်းလွဲနေပြီ။ ပြင်စေချင်တယ်။ နို့မို့ Media ဆိုတာ ကျေးဇူးခံ၊ ကျေးဇူးစား၊ အစေခံဘ၀သာဖြစ်သွားမှာမြင်ယောင်လိုပါ။ မြတ်ခိုင်လိုကောင်မျိုးကို Media သမားမဖြစ်မြင်၇င်တော့ အ၇မ်းမှားမယ်၊ သည်ကောင်က ငွေညှစ်တဲ့ Black mail လုပ်နေတဲ့ကောင်။ ဆိတ်လစေ့။
  1. JP said... :
    အရမ်းကိုဝမ်းနည်းစရာကောင်းပါတယ် ရင်ထဲမှာလည်းဆိုနင့်ပါတယ် မျက်ရည်တောင်ဝဲမိပါတယ် ဦးငြိမ်းလူ ဘယ်လောက်ခံစားခဲ့ရမလဲဗျာ ဘယ်လိုပြောရမှန်းမသိအောင် ၀မ်းနည်းပါတယ်
    ဦးငြိမ်းလူရေ နောက်နောက်ဘ၀ ဆက်တိုင်းဒီလိုအဖြစ်ဆိုးတွေနဲ့ မကြူံပါစေနဲ့လို့ဆိုတောင်းပေးပါတယ်
    တစ်ခုတော့ပြောချင်ပါတယ် အဲလိုမျိုးလုပ်နိုင်သူများကို
    လူ, လူတွေေ၇ာဟုတ်ရဲ့လားဗျာ ဘယ်လိုစိတ်မျိုးနဲ့လုပ်နိုင်ရတာလဲ
  1. Anonymous said... :
    ထောက်လှမ်းေ၇းတွေကနည်းပေါင်းစုံနဲ့စစ်တာတော့ဟုတ်ပါတယ်အထက်ကနဲနဲဆိုအောက်ကဖားပြီးများများလုပ်တတ်တယ်ဒါပေမယ့်အခုကိုငယ်ကဇတ်နာအောင်ဝင်ေ၇းတာကတော့မဟုတ်သေးပါဘူးရိုက်တာကန်တာလ်ုပ်ပေမယ့်ချီးကျွေးတဲ့အထိတော့မလုပ်ကြပါဘူးဘယ်သူကလက်နဲ့ကိုင်ကျွေးမလဲပဲစဉ်စားကြည့်ပါအမှန်တရာကိုလိုလားလို့ပြောတာပါဘယ်သူ့ဘက်မှမလိုက်ဘူးဟုတ်တာပြောပါမဟုတ်တာမပြောပါနဲ့ဒေါ်စုကလက်စားချေတာ၇န်ငြိုးထားတာမကြိုက်ဘူးလို့လည်းပြောထားပါတယ်ကိုယ်တိုင်ခံစား၇သူတွေကိုစာနာတယ်သို့သော်အမှန်ကိုသာတင်ပြကြပါခင်ဗျား
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved