ဒေါက်တာ နေ၀င်းမောင် ဘယ်နှစ်ယောက် ထပ်ဆုံးရှုံးနေအုံးမှာလဲ

Saturday, January 21, 2012

ကံဆွေမြတ် (ဘိုကလေး)

ဒေါက်တာနေ၀င်းမောင်ဟာ အထူးကုဆေးရုံကြီး တစ်ရုံကို ဆေးကုသမှု ခံယူဖို့ ကိုယ်တိုင် သွားခဲ့ပါလျက်၊ ရန်ကုန်ဆေးရုံကြီးကို လွှဲခဲ့တယ်လို့ သိရတယ်၊ ရန်ကုန် ဆေးရုံကြီးရောက်တော့ ဆုံးသွားရတယ်။

အရင်တစ်ခါလည်း လှိုင်သာယာ ဆေးရုံက ကျောင်းသူလေးတစ်ယောက် မြွေကိုက်လို့ အင်းစိန် ဆေးရုံ တင်လိုက်တာ ဟိုပြောင်းဒီရွှေ့နဲ့ သေဆုံးသွားရတယ်။

ဟိုတစ်လောက စွယ်တော်ကြွလာတော့ မြန်မာတပြည်လုံး လှူလိုက်ကြတဲ့ ပိုက်ဆံတွေ ၊ ရတနာတွေလည်းပါသေးတယ်တဲ့၊ အဲဒါတွေဘယ်မှာ သွားသုံးကြမှာလဲ။

ကျန်းမာရေးကိစ္စကြတော့ အထူးကု ဆေးရုံ ဆိုတာတွေတောင် အရေးပေါ်ဌာနမှာ အရေးပေါ် ချွဲထုတ်စက်တို့ ၊ နှလုံးခုန်စက်တို့၊ အသက်ကယ်ဆေးဗူးတို့မရှိဘူး။

မြန်မာပြည်က ဆေးရုံဆေးခန်းအားလုံးမှာ အရေးပေါ်ဆိုတာ အရေးပေါ်ကုသတဲ့နေရာ မဟုတ်ဘူး၊ စာရင်းလက်ခံတဲ့ နေရာပဲဖြစ်နေတယ်။

ဖောင်းပွနေတဲ့ ဘာသာရေးအလှူနေရာမှာ လိုအပ်နေတဲ့ ကျန်းမာရေးကိစ္စအတွက် လှူကြမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲဗျာ၊ အခုတော့ ဆုံးရှံးလိုက်တဲ့ သားကောင်းသမီးကောင်းတွေ ဘယ်လောက်များနေပြီလဲ။

ဒီလိုပြောလို့ ကျွန်တော်ဟာ ဗုဒ္ဓဘာသာ မဟုတ်တဲ့ ကွန်မြူနစ် တစ်ယောက်လို့ ထင်ကြမလား၊ မဟုတ်ပါဘူး၊ ဘုရားရှင်တရားတော်ကို သေချာလေ့လာပြီးလို့ ဒီလိုရေးတာပါ၊

ဟိုတစ်နေ့ကပဲ ယောဆရာတော်ကြီးတရားကို mrtv 4 ကနေ နာလိုက်ပါတယ်။ ဆရာတော်ကြီးက ကလေးမွေးလာတာ မိသားစုမှာ ထမင်းကျွေးတာတောင် မေတ္တာစေတနာ၊ ကရုဏာ တရားထည်ပြီး ပြုစုကျွေးမွေးရင် အလိုလို ကုသိုလ်ရပါတယ်တဲ့။

ဆိုလိုတာက လူမှုကိစ္စ၊ လောကီဘောင်မှာနေရင်းနဲ့ ကုသိုလ်ရအောင် လုပ်နိုင်ပါတယ်တဲ့၊ ကုသိုလ်ကောင်းမှုဆိုတာ ပိုက်ဆံတွေ အများကြီးကုန်မှ ရတာမဟုတ်ပါဘူး၊ ကုသိုလ်ကောင်းမှုရဲ့ အဆင့်ကို သတ်မှတ်တဲ့ နေရာမှာလည်း ဒါနထက်သီလကမြတ်တယ်၊ သီလထက်၊ ဘာဝနာက မြတ်တယ်ဆိုတာ အထင်အရှား ဘုရားဟောရှိပါတယ်။

လိုအပ်လို့လှူတာ ပြောစရာမရှိပေမယ့် ဆင်းရဲတဲ့ ကျွန်တော်တို့နိုင်ငံမှာ ရေများရာ မိုးရွာပြီး ၊ ရေငတ်တဲ့ နေရာမှာ ရေမကျ နိုင်တဲ့ အခြေအနေတွေဖြစ်နေပါတယ်။

လှူတဲ့ နေရာမှာလည်း မေတ္တာရှင် ရွှေပြည်သာ ဆရာတော်ဟောတာက နောက်ဘ၀ ငါကောင်းစားဖို့ ဆိုတဲ့ ရည်ရွယ်ချက်ထက် ကိုယ်ကောင်းစားဖို့ မဟုတ်ပဲ အလှူခံပုဂ္ဂိုလ်ကောင်းစားဖို့ ဆိုတဲ့ မြင့်မြတ်တဲ့ စိတ်ထားနဲ့ လှူတဲ့ အလှူသာ ပါရမီမြောက်ပြီး ပိုမြင့်မြတ်ပါတယ်လို့ ဆိုထားပါတယ်။

ယနေ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ အများစု လှူဒါန်း နေတာတွေဟာကုသိုလ်ရဖို့လား၊ လိုအပ်တဲ့ နေရာမှာ တကယ်လှူနေတာလား၊ နောက်ဘ၀ ငါကောင်းစား ဖို့ဆိုတဲ့ အတ္တ အမျှော်တွေနဲ့ လှူနေတာလားဆိုတာ သေချာ ဝေဖန်စိစစ် သင့်ပါတယ်။

ကုသိုလ်ကို အစစ်အမှန် တကယ်လိုချင်ရင်တော့ ငွေကုန်ခံစရာမလိုပဲ ကိုယ်ကျင့်တရား ကောင်းကောင်းထိန်း၊ တရားအားထုတ်မယ်ဆိုရင် ရပါပြီ။

ပြည်သူအများစုကလည် ကျန်းမာရေး ပညာရေးကိစ္စကို အလှူလို့ မြင်ရကောင်းမှန်းမသိ၊ အစိုးရကလည်း ကျန်းမာရေး စရိတ်ကို စိုက်သုံးဖို့ စိတ်မ၀င်စားရင် အရေးပေါ်ဌာနတွေဟာ ဆက်လက်ပြီး စာရင်းကောက်ရုံသက်သက်ပဲဖြစ်နေအုံးမှာပါ။

တကယ်လို့သာ ဒေါက်တာနေ၀င်းမောင်ရော၊ လှိုင်သာယာတက္ကသိုလ်က ကျောင်းသူလေးရောဟာ ၊ ပထမဆုံး ရောက်တဲ့ ဆေးရုံမှာ အရေးပေါ် အချိန်မီကုသနိုင်ခဲ့ရင်၊ သေဆုံးစရာ အကြောင်းမရှိပါဘူး။

ဒါကြောင့် ပြည်သူပြည်သားများကိုယ်တိုင် ကလည်း ကျန်းမာရေးကိစ္စပညာရေး ကိစ္စတွေမှ တကယ့် အလှူလို့ မြင်နိုင်ဖို့ လိုနေပါပြီ။

အစိုးရကိုယ်တိုင်ကလည်း၊ ပညာရေး ကျန်းမာရေး ကိစ္စတွေမှာ ဘတ်ဂျက်များများသုံးသင့်နေပါပြီ။

ကျွန်တော်တို့ နောက်ထပ် ဒေါတာနေ၀င်းမောင် ပေါင်းများစွာ မဆုံးရှုံးပါရစေနဲ့တော့၊ ၀မ်းနည်းခြင်း တွေကို သင်ခန်းစာအဖြစ်သတ်မှတ်ပြီး ပြင်လိုက်ကြပါစို့။

24 comments :

  1. Anonymous said... :

    ပြည်သူအများစုကလည် ကျန်းမာရေး ပညာရေးကိစ္စကို အလှူလို့ မြင်ရကောင်းမှန်းမသိ၊ ဆိုတာလေးကို ဥပမာ
    လေးတွေနဲ.ရှင်းပြပေးစေလိုပါတယ်။
    လေးစားလျက်
    စာဖတ်သူ တစ်ဦး

  1. အညတရဘိက္ခု said... :

    မှန်ပါတယ် ယောဆရာတော်ဟောသွားတာ လူတွေ နားလည်ထားရမယ့် ဗုဒ္ဓတရားနဲ့အညီ နေ့စဉ်ဘဝမှာ
    လက်တွေ့ကျင့်သုံးရမယ့် တရားပါ၊ မြန်မာနိုင်ငံရဲ့လက်ရှိအနေအထားအရ
    လိုအပ်တဲ့နေရာများမှာ လှုဒါန်းတတ်ကြဖို့နဲ့ပတ်သက်ပြီး စွယ်တော်အတွက်လှုဒါန်းကြတာကို
    ထောက်ပြထားတာလည်း သိပ်ကိုမှန်ကန်ပါတယ်။
    ပိုပြီးအရေးကြီးတာက အစိုးရရဲ့အခန်းကဏ္ဍပါ
    မြန်မာပြည်ငြိမ်းချမ်းရေး အမြန်ရသင့်ပါပြီ
    စစ်အသုံးစရိတ်များ လျှော့ချသင့်ပါပြီ
    ကျန်းမာရေး ပညာရေးမှာ တိုင်းပြည်ဘက်ဂျက်ကို ပိုမိုသုံးစွဲသင့်ပါပြီ။

  1. Anonymous said... :

    pls study 'what is dana(giving alms)?' intensively and extensively.Ask scholar broadly.if you want to criticize positively speeches of buddha,mention the words carefully.I agree you say your intention is beneficial for society.But I can surely say some words in your view are wrong.

  1. ဘုန်းဘုန်း said... :

    ဒကာတော်ရေ-
    ဒကာတော် တင်ပြထားတာ မှန်ပါတယ်။ ဟောတတ်ပြောတတ်တဲ့ ဓမ္မကထိကဆရာတော်တွေလဲ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတွေမှာ အလှူဒါနပြုကြဖို့ ဟောကြပြောကြပါတယ်။
    ဒါပေမဲ့ ဘုန်းဘုန်းတို့ ဗုဒ္ဓဘာသာအများစုက ဘာသာရေးလှူမှ ဒါနမြောက်တယ်ကြီးထင်နေကြတာ တော်တော်ခက်တယ်။ ကျယ်ပြန့်တဲ့ အမြင်ရှိတဲ့ ရဟန်းရှင်လူအားလုံးက
    ကျန်းမာရေး ပညာရေး ကိစ္စတွေမှာ အလှူဒါနပြုချင်စိတ်တွေ ပေါ်ပေါက်လာအောင် ၀ိုင်းဝန်းကြိုးစားကြရမှာပါ။

  1. အညတရဘိက္ခု said... :

    မြတ်စွာဘုရားက မိဘကို ပြုစုစောင့်ရှောက်တာ သားသမီး ဇနီးမယားကို လုပ်ကျွေးတာဟာ
    မင်္ဂလာတရားပါလို့ ဟောထားပါတယ်။ ကုသိုလ်ဖြစ်တယ်လို့ ဆိုလိုတာပါ။
    ဆေးဖိုးလိုနေတဲ့ အိမ်နီးနားချင်းတယောက်ကို ကိုယ့်တတ်နိုင်သလောက် ဆေးဖိုးထောက်ပံ့တာလည်း
    ကုသိုလ်ပါ။
    ကျောင်းမတက်နိုင်တဲ့ ကလေးတစ်ယောက်ကို ကျောင်းတက်နိုင်အောင် ပညာသင်စရိတ်ထောက်ပံ့တာလည်း ကုသိုလ်ပါ။
    မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ရေးသားတော်မူခဲ့တဲ့ ကိုယ်ကျင့်အဘိဓမ္မာ ရတနာ့ဂုဏ်ရည် စတဲ့စာအုပ်များကို ဖတ်ရှုခြင်းဖြင့် ဘာသာရေးအသိအမြင်များ တိုးတက်နိုင်ကြပါစေ...

  1. Anonymous said... :

    Emergency Medicine subject developed in the world medical field in early 1070s.

    We , Myanmar does not have such discipline. No adequate teaching . No Emergency physicians.
    No training at all.

    some people do not even hear about it. It's been a long long time.
    IM 1, IM 2, Mandalay IM . all graduates . they don't know . Only when they get out of country to other developed countries they started knowing and practicing about this.

    Snakebite
    appendicitis
    all kinds of injury
    heart attack
    eye injury
    poisoning
    allergic reaction
    acute severe asthma
    Pneumonia
    bleeding from backpassage
    bleeding from Mein ma Ko
    bleeding from vomit ( Tway Un )
    all kinds of acute severe pain
    Head injury
    Motor vehicle accidents
    gun shots

    Acute psychosis
    Lightening
    Electrocution

    .there are more
    But about 20 important topics to get ready for everyone . anytime , any place . 24 hours service.

    No good ambulance ( fully equipped ) . Well trained paramedics.
    Well trained Emergency Nurses.
    Well trained Emergency doctors ( don't need to be specialist )

    appropriate transport system to transfer bigger hospital ( tertiary hospitals )
    transport systems , documentation , fax , email system.

    Escort team
    24 hours police emergency
    24 hours fire emergency

    24 hours Operating theatre service ( at least in Regional Hospital , e.g KYauk Se, Meik Htee La , Myit Kyee Nar , Ka Lay Wa . ) all has to be 24 hours

    Well trained trainers to train new doctors and nurses
    other paramedical teams 24 hours Imaging studies,
    24 hours Pathology service ( for Poisoning , heart attack )

    Do you all guys know how much money it is necessary ?
    do you all guys know how many ' rotation shift workers ' needed for Civilized country . to be called.

    How to recruit and maintain staff level in optimal welltrained and well paid , fair work environment and entitlements. ( No pay, No entitlement - No one will do the job )

    That is only medical field. there are lots and lots of fields.

    So Do not be ' feel easy ' by saying ' our country is full of resources.

    Trying to placate all people with ' Mobile phone and internet ' is not enough .

    Spend good budget, and also good planning and go implementing is very important to fill those essential daily needs , Health . Food , Shelter etc.

    do not be envious the ' rich ' who became rich with ' Ma Taw Law Ba and Khoe Sar Whet Sarr ' . They are not to be envious. Arr Kya Sa Yar Ma Hote.

    That is why when we , from .,other developed countries come and visit Myanmar . .they did not comment in front of Nay Pyi Daw Admin Team. Only when they arrive back to their country . they just said. ' There are lots of things to do ' . .

    we all have to morally thank to them because ' they have time and feeling to ' Say So that There are lots of things to do ' ..there are lots of things to do .

    Sacrificing lives unnecessary by snake bite, mere heart attack , heart arrhythmia is tragic. Some arrhythmia are easily treatable if there is a bit facility . Not say ' big heart attack. They die mostly.

    All Emergency topics to be compiled and attended to .. lots lots of them . I can not say this here.
    bye

  1. ဆေးရုံဆိုတာ အစိုးရက အဓိက လုပ်ပေးရမှာလေ ၊ လူတွေက သူတို့ စေတနာပေါက်တဲ့ နေရာကိုပဲ လှူမှာပေါ့ ၊ အစိုးရကို ဝေဖန်ရမဲ့အစား လှူတဲ့လူတွေကို ဝေဖန်နေတာက မှားနေပါတယ် ၊ အစိုးရကို မဝေဖန်ရဲတာနဲ့ လူတွေကို လှည့်မရမ်းပါနဲ့ဗျာ ..လူမှုရေးလုပ်ငန်းတွေကို လှူနေတဲ့ လူတွေ အများကြီးပါ ။

  1. Anonymous said... :

    ကျန်းမာရေးကိစ္စကြတော့ အထူးကု ဆေးရုံ ဆိုတာတွေတောင် အရေးပေါ်ဌာနမှာ အရေးပေါ် ချွဲထုတ်စက်တို့ ၊ နှလုံးခုန်စက်တို့၊ အသက်ကယ်ဆေးဗူးတို့မရှိဘူး။

    မြန်မာပြည်က ဆေးရုံဆေးခန်းအားလုံးမှာ အရေးပေါ်ဆိုတာ အရေးပေါ်ကုသတဲ့နေရာ မဟုတ်ဘူး၊ စာရင်းလက်ခံတဲ့ နေရာပဲဖြစ်နေတယ်။

    အမှန်ပါပဲ ....

  1. Anonymous said... :

    pls study 'what is dana(giving alms)?' intensively and extensively.Ask scholar broadly.if you want to criticize positively speeches of buddha,mention the words carefully.I agree you say your intention is beneficial for society.But I can surely say some words in your view are wrong.May be you are a book warm who just can copy of its idea'
    I see nothing is wrong . Just tell us what is wrong. I want this person to think out of the box.!

  1. အညတရဘိက္ခု said... :

    ဒီနေရာမှာတဆက်တည်းပြောလိုက်ချင်တာက... နိုင်ငံနဲ့ချီပြီး ဆုံးဖြတ်ချက်ချရတဲ့ နိုင်ငံခေါင်းဆောင်များဟာ
    သူ့ရဲ့ဆုံးဖြတ်ချက်အပေါ်မူတည်ပြီး ကုသိုလ်ရရင်လည်း လူသာမာန်တွေ မရနိုင်တဲ့ကုသိုလ်ကို ရတတ်သလို
    အကုသိုလ်ဖြစ်ရင်လည်း အင်မတန်ကြီးမားတဲ့ အကုသိုလ်ကို ကျူးလွန်မိပြီးသားဖြစ်တတ်ပါတယ်။
    အကြောင်းကတော့ ကောင်းတဲ့ဖက် အပြစ်ကင်းတဲ့ကုသိုလ်ဖက်ကဖြစ်စေ
    မကောင်းတဲ့ဖက် အပြစ်ရှိတဲ့အကုသိုလ်ဖက်ကဖြစ်စေ
    နိုင်ငံကိုခေါင်းဆောင်ကြရသူများရဲ့ဆုံးဖြတ်ချက်တွေဟာ
    လူထောင်ပေါင်းများစွာအပေါ်မှာ သက်ရောက်မှုရှိနေတာကြောင့်ပါ။ ထင်ရှားတဲ့ဥမာအနေနဲ့ ကောင်းတဲ့ဖက်ကိုပြရမယ်ဆိုရင် လွှတ်ပေးသင့်တဲ့ အကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေးဖို့ ဆုံးဖြတ်ချက်ချ လွှတ်ပေးတာမျိုးပါ။
    မကောင်းတဲ့ဖက်ကဆိုရင်တော့
္ခလူထောင်ပေါင်းများစွာကို ဆင်းရဲဒုက္ခရောက်စေတဲ့ မတိုက်သင့်တဲ့စစ်ပွဲကို ဆက်ပြီးတိုက်နေတာမျိုးပါ။

  1. Anonymous said... :

    တိုင်းပြည်မှာဖြစ်နေတာက အထူးကုတို့ အဆင့်မြင့် တို့ခေါင်းစဉ်တပ်ပြီး ဆေးခန်းတွေ ဆေးရုံတွေဖွင့်ကြတယ် အားလုံးနီးပါးက ငွေတစ်ခုပဲကြည့်ပြီး လုပ်ကိုင်ကြတယ် ဝန်ဆောင်မှု့မှာ ကျွမ်းကျင်သူမရှိ စေတနာမပါ တာဝန်မသိနဲ့ အဲ.. အသဲအသန် အခြေအနေမျိုးဖြစ်လာပြီဆိုရင် အကြောင်းအမျိုးမျိုးပြပြီး ဘောလီဘော စကစားကြတော့တာပဲ ဟိုပို့ဒီပို့ ဟိုလွှဲဒီလွှဲ အဲ. . နောက်ဆုံး ဘာမှမရှိတဲ့ ရန်ကုန်ဆေးရုံကြီးမှာ ဂိတ်ဆုံးပြီး ရေဝေးရောက်တော့တာပဲ

  1. Anonymous said... :

    ဒယ်အိုးဆရာတော်တို့ ရွှေည၀ါတို့ မေတ္တာရှင်တို့က လူမှုရေးတွေအတွက် လှူဘို့ စီမံတော့လဲ တရားပွဲတွေပိတ်တယ်။ အစိုးရကိုယ်တိုင်က ပြည်သူအပေါ်မှာ စေတနာမမှန်ဘူး ဘုန်းဘုန်း (ဘုန်းကြီးအစစ်ထင်ပါရဲ့) စစ်လက်နက်တွေ မ၀ယ်အောင် စစ်အသုံးစရီတ်လျှော့အောင် ဘုန်းဘုန်းရဲ့ဒကာတော် အာဏာရှင်ကြီးများကို ဟောတော်မူပါ့အရှုင်ဘုရား။

  1. Anonymous said... :

    စွယ်တော်အလှုငွေတွေသိချင်တာလား..
    တရုပ်ပြည်တစ်ဝက်ဗမာပြည်တစ်ဝက်ပေါ့..
    ဗမာပြည်ကတော့ဗိုလ်ချုပ်တွေအချိုးကျခွဲဝေကြတယ်
    ဆိုပဲ..ပိုတာကို လေးခွဆိုလားလောက်စာလုံးဆိုလားဝယ်
    ဖို့ ကာကွယ်ရေးဌာနကိုပေးတယ်တဲ့..
    အဲအဲ..အဝေမတည့်လို့ ဗိုလ်ချုပ်ကြီးကတော်နဲ့သမ္မတက
    တော် နပန်းလုံးကြတာ အရမ်းကြည့်လို့ကောင်းပဲတဲ့..
    ဗီဒီယိုရိုက်ထားလိုက်တဲ့တစ်ယောက်ကတော့ ဧရာဝတီကို
    လှူမယ်လို့ပြောတယ်..ဧရာဝတီအတွက်သတင်းကောင်းနော်..
    ဖြစ်အောင်တင်ပေးပါ..

  1. Anonymous said... :

    ဒေါက်တာနေဝင်းမောင် နဲ့ မြွေကိုက်လို့ဆုံးရတဲ့ကျောင်းသူကိစ္စ ၂ခုကမတူပါ။

  1. Anonymous said... :

    ပြည်သူတစ်ရပ်လုံး ကျန်းမာရေးအာမခံချက်ရအောင် အစိုးရကော၊လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူတစ်ရပ်လုံးဝိုင်းဝန်းအဖြေရှာကြဖို့လိုပါတယ်

  1. မြန် မာ ဟာ နိုင်ငံတကာ အဆင့် မီ နိုင်ငံ တစ် နိုင်ငံဖြစ် လာ ဖို့ ပြည်သူ တွေ အား လုံး မှာ တာဝန် ရှိပါ တယ်။(၁) ဘာသာရေး အစွန်းေ၇ာက် မှူ တွေ ဘာသာ တိုင်း မှာ ပပျောက် ရမယ် ။(၂)လှူမျိုးရေး အစွန်းေ၇ာက် မှူ တွေ မြန်မာ ပြည်သူ တိုင်း မှာ ပပျေက် ရ မယ်။(၃)စီးပွါးေ၇း အစွန်းေ၇ာက် မှူ့တွေ မြန်မာ ပြည်သူ တိုင်း မှာ ပပျောက် ရ မယ်။ ဒီ အချက် သုံး ချက် ကို မြန် မာပြည်သူ တွေ အား လုံး အလေး အနက် ထား ပြီး ကျင့်သုံး နှိင် မယ် ဆို ရင်။မြန်မာ ပြည် ကြီး ဟာ အလျင် အမြန် တိုး တက် လာ မှာ ပါ။

  1. Anonymous said... :

    ဒီနေရာမှာ Comment ရေးသားခြင်းကို မြန်မာလို ရေးသင့်တယ်လို့ ကျနော်ထင်ပါတယ်။ မြန်မာလို ဖတ်ရတာ ပိုအားရပါတယ်။ နောက်ပြီး တစ်ချို့က မြန်မာဖောင့်မရိုက်တက်လို့ပြောပါတယ်။ ကျနော် အမြင်အရ ကြိုးစားရိုက်သင့်တယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ လူမျိုးတော်တော်များများ (အင်တာနက်သုံးတက်ပြီး) ဒီလို ဆိုက်ဒ်တွေ ၀င်ဖတ်သူတွေကဟာ မြန်မာလူမျိုးတွေ ရေးတဲ့ အင်္ဂလိပ်စာတွေကို ကောင်းကောင်းနားလည်သော်လည်း အင်္ဂလိပ်လိုရေးထားရင် ကျော်ဖြတ်တက်ကျပါတယ်။ ဒါက ထုံးစံလို ဖြစ်နေပါပြီ။ ကို့ရေးတဲ့ Comment ကို အင်္ဂလိပ်လို အများကြီး ရေးတာထက် မြန်မာလို တိုတိုလေး ကြိုးစားရိုက်တာ ပိုသင့်တော်လို့ထင်မိပါတယ်။

  1. Anonymous said... :

    The author gives a dangerous and wrong message to the readers. Why did you question the donations made by Burmese Buddhists to the Buddha's Tooth Relic? Didn't you learn before writing this article that the donations are for the lessor (China) and that China is going to build a replica of Shwedagon in its own country in commemoration of the donors, did you? Please point your finger directly at the one who is absolutely responsible for all of these mismanagement. You questioned right away about the donations in the early part of the article that means that you really meant to criticize the massive donations. Even though you stated that you're not a communist, your words are pretty much the same as how Thakhin Than Tun wanted to use the 26 tons of gold from Shwedagon pagoda. You can persuade the government, the NGOs, and all other social organizations to make donations by using your sharp journalism but please stop criticizing the well-wishers' once-in-a-lifetime donations.

  1. Anonymous said... :

    Yes, our country is lack of knowledge in every thing.A lot of people died because of lack of Equipments,late arrival to hospital,the duty officers neglect or did not know how to treat the emergency patient in time,many places needs necessary and neccesaties. Many people proud of saying that our country had full of natural resources.What the hell is that? I heard that one clinic on Pyay road had treated the High Blood pressure patient by given I.V.of Normal Saline,Another patient who suffering Diabetes by I.V.Glucose,and many many wrong diagosis that took away the lives,because at night time,the duty nurse may be sleepy,no doctors at that time,wrong decision, etc:.....Although in other many cases,because of lack of knowledge,the lives had to spend on.recently,the Big Explosive of Fire at Myittamon Godowns,What Happened....? No body knows nothing,even many authorities in many concerning department does'nt know what is up to date,and how to prevent,All 99% doing by Bullshit knowledge. Pitiful Burma....

  1. mo said... :

    I live in Australia now.

    It is sad. In Myanmar, medical care is very poor. It has been neglected for many many years.

    I have to say even the president of Burma will not get the same standard of care received by poorest people in Australia. The poorest people in Australia have no job. They live on government money.

    It is not because of professionals. If you bring doctors and nurses from Burma to Australia, they will do well except for language difficulties. Mostly because there is no accountability, democracy and transparency. Professionals need to change their mindset but system need to be good.

    Emergency departments in Burma is staffed by most junior doctors. There is little or no supervision especially at night. Private hospitals are worse. I guess.

    When I was intern, the defibrillator in my hospital was not working because the battery was down.
    It is a routine that people died/suffered because they cannot afford medicines.

    We used to say that text book(medical) and practical is different. Because, we did not and could not do a lot of things written in text books. And we thought that they were artificial/just the research/not practical. Now I know, the text books are just describing the routine done daily in hospitals.

    The world is different now. Without democracy or good system where people believe in their goverment, where people contribute in decision making, where people whole heartedly try for progress, where everything is accountable, where people don't tell lies/bias (including how to donate), where people are less selfish, our country will not come out of the lowest state and will not be able to resist the will of other more developed countries.

  1. Anonymous said... :

    မြန်မာပြည်သူတွေရဲ့ အားနည်းချက်ကဒါပဲ ဘုရားကို သိပ်ပြီး
    ကိုးကွယ်လွန်းတယ်.. ဒါကြောင့် အစိုးရက စွယ်တော် ခဏခဏ
    ပင့်ပြီး လူတွေကို လှည့်စားနေတာပေါ့။ ပြည်သူတွေ စွယ်တော်ကို
    လှူလိုက်တဲ့ ရွှေ၊ ငွေ၊ ရတနာတွေဟာ လူ့အသက်ပေါင်းများကို
    ကယ်လို့ရတယ်.. လူငယ်ပေါင်းများစွာကို ပညာသင်ပေးနိုင်တယ်..
    ငယ်တုန်းက မှတ်မိပါသေးပါတယ်.. စွယ်တော်ပင့်လာတော့
    ပိုက်ဆံလှူတာတောင်မှ ဘယ်လောက်လှူရင် တီဗွီထဲပါမယ်...
    ဘယ်လောက်လှူရင်တော့ သတင်းစာထဲပါထဲ့ပေးမယ်နဲ့
    လှူတာတောင်မှ အပေးအယူနဲ့ စီးပွားတွက်တွက်ပြီး လှူကြတယ်..
    ကုသိုလ်မှရပါ့မလားမသိဘူးလို့... စဉ်းစားမိတယ်...

  1. Which hospital ??????
    U must write ( By Name ) .. Why not include hospital name ???????????

  1. Maung Zaw said... :

    To the person who said this:

    """Anonymous says: January 21, 2012 11:52 PM Reply
    ဒီနေရာမှာ Comment ရေးသားခြင်းကို မြန်မာလို ရေးသင့်တယ်လို့ ကျနော်ထင်ပါတယ်။ မြန်မာလို ဖတ်ရတာ ပိုအားရပါတယ်။ နောက်ပြီး တစ်ချို့က မြန်မာဖောင့်မရိုက်တက်လို့ပြောပါတယ်။ ကျနော် အမြင်အရ ကြိုးစားရိုက်သင့်တယ် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ လူမျိုးတော်တော်များများ (အင်တာနက်သုံးတက်ပြီး) ဒီလို ဆိုက်ဒ်တွေ ၀င်ဖတ်သူတွေကဟာ မြန်မာလူမျိုးတွေ ရေးတဲ့ အင်္ဂလိပ်စာတွေကို ကောင်းကောင်းနားလည်သော်လည်း အင်္ဂလိပ်လိုရေးထားရင် ကျော်ဖြတ်တက်ကျပါတယ်။ ဒါက ထုံးစံလို ဖြစ်နေပါပြီ။ ကို့ရေးတဲ့ Comment ကို အင်္ဂလိပ်လို အများကြီး ရေးတာထက် မြန်မာလို တိုတိုလေး ကြိုးစားရိုက်တာ ပိုသင့်တော်လို့ထင်မိပါတယ်။"""

    This is usually said by people like you who cannot learn English well. Don't forget that English is the other national language in Burma. Every official form and letter and constitution use it alongside Burmese. The fact that you and most people around you cannot speak/read/write English well doesn't mean that everyone else has to put Burmese as top priority over any other language when they want to write a simple comment. Every student has a chance to learn English since kindergarten till tertiary institutions. Yet have you ever wondered why some students become very good in English while some can't even write a complete sentence properly? Think about it. Don't just cover a weakness with nationalism. Burma has been in the downward spiral in everything technology ever since Gen. Ne Win forced the schools to be taught only in Burmese. Do you know that?

    Some people may want to write in Burmese, some English out of convenience or some just want to practise. If someone wants to skip reading a comment written in English, let them be. There is nothing wrong with it but they will only regret it when they have to read a reference book. But that is their choice.

    I believe you obviously know that in a globalization age, if you don't speak English, you can't go higher in life even in a country like Burma. You and I know very well the standard of English in Burma today. Look around the Burmese students today. Even a university graduate can't speak or write English properly, much less the high school graduates after taking a subject called "English" since kindergarten.

    I think you should go out of your own world and explore the outside world more. Every developed country today has mandated all their young to take up at least a second foreign language other than their mother tongue in schools.

    You can't just equate speaking Burmese to patriotism or nationalistic attitude or whatever. Remember Burma is not a superpower economically or otherwise. The ugly truth is once you step out of Burma, you are as good as useless if you can't communicate with people in English. You will be looked down upon. Just ask around those who have been to overseas. Ever seen a hapless Burmese face in an overseas airport because he/she couldn't even make out what was being said by someone?

    The least you can do is that you shouldn't try to discourage Burmese from using English at all narrow-mindedly.

  1. NayZinLatt said... :

    have to say even the president of Burma will not get the same standard of care received by poorest people in Australia. The poorest people in Australia have no job. They live on government money.

    Thanks for sharing to ' mo ' Jan 22.

    Mr. President ( U Thein Sein )

    Do you know that, we hope, but if you don't, your pacemaker has to be checked every year with manufacturing company?

    It has to be checked every year for its efficiency and battery action as well. That is called' evaluation'
    Evaluation is essential everywhere.
    In your case, it is for your health. To make your heart beat in normal pace and adequate blood supply to be pumped for good oxygen supply to your vital organs. ( brain, heart , liver and kidneys )

    Like wise, All Evaluation measures are necessary for every sectors in our country.

    1 .Health service
    ^ Hygience
    ^ Public safety
    ^ Vaccination
    ^Preventive Health
    ^Population Health
    * Allocation of adequate health service - adequate well trained staff, equipments, medicine, transport etc

    2. social welfare
    * Employment
    * Equal Employment Opportunity
    * Safe working environment
    * Security of general public

    * Public transport ( Reliability, accountability, safety, regular service around the country )

    3. Law enforcement
    * Anti-corruption campaign
    * Public ombudsman - complaint centre. that has to be funded by Government revenue . but independent of government control

    Physical Security

    * Policing
    * Defence ( Border security, Water Security, Air Security )
    * Fairness within Military force from top to bottom
    * Proper appropriate recruitment and training

    4. Man Power and Immigration

    * Identity cards ( no bribes, No smugglers, No illegal entrants )
    * Train to trainers the new recruits

    5. Ethinic Affairs.

    * Equal opportunity to all residents in Myanmar in accordance with skills
    * Anti-race discrimination
    *Anti-age discrimination
    * Ant-sex discrimination

    all needs money and honesty and free of corruption.

    and do not use religion and social activity as ' tool to disguise'. You can do it . but don't do ' Ku Tho Ta Bae, Nga Yae TaBate Thar ' .

    Now, let me ask you . Your military government had ' sucked all the bloods and Ah Si Ah Hnit of country and people blood, sweat and tears. and now going to disguise your ' old criminal activity ' by now doing ' some kind of charity activity ' .. like I just heard ' Mya Yeik Nyo Education Foundation to be headed by Bo K N ' .

    We ( I ) truly doubts that Myanmar can cope with all those requirements for its own people and country . I am not underestimating.

    Unless . all crony confessed and conceded and pay out their debt to their country.

    Need money, finance first. Then Honesty and cooperation and cooperation . it has to be sustained for long.

    Can they do it? Can we do it?

    Well - we like to be optimistic, but based on what they have done and whay they have just demonstrated and what they are still doing. .......it is hard to accept and still in doubt.

    With doubt, nothing will be achieved.
    And doubt can never be abolished without good guarantee and warranty. How can it be compensated?
    don't just talk about ' Forget and Forgive ' rubbish words without knowing the extent and abusing Buddhism.
    .....to be continued at some time.

    Think over it for the time being the issues what I have just raised.

    Sweat at me. Attack me, if you like. But DO THE RIGHT THING .
    DON"T DO THE WRONG THING.

    There are a lot of Grey Zones in deciding ' RIGHT -white and WRONG -black '.

    But it is obvious to see ' it is darker shade of grey OR white shade of grey ' ........clear ' Black and White ' .
    some of the events and episodes are Crystal clear that They are totally wrong and TO BE COMPENSATED one way or another.

    Sufferers remember. The Attackers forget.

    How do I call myself this time - again ?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved