လစာတွေ တိုးပေးဖို့ လွှတ်တော်ထဲ ပြောပြီ

Wednesday, February 8, 2012

လစာတိုးပေးပါ တဲ့။ ဦးရွှေမန်းက ပြောနေတာပါ။
ဒီအကြောင်း ဧရာဝတီ ပင်မ စာမျက်နှာ သတင်းတို တပုဒ်မှာ အခုလို ဖော်ပြထားပါတယ်။

"၂၀၁၃ တွင် အစိုးရဝန်ထမ်းများ လစာတိုးရန် ဦးရွှေမန်း အကြုံပြု

အစိုးရဝန်ထမ်းများ၏ လုပ်ခလစာသည် ခေတ်နှင့် လိုက်လျောညီထွေ မရှိကြောင်း၊ အခြေခံ စားဝတ်နေရေးအတွက် မလုံလောက်ကြောင်း၊ ထို့ကြောင့် ၂၀၁၃ ခုနှစ်တွင် လစာများတိုးပေးသင့်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ယမန်နေ့က လွှတ်တော်တွင် ပြောကြားသွားသည်။ လုပ်ခလစာ မလုံလောက်၍ လာဘ်ပေးလာဘ်ယူမှုများ ပေါ်ပေါက်နေကြောင်းလည်း ဝန်ခံပြောဆိုသွားသည်။
"


ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာလည်း ဟောဒီလို ရေးပါတယ်။


5 comments :

  1. Tomahawk said... :

    Hey shwe man & thein sein,
    To give pay raise to all gov't employee is not a good solution. This will cause more inflations and unstable for all business.
    why do you want to make stupid short term solution?
    The thing you should do is " creating a lot of jobs for oridinary citizens, OK?
    Not for your " cronies".

  1. myo said... :

    supose to upgrad facilities and subsidies to the gov: staffs.and also to provide general supports for their families such as Education, Health and othe social affairs. Increasing of the salaries may may reflect to inflations.

  1. Anonymous said... :

    ပထမတော့ လုပ်ခလစာ မလုံလောက်လို့ လာတ်စားတာပါ၊ ဒါက လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော် ဗိုလ်နေ၀င်းလက်ထက်က စတာပါ၊ မစားလောက်လို့ လာတ်စားတဲ့ကာလကို လွန်လာတော့ ၀တ်ဘို့ပေါ့၊ နောက်တော့ နေဘို့ပေါ့၊ နေဘို့ရလာပြန်တော့ ကားစီးဘို့ပေါ့၊ နောက်တော့ စိန်တွေ ရွှေ့တွေဝယ်ဘို့ပေါ့၊ နောက်တော့ သားသမီးတွေကောင်းစားဘို့ နောက်ရေးပေါ့၊ နောက်တော့ မြေးတွေအတွက်ပေါ့၊ ဒီလိုနဲ့ လာတ်စားခြင်းအရစသာကိုသိသွားပြီး လာတ်စားကြတာပါ၊ လစာက ဘယ်လောက်များ တိုးပေးမှာလဲ သူတို့စားနေတဲ့လာတ်မျိုး ပြည့်စုံအောင်ပေးနိုင်မှာလား၊ လူတယောက် နိုင်ငံတနိုင်ငံ ဆင်းရဲသွားတာကို နေ့ချင်းညချင်း ချမ်းသာလာအောင် လုပ်လို့ရရင် ရမယ်၊ အကျင့်ပျက်တာကိုတော့ ဆယ်စုနှစ်ပေါင်းများစွာ ပြုပြင်ယူရမှာပါ၊ အဓိက ကတော့ ခေါင်းဆောင်တွေကိုယ်တိုင်က အကျင့်သီလပြည့်စုံဘို့နဲ့ စံပြုလောက်တဲ့ ခေါင်းဆောင် စံပြုလောက်တဲ့ ပါတီ၊ ပြည်သူက ကြည်ညိုလေးစားချစ်ခင်တဲ့ ခေါင်းဆောင်ဖြစ်ဘို့လိုပါတယ်၊ ဒါမှ လေးစားလိုက်နာပြီး အကျင့်ပျက်ကိုပြင်မှာပါ၊ အခုလို ခေါင်မိုးမလုံတဲ့ ခေါင်းဆောင်မျိုးနဲ့တော့ အကျင့်ပျက် ခြစားမှုကို မပြုပြင်နိုင်ပါဘူး၊ လစာတိုးပေးရင် လာတ်စားမှု ပပျောက်သွားမယ်ဆိုတာ အလွန်အင်မတန်မှ ရီစရာကောင်းတဲ့ ပျက်လုံးတခုလိုပါဘဲ၊ ဘာကိုရည်ရွယ်တယ်ဆိုဒါလဲ တိတိကျကျသိချင်ပါတယ်၊ မက်လုံးတခုများလားဗျာ၊ မမက်လိုက်ကြပါနဲ့၊ လစာတိုးရင် ကုန်ဈေးနှုံးတိုးလာတာဘဲ အဖတ်တင်တယ်ဆိုတာလဲ၊ အားလုံးသိပြီးသားပါ၊ တိုင်းပြည်ကို ဒီလိုဆေးမြီးတို မျိုးနဲ့ကုဘို့မကြိုးစားပါနဲ့၊ တရေးနိုးအကြံတွေ တော်သင့်ပြီ၊ စုန်းကိုးနတ်ကိုး ဘိုးတော်ကိုး၊ ရတြာအားကိုးတွေတော်သင့်ပြီ၊ လက်တွေ့ မျက်တွေ့ တည်ဆောက်ကြဘို့ လိုနေပါပြီ၊

  1. MinAhPhay said... :

    February 9, 2012 6:38 AM
    Anonymous ...

    to above entry .

    ....

    thank you .

    AS mentioned above.

    As stated beforehand.

    As expressed afore-hand.

    Thank you.

    AhHtet-Twin PhawPya Htar Deth AhTine Par Bae.

  1. ကိုလူအေး said... :

    တော်တော်တရားကျဖို့ကောင်းတဲ့လူတွေဗျာ....
    လုပ်ခလစာနည်းတယ်ဆိုတာအားလုံးအသိပဲလေ...
    ဒါကိုအမြန်ဆုံးကုန်ဈေးနှုန်းကိုထိမ်းသိမ်းပြီပြင်ဆင်မဲ့
    အစိုးရရဲ့ကြိုးစားအားထုတ်မှုကိုကြိုးဆိုရမှာပဲ.......
    အစိုးရအမှားလုပ်ရင်လည်းမကောင်းတာပြော....
    အစိုးရကောင်းတာလုပ်လဲဘေးကမကောင်းပြော.....
    သေချာတာကတော့ခင်ဗျားတို့အတိုက်ခံတွေဘေးက
    မကောင်းတာပြောတာပဲလုပ်တတ်တယ်ဆိုတာမြင်သာတယ်။(နာမည်နဲ့လိုက်အောင်အတိုက်အခံလုပ်ဖို့ပဲသိတယ်)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved