"နိုင်ငံရေး မလုပ်တော့ဘူး"

Thursday, January 19, 2012



မရမ်းကုန်းမြို့နယ်ရှိနေအိမ်တွင် တွေ့ရသော ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်။ ဓာတ်ပုံ-ကောင်းထက်

မြန်မာတိုင်းမ် မှာ ဖော်ပြထားတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်နှင့် အထူးတွေ့ဆုံမေးမြန်းခြင်း


"တိုင်းပြည်တိုးတက်ဖို့ ပြည်တွင်းအင်အားရော ပြည်ပအင်အားပါ လိုအပ်ပါတယ်"

တပ်မတော်အစိုးရလက်ထက် ၀န်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် ဇန်န၀ါရီလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်မြောက်လာသူ ၆၅၁ ဦးတွင် ပါဝင်ခဲ့သည်။ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလမှစတင်ခါ နေအိမ် အကျယ်ချုပ်ဖြင့် ခုနစ်နှစ်ကျော် နေထိုင်ခဲ့ရသူ တပ်မတော်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်အား ဇန်န၀ါရီလ ၁၇ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် န၀ဒေးလမ်းရှိ ၎င်း၏နေအိမ်တွင် မြန်မာတိုင်း(မ်) သတင်းအဖွဲ့က သီးသန့်တွေ့ဆုံ မေးမြန်းခဲ့သည်။



* ဒီမိုကရေစီရဲ့ လမ်းပြမြေပုံဆိုတဲ့ Road Map ကို အကောင်အထည် ဖော်ခဲ့တဲ့အပေါ်မှာ ဘယ်အတိုင်း အတာအထိ ကျေနပ်မှုရှိပါသလဲ။

အခုကတော့ Seven Stepsက ပြီးမြောက်သွားပြီလေ။ ပြီးမြောက်သွားပြီ ဆိုတော့ အောင်မြင်တယ်လို့ပဲ ယုံကြည်တယ်။ အောင်မြင်သွားပြီပေါ့။

* Road Map ကို အကောင်အထည် ဖော်ပြီးတဲ့နောက်မှာ ပြုပြင်ပြောင်း လဲမှုတွေက ဆက်တိုက်ဖြစ်လာတယ်။ အခုလို ခပ်မြန်မြန်နဲ့ ပြုပြင် ပြောင်းလဲမှုတွေဖြစ်လာတာ ဘာကြောင့်လို့ ထင်ပါသလဲ။

အကောင်အထည်ဖော်တဲ့ ပုဂ္ဂိုလ်တွေပေါ်မှာမူတည်ပါတယ်။ မြန်မြန် ဆန်ဆန်အကောင်အထည်ဖော်ရင် မြန်မြန် ဆန်ဆန်အကောင်အထည် ပေါ်တာပဲပေါ့။ ဘေးကပံ့ပိုးမှုလိုတယ်။ ပြည်သူတွေရဲ့နားလည်မှု လိုတယ်။ အဓိကကတော့ ဦးဆောင်ဦးရွက်ပြုတဲ့ နိုင်ငံတော်အစိုးရပါ။ အစိုးရရဲ့လုပ်ကိုင် ဆောင်ရွက်မှုပေါ်မှာမူတည်ပြီး အောင်မြင်တယ်ဆို တဲ့အနေအထားမျိုးရှိတာပေါ့လေ။

* အစိုးရသစ်တက်တဲ့ ကိုးလကျော် ၁၀ လကာလမှာ ပြုပြင်ပြောင်းလဲမှုတွေက အရှိန်အဟုန်ကောင်းကောင်းနဲ့ ဖြစ်လာနေတယ်။ အဲဒါတွေက နောက်ကြောင်းပြန်လှည့်သွားနိုင်ပါသလား။

ထင်တယ်လေ။ သမ္မတကြီးကိုယ်တိုင်ကပြောတယ်။ နောက်ပြန်လှည့်ဖို့ မရှိပါဘူးလို့ ပြောတယ်နော်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကလည်း နောက် ပြန်လှည့်စရာ အကြောင်းမရှိတော့ဘူး ပြောတယ်။ သိပ်ခိုင်မာနေပြီပဲ။

* အရင်က တပ်မတော်ခေါင်းဆောင် တစ်ယောက်အနေနဲ့ အောင်မြင်ခဲ့တယ်။ ကျော်စောထင်ရှားခဲ့တယ်ပေါ့။ အခုလက်ရှိနိုင်ငံရေး အခင်းအကျင်းမှာရော အံဝင်ခွင်ကျဖြစ်နိုင်မယ်လို့ ထင်ပါသလား။

ခုနစ်နှစ်တာကာလ အိမ်ထဲမှာပဲနေတော့ အပြင်လောကနဲ့ ပတ်သက်ပြီး အဆက်ပြတ်တယ်လေ။ အပြင်လောက အခြေအနေကို မီဒီယာကနေတစ်ဆင့်တော့ မြင်ရတွေ့ရ ကြားရတာပေါ့။ အခု နိုင်ငံရေးကို သိပ်ပြီးလေ့လာမှုလည်း မရှိသေးဘူး။ နိုင်ငံရေးလုပ်ဖို့ လည်း ကြံရွယ်ချက်မရှိသေးဘူးကွယ်။ အပြင်လောကနဲ့ အဆက်ပြတ်နေတော့ ဘာလုပ်ရမှန်းမသိဘူး။ လုပ်ဖို့ဥစ္စာကတော့ အဘ ဘာသာရေးလုပ်နေတယ်။ လူမှုရေးတွေလုပ်မယ်။ နောက်တိုင်းပြည် အေးချမ်းမှုအတွက်ကို တတ်နိုင်သမျှ ပုဂ္ဂလိကစွမ်းဆောင်မှုနဲ့ပဲ စွမ်းဆောင်မယ်။ ပုဂ္ဂလိကနော်။ ပုဂ္ဂလိကစွမ်းဆောင်မှုနဲ့ပဲ တိုင်းပြည်သာယာရေး၊ တိုးတက်ရေးကို စွမ်းဆောင်နိုင်သမျှ စွမ်းဆောင် မယ်လို့ပဲ စိတ်ထဲမှာ ကြံရွယ်ထားပါတယ်။ ဘယ်တော့အကောင်အထည်ပေါ်မယ်ဆိုတာတော့ မသိဘူးပေါ့။

* လက်ရှိအစိုးရကသော်လည်းကောင်း၊ တစ်စုံတစ်ယောက်ကသော်လည်းကောင်း နိုင်ငံရေးနဲ့ ပတ်သက်ပြီး လာရောက်တွေ့ဆုံပြီး အကြံဉာဏ် တောင်းတာမျိုး၊ အကူအညီတောင်း တာမျိုးရှိလား။ တကယ်လို့တောင်း လာမယ်ဆိုရင်ရော ဘယ်လိုတုံ့ပြန် ဖို့ရှိပါသလဲ။

အခုထိတော့ အကြံဉာဏ်တောင်းတာတွေမရှိပါဘူး။ နိုင်ငံရေးမလုပ်တော့ဘူးလို့ပဲ ဒီလိုပဲ စိတ်ထဲမှာ ပိုင်းဖြတ်ထားတယ်လေ။ တိုင်းပြည်အတွက် ကောင်းရာကောင်းကျိုးအတွက်ပေါ့လေ။ ပြည်သူတွေအတွက် အကျိုးဖြစ်ထွန်းမှု၊ တိုင်းပြည်အတွက် အကျိုး ဖြစ်ထွန်းမှု၊ နောက်တစ်ခါ ငြိမ်းချမ်းရေးပေါ့။ တည်ငြိမ်အေးချမ်းရေးအတွက် အကျိုးဖြစ်ထွန်းမှုတွေအတွက်ကို ရည်ရွယ်ပြီးတော့ လာပြီး အကြံဉာဏ်တောင်းရင်တော့ အဘရဲ့ အတွေ့အကြုံပေါ် မူတည်ပြီးတော့ ကောင်းတဲ့အကြံဉာဏ်တွေပေးမှာပါ။

* အခုလက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ ကြားမှာ ငြိမ်းချမ်းရေးအတွက် စကား ပြောနေတာတွေ ရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

သိပ်ကောင်းတာပေါ့။ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကို အဘစပြီး အကောင်အထည်ဖော်ခဲ့တာပါ။ တကယ်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ လက်နက်မကိုင်တဲ့တိုင်းရင်းသားတွေရော သူတို့ရဲ့ပင်ကို စရိုက်က အင်မတန်ရိုးသားပါတယ်။ သူတို့နဲ့ အကြာကြီးပဲ အဘဆက်ဆံခဲ့တာ။ အခု တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်နေတယ် ဆိုတာ အင်မတန် ကောင်းပါတယ်။ အောင်လည်းအောင် မြင်စေချင်တယ်။ အောင်မြင်ပါစေလို့လည်း အဘဆုတောင်းတယ်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းတွေရော တိုင်းရင်းသားတွေရော၊ အားလုံးညီညွတ်မှ၊ စည်းလုံးမှ ပြည်ထောင်စု ကြီးခိုင်မြဲမှာ။ အဲဒါ ကိုတော့ အဘက သိပ်ပြီး စိတ်လည်းဝင်စားတယ်၊ အောင်လည်း အောင်မြင်စေချင်တယ်။ အောင်မြင်ဖို့အတွက်လည်း အဘစိတ်ထဲ မှာ အကြံဉာဏ်တွေပေါ့လေ လိုအပ်တယ်ဆိုလည်း အဘပေးမှာပါ၊

* ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး နဲ့ ဆင်းရဲမှုတိုက်ဖျက်ရေးတွေမှာ ပါဝင်ကူညီမယ်လို့ ဖြေထားတာတွေ့တယ်။ အဲဒီအတွက် အသေးစိတ် စဉ်းစားထားတာများရှိလား။

ပုဂ္ဂလိကအနေနဲ့ပဲ၊ မိသားစုအနေနဲ့ပဲ တတ်နိုင်သမျှကူညီပါမယ်။ အဖွဲ့အစည်းကြီး ထူထောင်ပြီးတော့ ဆောင်ရွက်တာမျိုးတော့ မဟုတ်ပါဘူး။ မိသားစုအနေနဲ့ တစ်နိုင်တစ်ပိုင် ဆောင်ရွက်တဲ့ နေရာမှာ ကျန်တဲ့ စေတနာရှင်တွေကနေ ပူးပေါင်းပါဝင်ပါရစေ ဆိုရင်တော့လည်း ပူးပေါင်းပါဝင်ပြီးတော့မှ ဆောင်ရွက်မယ်လို့လည်း အဲဒီလို စိတ်ကမျှော်မှန်းထားတယ်။ ရည်ရွယ်ထားတယ်။ သားတွေနဲ့တောင် တိုင်ပင်ထားတယ်။ အင်မတန်ကောင်းတဲ့၊ မွန်မြတ်တဲ့ လုပ်ငန်းပါလို့လည်း သားတွေက အကြံပြုပါတယ်။

* အခုလိုလွတ်မြောက်လာဖို့ အာဏာပိုင်တွေနဲ့ ညှိနှိုင်းခဲ့ရတာမျိုး၊ ကတိ တစ်ခုခုပေးရတာမျိုးရှိခဲ့လား။

ဘာမှမရှိပါဘူး။ အဘကတောင် တော်တော်အံ့ဩနေတယ်။ လွှတ်လိုက်ပြီဆိုတဲ့အခါကျတော့ တကယ်အံ့ဩပါတယ်။ အဘထင်တာ ငါ့တပည့်တွေ တချို့တစ်ဝက်လွတ်မယ်။ ငါတော့ မလွတ်သေးဘူး။ ဒီလို စိတ်ထဲကဖြစ်တယ်လေ။ တော်တော်ကို အံ့ဩပြီး ၀မ်းလည်း ၀မ်းသာတယ်။ အဘကို ဒီလို လွှတ်ပေးတဲ့ သမ္မတကြီးပေါ့လေ။ အဘ မမျှော်မှန်းတဲ့ကိစ္စကို သမ္မတကြီးကနေ လွှတ်ပေးလိုက်တဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။

* နေအိမ် အကျယ်ချုပ်ကျခံနေရတဲ့ အချိန်မှာ လုပ်ချင်လျက်နဲ့ လုပ်လို့ မရခဲ့တဲ့အလုပ်များရှိလား။

ဘာမှမရှိပါဘူး။ အဘ အိမ်ထဲမှာ နေရပြီဆိုကတည်းကိုက အဘစိတ် တုံးတုံးချလိုက်တယ်။ ငါဘုရားတရား အလုပ်လုပ်ခွင့်ရပြီ။ နောက်တစ်ခါ စိုက်ရေးပျိုးရေးတွေလည်း ၀ါသနာပါတော့ ကိုယ့်ဘာသာကိုယ်ပဲ တစ်နိုင်တစ်ပိုင်ပေါ့ကွယ်။ သစ်ပင်လေးတွေ မြေ တောင်မြှောက်တာ။ အခုက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကလည်း နိုင်ငံတကာမှာ သိပ်ထွန်းကားနေတယ် မဟုတ်လား။ အားလုံးကလည်း ဒါကို လေ့လာမှုတွေ၊ ပံ့ပိုးမှုတွေ၊ ကူညီမှုတွေလုပ်နေကြတာဆိုတော့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုကိုလည်း အဘက သိပ်ပြီးတော့ ၀ါသနာပါတယ်။ အဘခြံထဲမှာတစ်နိုင်တစ်ပိုင် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်နေတာပါ။

* မိသားစုစားဝတ်နေရေးအတွက် ဘယ်လိုစဉ်းစားထားလဲ။

ညကတောင် တိုင်ပင်ထားတယ်။ မိသားစုတွေထိုင်ပြီးတော့မှ တို့ဘာလုပ် ကြမလဲ။ ကြီးကြီးမားမားတော့ မလုပ်နိုင်ဘူးလေ။ ကိုယ့် စားဝတ်နေရေးပြေလည်အောင် ဒါလုပ်ရမှာပေါ့။ သားတွေရဲ့ လုပ်ငန်းတွေလည်း မရှိဘူး။ အဘမှာလည်း ဘာစီးပွားရေးလုပ်ငန်းမှ မရှိပါဘူး။ စီးပွားရေးပုဂ္ဂိုလ်ကြီးတွေနဲ့ ပေါင်းပြီး ဖက်စပ်လုပ်ထားတဲ့လုပ်ငန်းလည်း မရှိပါဘူး။ ဘယ်မှာမှ ရှယ်ယာဝင်ထားတာလည်း မရှိဘူးလေ။ ဒါကတော့ အဆင်ပြေလာမှာပါ။ သားတွေကလည်း လူငယ်တွေ၊ အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ တစ်ချိန်ကလည်း တိုင်းပြည်အတွက်ကို လုပ်ခဲ့ကြတာပဲဆိုတော့ သားတွေနဲ့တိုင်ပင်ပြီးတော့မှ လုပ်ရမှာပေါ့။ အဆင်ပြေလိမ့်မယ်လို့ပဲ မျှော်လင့်တာပေါ့။

* ပြောစရာရှိတာတွေကို မီဒီယာကနေ တစ်ဆင့်ဆက်သွယ်ပြီး ပြောသွားမယ်ဆိုတော့ မီဒီယာကို ဘယ်လိုဆက်သွယ်သွားဖို့ရှိလဲ။ မီဒီယာရဲ့ အနာဂတ်ကိုရော ဘယ်လို မြင်ပါသလဲ။

ပိုပြီး ပွင့်လင်းလာတာ ပိုကောင်းတာပေါ့။ ပွင့်လင်းမှုကို လိုလားတယ်။ မျှော်လင့်တယ်။ အခုဆက်သွယ်ရေးစနစ်က အရမ်းကောင်း နေပြီ။ ဖုန်းလေးတစ်ချက် ဆက်ပြီး ကျွန်တော်ဘာပြောချင်တယ်၊ လာပါဦးဆို ချက်ချင်းပေါက်ချလာမယ် မဟုတ်လား။

* ယုံကြည်ချက်ကြောင့်အကျဉ်းကျနေတဲ့အကျဉ်းသားတွေနဲ့ အဘတို့ကိုလွှတ်ပေးပြီးတဲ့အခါမှာ အမေရိကန်နိုင်ငံက သံတမန် အဆင့်ကို မြှင့်လိုက်ပါတယ်။ကျန်တဲ့ အာဆီယံကလည်း စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ဆိုပြီး အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ ကိုတောင်းဆိုနေပါတယ်။ အဲဒီအချိန်မှာ နိုင်ငံတကာအသိုင်းအ၀ိုင်းကို အဘ Message တစ်ခုခုလောက် ပေးပေး ပါဦး။

တိုင်းပြည်တိုးတက်ဖို့ဆိုတာ ပြည်တွင်းအင်အားရော ပြည်ပအင်အားရောလိုအပ်ပါတယ်။ ပြည်တွင်းအင်အားပဲရှိပြီး ပြည်ပ အင်အား မရရင် ဘယ်လို မှမတိုးတက်နိုင်ဘူး။ အခုတော့လည်း ပြည်ပအင်အားတွေက တဖြည်းဖြည်းနဲ့ ၀င်လာပြီပေါ့လေ။ သူတို့ ကလည်း အချိန်အခါနဲ့ အခြေအနေကြည့်ပြီးတော့မှ တဖြည်းဖြည်းနဲ့ တစ်လှမ်းချင်း တစ်လှမ်းချင်းဝင်လာတာပေါ့။ တစ်လှမ်းလှမ်း လိုက်၊ တိုးတက်မှုမြင်ရင် နောက်တစ် လှမ်းလှမ်းလိုက်။ နောက်တိုးတက်မှု မြင်ရင် နောက်တစ်လှမ်းလှမ်းလိုက်။ အခု တိုးတက်မှုလေး တွေ မြင်မြင်လာတော့ လှမ်းလာကြတာတွေ့ရပါတယ်။ အမေရိကန်က အရင်တုန်းက၊ ကျွန်တော်တို့ရှိတုန်းကဆိုရင် သံတမန်အဆင့် ကိုချလိုက်တာပေါ့။ အခုသံတမန်ထားမယ်ဆိုတော့ သိပ်ကောင်းတာပေါ့ဗျာ။ သိပ်ကောင်းတာပေါ့။ နောက်အာဆီယံကလည်း အခု ဆိုရင် မြန်မာနိုင်ငံဘက်က ရပ်တည်ပေးနေတယ်လေ။ မြန်မာနိုင်ငံကလည်း အာဆီယံဥက္ကဋ္ဌရပြီလေ။ မြန်မာနိုင်ငံရဲ့ Image က တော်တော်လေးကောင်းနေပါပြီ။ ဒါကြောင့်မို့လို့ အခုပံ့ပိုးတဲ့ အမေရိကန်နိုင်ငံရော၊ နောက်လည်းလာဦးမယ့် အီးယူနိုင်ငံတွေရော၊ အာဆီယံနိုင်ငံတွေရော အခုလို မြန်မာနိုင်ငံကို တိုးတက်ဖွံ့ဖြိုးလာအောင် ကိုယ်ချင်းစာစိတ်နဲ့ပေါ့လေ။ မြန်မာနိုင်ငံသူနိုင်ငံသားတွေ အတွက် စားဝတ်နေရေးကအစ အဆင့်မြင့်လာအောင် အခုလိုပံ့ပိုးကူညီမှုတွေပေးမယ်လို့ ဆောင်ရွက်နေတာတွေ နောက်တစ် ဆင့်တိုးပြီးပေးလာပါလို့ တောင်းဆိုချင်ပါတယ်။

* စီးပွားရေးပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂက မရုပ်သိမ်းရသေးဘူး။ ဩစတြေးလျကတော့ ရုပ်လိုက်ပြီ။ အဲဒါနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးပါဦး။

Sanction လုပ်ထားတဲ့အတွက် ကျွန်တော်တို့ တိုင်းပြည်သိပ်နစ်နာတာပေါ့ဗျာ။ တိုင်းပြည်နစ်နာတယ်ဆိုတာ ပြည်သူတွေ နစ်နာတာ ပဲလေ။ Sanction က မြန်မြန်ရုပ်သိမ်းလေ ပြည်သူအတွက် ပိုပြီးတော့ အခွင့်အလမ်းတွေ ဖြစ်ထွန်းလေပဲ။ Sanction လုပ်ထားတဲ့ အတွက် စီးပွားရေးလုပ်ငန်းလုပ်တဲ့သူတွေလည်း အကန့်အသတ်နဲ့လုပ်ထားရတာ။ ကျွန်တော်တို့နိုင်ငံအတွက် အရေးအကြီးဆုံး Challenge က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပဲ။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး အားလုံးတစ်ပြေးညီ ဖြစ်ထွန်းပြီးတော့မှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဖြစ်ထွန်းမှာက နံပါတ်(၁)ပါ။ နံပါတ်(၂)က စီးပွားရေး။ စီးပွားရေးကောင်းမှ ပြည်သူတွေရဲ့ဘ၀ ဖူလုံမှာပေါ့။ ပြည်သူတွေရဲ့ဘ၀ မြင့်မားမှာပေါ့။ စီးပွားရေးမှာ ကျွန်တော်တို့ မြန်မာနိုင်ငံက သိပ်မကောင်းဘူး။ အဲဒီ နှစ်ခုကောင်းပြီ ဆိုရင် တိုင်းပြည် တိုးတက်ပြီပဲ။

7 comments :

  1. (
    ကဗျာကို ဖတ်ရန် ခေါင်းစဉ်ကို နှိပ်ပါ။ )


    ဦးခင်ညွန့် အကြောင်း ကွက်ကွက်ကွင်းကွင်း ရေးထားလို့ ခုတလော အင်တာနက်နဲ့ ဖေ့စ်ဘွတ် မှာ ရေပန်းစားနေတဲ့ ကဗျာ

  1. Bird's Eye Viewer said... :

    Don't ask any questions before following;


    1. How do you find yourself in relationship to that you have been arrested like this ? Do you think it is unfair?

    If So .......then ask ' why do u think it unfair ? '

    If Not .......then ask ' why do u say so ?

    2.Although the same question, . Can u tell me a bit about ' Lack of subordination ' that the Than Shwe Governmeent accused to you ?

    3. Tell me about ' Corruption ' ?

    4. Why do u think your the whole Military Intelligence Group had been cancelled and most of them sent to jail ?

    Do you like it happen ? Why Not ? and

    Try to get into more questions if he say ' Kan Kan Eet Ah Kyo .. '

    Don't let him avoid to answer the questions.

    REporters and Journalists. .. This is the questions to ask time.

    You , young journalist ask Htet Htet Moe Ooo.......about her personal affair....? Remember?

    that is the best time and appropriate time to ASK This ' Trouble maker '

    Be brave. Are you all guys afraid of this guy ? Do you still have some ' residual fear ' of such Ghost Military Intelligence.

    You , guys ask yourself ......show you confidence. Ask him with ' good senior experienced ' reporter like ' Bertil Litner ;' the one who asked him before in Yangon 1989. And Khin Nyunt disliked him and ' goss' about him on the following day . Those are all evidenced in Myanmar TV . Ask Bertil Litner to ask him again . OR similar senior reporters. Remunerate him for interview ...Let's say .......300000 - 500000 kyats etc or may be more.

    than ask him. Interview him.

    Thanks .

  1. Anonymous said... :

    နိုင်ငံရေးမလုပ်ဘူးဆိုပြီး
    လူမှု့ရေးယောင်ယောင် တိုင်းရင်းသားအရေးယောင်ယောင်တော့
    လာမလုပ်မောင် အကောင်းဆုံးက လုပ်ခဲ့တဲ့ အကုသိုလ်တွေအတွက်
    အသေဖြောင့်အောင် လေ့ကျင့်ထားပေါ့
    မသေခင်လည်း ခံစရာရှိတာ ခံရအုံးမပေါ့ကွာ

  1. THILAWA said... :

    နိုင်ငံရေး မလုပ်ဘူးဆိုရင် LOW PROFILE နဲ့ နေပါလား။ ဘာလို့ ခဏခဏ မျက်နှာပြနေရတာလဲ? မြေကြီးကိုလက်နဲ့ ပုတ်လို့ လွဲရင် လွဲသွားမယ် ဒီလိုလူမျိုး နိုင်ငံရေး မလုပ်ဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။
    လောလောဆယ်တော့ နိုင်ငံရေး မလုပ်ဘူးပဲ ပြောရမှာပေါ့။ နို်င်ငံရေ လုပ်ပါမယ် လို့ မှ ပြောလို့ မရသေးတာ။ ဘာသာရေးတွေ လုပ်ပြ ပြည်သူချစ်တဲ့ ဇာဂနာတို့ လို့  ၈၈ ကျောင်းသားတွေလို လူတွေနဲ့ တွဲတွဲပြီး ခဏခဏ မျက်နှာပြ၊ လူတွေ မြင်နေကျသွားပြီဆိုရင် (မြင်ဖန်များတော့ ငယ်)၊ အသားကျပြီး မေ့လောက်ပြီဆိုရင် နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ... ဆိုပြီး နိုင်ငံရေး စင်မြင့်ပေါ်ကို အမျိုးသားနိုင်ငံရေးဆိုပြီး VIP နေရာကနေဝင်... နောက်ဆုံး ပေါ်ပြူလာ vote တွေနဲ့  လွှတ်တော်ဝင်....အင်း..... အဲးဒီလိုပဲသွားမှာပဲ.....

  1. Anonymous said... :

    Be cautious of him. He is such a cunning man. DON'T believe what he say. He is now trying to make people believe in him.

  1. Anonymous said... :

    ခင်ညွန့်ကိုချည်းမပြောကြပါနဲ့။ကဒါဖီ၏အထုပတိ ကိုဖတ်နေတဲ့ ဟိုလူကြီးကိုလည်းသတိရကြပါဦး။

  1. Anonymous said... :

    အဲ့လိုမပြောရဘူးလေ သူ့ဟာသူဘာလုပ်လုပ်နဲ့ ယူတို့နဲ့ မဆိုင်ဘူးလေ အရာရာကို အကောင်းမြင် ယူတို့လိုလူမျိုးတွေရှိနေလို့ တိုင်းပြည်က မတိုးတက်တာ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved