တပ်ရင်းမှူးရောင်းတဲ့ ရုပ်သံဖမ်းစက်

Wednesday, February 29, 2012


လားရှိုးမြို့၊ အမှတ်(၆၂၆)။ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းမှ တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီး မောင်မောင်သက်သည် မြ၀တီ ရုပ်သံဖမ်းစက်များကို မူရင်းဈေးနှုန်းထက် အဆမတန်တင်လျက် တပ်တွင်းရှိ စစ်သည်မိသားစုတိုင်း မ၀ယ်မနေရ စနစ်ဖြင့် ရောင်းချလျက်ရှိပါသည်။

မူရင်းဈေးနှုန်းမှာ (၂၇၀၀၀ိ/-)ကျပ် ၀န်းကျင်ခန့်သာ ရှိသော်လည်း ထိုတပ်ရင်းမှူးက တစ်လုံးလျှင် (၃၉၀၀၀ိ/-)ကျပ်အထိ ဈေးတင်ပြီး အမိန့်နှင့် ရောင်းစားလျက်ရှိသည်ဟု သိရသည်။

မ၀ယ်မနေရ အမိန့်ကို မနေ့(၂၆.၂.၂၀၁၂)က တပ်တွင်း၌ပြုလုပ်သော အစည်းအဝေးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး၊ ထုတ်ပြန်ထားသည့်အမိန့်အတိုင်း မလိုက်နာ(မ၀ယ်)ပါက စစ်သည် အိမ်ထောင်သည် မိသားစုများထံမှ ရုပ်မြင်သံကြား(Television)များကို သိမ်းယူမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။

ဝယ်ယူခြင်းအတွက် အခကြေးငွေကို စစ်သည်များအား ပေးရမည့် နိုင်ငံတော် လစာငွေများထဲမှ နှုတ်ယူသွားမည်ဟု ဆိုပါသည်။ ဤသို့ လစာဖြက်တောက်ခြင်းမှာ ယခုတစ်ကြိမ်တွင်သာမဟုတ်ဘဲ ယခင်အချိန်များတွင်လည်း သာရေး၊ နာရေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး လူမှုရေးကိစ္စအ၀၀တို့ကို ခေါင်းစဉ်တပ်ပြီး အကြိမ်ကြိမ် ဖျက်တောင်ခဲ့ခြင်းကြောင့် တပ်တွင်းမှ စစ်သည်၊ ရဲမေများမှာ မကျေမနပ် ဖြစ်နေကြပါသည်။

တပ်ရင်းမှူး၏ လုပ်ရပ်များအား အရေးယူတားမြစ်ပေးနိုင်ပါရန် နိုင်ငံတော် သမ္မတကြီးနှင့် သက်ဆိုင်ရာ လူကြီးမင်းများထံ တင်ပြလိုပါသည်။ သို့သော် မည်သို့ မည်ပုံတင်ပြရမည်ကို မသိရှိပါသဖြင့် ဧရာဝတီ သတင်းဌာနမှ လူကြီးမင်းများထံမှ တဆင့် တင်ပြပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်သည် ။

စစ်သည်တစ်ဦး
အမှတ်(၆၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း၊
လားရှိုးမြို့။
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၇)ရက်

1 comments :

  1. ကျွန်တော်တို့ အတန်းထဲက တပ်ရင်းမှူး သမီးကတော့ ရေရေ လည်လည် ရေရှံတယ်ဗျာ။ ကျောင်းမှာ ဘယ်သူမှ မကိုင်တဲ့ handphone မျိုး သူမှာရှိတယ်။ အင်္ကျီ၊ ဖိနပ်၊ အိပ်လှလှတွေ အကုန်သူ့မှာ ရှိတယ်။ စာမေးပွဲ မေးခွန်းလည်း သူ့မှာရှိတယ်၊ ဘာလိုသေးလည်း။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved