ဦးဂမ္ဘီရကို အရေးယူမယ် တဲ့

Sunday, February 19, 2012


ဦးဂမ္ဘီရကို အရေးယူမယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးထားပါတယ်။

ရဟန်းနဲ့မအပ်စပ်တဲ့ နိုင်ငံရေးမှိုင်းမိပြီး ထင်ရာစိုင်းနေတယ် လို့ ရေးသားထားပြီး ဦးဂမ္ဘီရကို ဥပဒေများနဲ့အညီ "ထိထိရောက်ရောက်" အရေးယူမယ် လို့ သတင်းမှာ ဆိုထားပါတယ်။

ဦးဂမ္ဘီရက မဟန အဖွဲ့ကို လျှောက်ထားချက်များနဲ့ ပတ်သက်ပြီးတော့လည်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ-

ဦးဂမ္ဘီရ အပါအ၀င် သံဃာ ၅ ပါး မဟန ဆင့်ခေါ်



ချိတ်ပိတ်ခံရသည့် ဘုန်းကြီးကျောင်း နှစ်ကျောင်း ပြန်ဖွင့်ခွင့်ရ




62 comments :

  1. Anonymous said... :

    မဟန အစိုးရလက်ကိုင် ဒုတ်ဖြစ်သွားပြီလား????

  1. Anonymous said... :

    အရေးယူသင့်ပါတယ်။ တကယ်ပါ နိုင်ငံအကျိုးကိုထိထိရောက်ရောက် ရွက်ဆောင်ချင်တယ်ဆိုရင်တော့ သင်္ကန်းကိုမချူံစေချင်ပါ၊၊ ဘာသာရေးနှင့်နိုင်ငံရေးသည် ပြဒါးတစ်လမ်းသံတစ်လမ်းတည်းသာ...၊ ရဟန်းတစ်ပါး၏ ဦးတည်ချက်သည် သံသရာမှလွတ်ရာကိုသာ ဆောင်ရွက်သင့်သည်ဟုထင်ပါသည်။

  1. Anonymous said... :

    ဘယ်သူ့အမိန့်ဆိုတာ လူတိုင်းသိနေတာမို့ ဘာမှ ပြောစရာမရှိပါ။ဒါပေမဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် တကယ်ရှိတယ်ဆိုရင် ဦးဂမ္ဘီရဘက်ကဖြေရှင်းချက်ကို သတင်းစာထဲမှာ ထည့်ခွင့်ပြူမလားလို့သာ မေးလိုက်ချင်ပါတယ် သန့်ရှင်းသောအစိုးရခင်ဗျာ။

  1. ယူပါစေပေါ့ကွာ။ ဒါများအရေးလုပ်လို့ 

  1. Anonymous said... :

    အမြင်လေးပေါ့နော်..
    လုပ်ပါဒီလိုအချိန်မှာ နိုင်ငံရေးလုပ်ပါ..ဘာပဲဖြစ်ဖြစ် အခွင့်ရေးလို့ပဲသဘောထားထား၊နာမည် ကြီးချင်လိုပဲဖြစ်ဖြစ်၊တကယ်ကို ခံယူချက်ကြောင့်ဖြစ်ဖြစ် ရဟန်းဝတ်နဲ့တော့မလုပ်ကြပါနဲ့ဗျာ..မြင်လည်းမကောင်းဘူး..လွတ်လည်းမလွတ်လပ်ဘူး တကယ်တွေးကြည့်ရင် သင်္ကန်းကို ကာဗာလုပ်ပြီးတော့ နိုင်ငံရေးလုပ်နေတာလို့ထင်တယ် လုပ်ချင်ရင် လူထွက် လူထွက်ပြန်တော့ အပြင်မှာ နိုင်ငံရေးမပြောနဲ့ စားရေးသောက်ရေးနဲ့တင် လုံးလည်လိုက်နေတာ အဲဒါကို သိတာပေါ့ ဒါကြောင့် မထွက်ဘဲ ယောင်ယောင်လုပ်နေတာလို့ထင်တယ် လုပ်ပါ လူထွက်ပေါ့ ခပ်တင်းတင်းလုပ် ဘုန်းကြီးဝတ်နဲ့နေမယ်ဆိုလည်း ဟောတရားဟော..တခြားဘာသာတွေ အယူတွေကိုမပုဒ်ခတ်ဘဲ နဲ့ မိမိတို့ဘာသာအကြောင်းကို ယုံကြည်သက်ဝင်အောင် ပြန့်ပွားအောင် လုပ်ရမယ်..ခုတော့ ဒါကာလာပို့တဲ့ ဆွမ်းကိုစားပြီး နိုင်ငံရေးလုပ်ဖို့ အကြောင်းတွေးနေရင် သေလို့ကတော့ လူထက်ဆိုးတယ် ဘုန်းဘုန်းရေ....

  1. Anonymous said... :

    မင်းသားလေးလို.မှတ်ထင်ထားပါ တယ်...
    လိမ်တယ်ညာတယ် အချစ်ကိုကစားတယ်...
    :0 :p :(

  1. Anonymous said... :

    သံဃာကို သံဃာလို့ပဲမြင်ကြဖို့လိုပါတယ်၊ အစိုးရကို မကြည်လို့ အစိုးရနဲ့ဆက်စပ်နေတဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ကြီးကို အပျက်သဘောဆောင်ပြောဆိုနေတာတွေ ရပ်တန့်သင့်ပါပြီ။ “မဟန” လို့ခေါ်နေကြတာကိုက အဂါရ၀ဖြစ်နေကြပါပြီ။ သံဃာကို ဘယ်လိုခွဲခြားရမလဲဆိုရင် ဘုရားဟောအတိုင်း အရိုးဆုံး၊ အရှင်းဆုံးနည်းကတော့ ဂန္ဓဓူရ၊ ၀ိပဿနာဓူရ နှစ်ပါးကို ကျင့်ဆောင်သူဟုတ်/မဟုတ် ပိုင်းခြားရုံပါပဲ။ အဲဒီဓူရ(၂)ဖြာကျင့်ဆောင်နေသူမဟုတ်လျင် သမုတိသံဃာအစစ်အမှန်ရယ်လို့ ပြောလို့မရပါ၊ (ဂန္ဓဓူရ=ပရိယတ္တိစာပေ သင်အံ့ပို့ချခြင်း၊ ၀ိပဿနာဓူရ=ပရိပတ္တိ ကမဌာန်းတရားများကျင့်ကြံပွားများခြင်း) အခုလူအများက နိုင်ငံရေးနှင့် ဘာသာရေးရောထွေးပြီး အမြင်တွေကွဲပြားနေခြင်းသာဖြစ်ပါတယ်။ သာသနာအတွက် အရမ်းအန္တရာယ်ကြီးလှပါတယ်။ ရွှေည၀ါဆရာတော်ကြီး ကြုံတွေ့နေခဲ့တဲ့ ပြဿနာကလည်း ရောထွေးမှုကြောင့်ဖြစ်လာရတာပါ၊ ပရိယတ္တိတာဝန်သက်သက်ထမ်းနေရင် ဘာအပြစ်မှဖြစ်လာဖွယ်မရှိပါ။ တစ်ခုပဲသေသေချာချာစဉ်းစားစေချင်ပါတယ် ထေရ၀ါဒသာသနာ ထွန်းကားနေပါတယ်ဆိုတဲ့မြန်မာပြည်ရဲ့အနာဂါတ်မှာ တိဗက်က ဒလိုင်းလာမားလို ပုဂ္ဂိုလ်မျိုးတွေထွက်လာမှာကို မြင်ချင်နေကြပါသလား၊ ဒလိုင်းလာမားရဲ့ခေတ်မှာ တရုတ်ပြည်မှာ ဘာသာမဲ့ဦးရေအရှိန်အဟုန်နဲ့တိုးပွားနေတဲ့ ခေတ်ဆိုတာ အမှတ်ထားစေချင်ပါတယ်။

  1. Anonymous said... :

    ဦးဂမ္ဘီရ အမည်နှင့်ပဲ လူဝတ်လဲပြီး နိုင်ငံရေး လုပ်နိုင်ပါက နှစ်ဖက်အေးချမ်း ပါမည်။

  1. tharayenya said... :

    Anonymous က ဘာကို အရေးယူသင့်ပါတယ်လို့ ပြောတာလဲ။ သင်္ကန်းဝတ်တွေက နိုင်ငံရေး မလုပ်ရဘူးလို့ ဆိုလိုချင်တာလား။
    နိုင်ငံတော် လွတ်လပ်ရေးရအောင် အလုပ်တွေ လုပ်ခဲ့တဲ့ အထဲမှာ ဆရာတော်ဦးဝိစာရတို့ ဗိုလ်ဥတ္တမတို့ ပါတယ်ဆိုတာ သတိမမူတော့ဘူးလား၊
    ဒီနိုင်ငံ အရေးက အားလုံးရဲ့ အရေးမို့လား၊
    သံသရာလွတ်မြောက်ရေးဆိုတာ ဘယ်လောက်နားလည်လို့ ဒီလိုပြောရတာလဲ၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တွေကို ပြန်ဖတ်ကြည့်ပါဦး။
    ရမ်းမတုတ်ချင်စမ်းနဲ့၊

  1. Anonymous said... :

    ဟုတ်ပြီ။ဘုန်းကြီးက သံသရာမှ ထွက်မြောက်ရေးပဲ လုပ်ရမယ်ဆိုတာ။ မင်းအဖေ ၀န်ကြီးသူရမြင့်မောင်ကျတော့ စစ်သားဖြစ်နေပြီး သာသနာရေးအကြောင်း ဘာမှ မသိပါပဲ။ ဘာလို့သာသနာရေးဝန်ကြီး လာလုပ်နေရတာလဲ။ဒါကို မင်းသွားပြောရဲလား။

  1. Anonymous said... :

    ဒါဟာ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ စကားရဲ့ စံဖြစ်လာပါလိမ့်မယ်.. တကယ်လို့များ ခုလို ချိတ်ပိတ်ထားတဲ့ နေရာကို ချိုးဖျက်ဝင်ရောက်တဲ့ အတွက် (ချိုးဖျက်ဝင်ရောက်သူက သံဃာပါ) ကျူးလွန်မှု.. ၀ိနည်းနဲ့ မလျော်မညီ ကျင့်ကြံပြုမူပြောဆိုမှု စတာတွေအတွက် အစိုးရက အရေးယူချိန်မှာ အကျဉ်းကျခံရတဲ့ ဖြစ်စဉ်မှာ နိုင်ငံရေးကိစ္စ တစ်လုံးတပါဒမှ မပါတာမို့ ဒါကို နိုင်ငံရေးအကျဉ်းသား လို့ နာမည်တပ်လာမယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားဆိုတာ ဒါပဲလို့ နားလည်ရပါလိမ့်မယ်..

  1. Minn Naing said... :

    ဘုန်းကြီးနိုင်ငံရေးမလုပ်သင့်ဘူးဆိုရင် နိုင်ငံရေး
    ဆိုတာကိုရောနားလည်ရဲ့လား နိုင်ငံ့အရေး
    မိသားစုအရေးကို မိသားစုထဲမှာရှိနေသူတွေ
    အကုန်တာဝန်ယူလုပ်ဆောင်ရမှာဖြစ်သလို
    နိုင်ငံရဲ့ အရေးကိုလဲ နိုင်ငံတွင်းမှီတင်းနေထိုင်
    သူအားလုံးက လုပ်ရမှာပါ ငါတို့ပဲလုပ်မယ် ငါ
    တို့လုပ်မှနိုင်ငံရေး ဆိုပြီး လက်ဝါးကြီးအုပ်ထားလို့မရပါဘူး နိုင်ငံရေးလုပ်တဲ့ ဘုန်းကြီးတွေကို
    နိုင်ငံရေးမှိုင်းမိနေတယ်
    ဆိုရင် နိုင်ငံ့ အရေးလုံဝမစဉ်းစား ပဲပေးတာယူကျွေးတာစား
    ခိုင်းတာလုပ်နေတဲ့ သာသနာတွက်လဲမလုပ်
    စည်းစိမ်ရစ်နေတဲ့ မဟန ကျတော့ အစိုးရမှိုင်း
    ကြံ့ဖွတ်မှိုင်းမိနေတယ်လို့ပြောရမလားပဲ
    သမိုင်းပြန်ကြည့်ရင် ဦးဥတမ ၊ ဦးဝိစာရ ရဟန်း တော်တွေကိုကျေးဇူးမကန်းကြပါနဲ့

  1. မောင်ဘုန်းမြတ် said... :

    သံဃာ့အဖွဲ့ အစည်းက ပြဋ္ဌာန်းထားတဲ့ သံဃာ့အဖွဲ့ အစည်း အခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများတို့ ညွှန်ကြားလွှာများ တို့ စတဲ့စတဲ့ စည်းမျဉ်း စည်းကမ်းတွေအပြင်၊ ၀ိနည်းဓမ္မကံဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ၂၀/၉၀ ဥပဒေ ဆိုတာတွေက တည်ဆဲအနေနဲ့ ရှိနေပါတယ်။
    ဦးဂမ္ဘီရ လုပ်ခဲ့တာတွေဟာ အဲဒါတွေနဲ့ လုံးဝ ဆန့်ကျင်နေတယ်။ ဒီလို ဆန့်ကျင်လုပ်လို့ကတော့-အရေးယူခံရတာက လွဲလို့ ဘာမှ ထူးလာမှာ မဟုတ်ဘူး။
    ဒါတွေကို မကြိုက်လို့ ပြင်ချင်တယ် သို့မဟုတ် ပယ်ဖျက်ချင်တယ် ဆိုရင် ဦးဂမ္ဘီရ အနေနဲ့ ပရိယတ် ပဋိပတ်အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ဆရာတော်သံဃာတော်တွေရဲ့ ထောက်ခံမှုရအောင် အရင်ဆုံး လုပ်ရမယ်။ ဒီလို လုပ်နိုင်ဖို့ ဦးဂမ္ဘီရမှာ ပရိယတ် ပဋိပတ်အရည်အချင်း ရှိမှ ဖြစ်မယ်။
    ၂၀၀၇၊ စက်တင်ဘာတုန်းက ဦးဂမ္ဘီရ ဘယ်လိုအနေအထားရှိတယ်ဆိုတာ နာမည်အနေနဲ့သာ သိတာ၊ သာသနာအရည်အချင်းနဲ့ ပတ်သက်လို့ သိကြတာ မဟုတ်ဘူး။ ဒီတော့ သံဃာအများစုက အထင်ကြီးတယ်။ အခု ထောင်ကလွတ်ပြီးတဲ့နောက် ဦးဂမ္ဘီရရဲ့ လုပ်ကိုင် ပြောဆိုပုံတွေကို မီဒီယာက တဆင့် သိလာကြတော့ ဦးဂမ္ဘီရ ပရိယတ်ပဋိပတ်အရည်အချင်း ဘာမှ မရှိဘူး-ဆိုတာ သိသွားကြပြီ ဖြစ်လို့ ဦးဂမ္ဘီရကို အထင်မကြီးကြတော့ပါဘူး။
    စာတတ်ပေတတ် သံဃာတွေရဲ့ အထင်ကြီးမှု၊ ထောက်ခံမှုကို ရအောင် ဦးဂမ္ဘီရ စာသင်သင့်တယ်။ စာတတ်မှ သံဃာထုရဲ့ ထောက်ခံမှုကိုရမှ ကိုယ်မကြိုက်တဲ့ ဥပဒေတွေကို ပြင်ဆင်နိုင်မယ်။
    အခု ကိစ္စအတွက် အကြံပြုရရင်တော့ မဟနဆရာတော်ကြီးတွေထံ တင်ထားတဲ့ စာကို ပြန်ရုပ်သိမ်းပြီး တောင်းပန် ၀န်ချလိုက်တာ အကောင်းဆုံးပါ။ နောက်နောင် ဆရာတော်ကြီးတွေဆုံးမတဲ့အတိုင်း တသဝေ မတိမ်းလိုက်နာပါမယ်လို့လဲ ၀န်ခံကတိပြုပါ။
    ဒီလိုမလုပ်လို့ကတော့ ဦးဂမ္ဘီရ “သူရဲကောင်း” မဖြစ်ဘဲ “မိုက်ရူးရဲ” ပဲ ဖြစ်လိမ့်မယ်။

  1. Anonymous said... :

    တစ်ခါလာလည်း ဦးဥတ္တမ၊ ဦးဝိစာရ တို့နဲ့ ပဲ နှိုင်းယှဉ်ပြီး ပြောနေတယ်။
    အဲဒီ ခေတ်က ဘာသာခြား အင်္ဂလိပ်တွေ ကို တော်လှန်တာ။
    အခု က ကိုယ့် အချင်းချင်းဖြစ်နေတာ။
    သက်တော်ဝါတော် ဆရာတော်ကြီးတွေ ဆုံးမရင် ဘာပဲ ဖြစ်ဖြစ် လိုက်နာရင် မကောင်းဘူးလား။

  1. မောင်သစ္စာ said... :

    ဆရာတော်ဦးဥတ္တမတို့ ဆရာတော်ဦးဝိစာရတို့ဟာ သာသနာနဲ့ ပတ်သက်တဲ့ အရည်အချင်းတွေ ဖြည့်တင်းပြီးမှ နိုင်ငံရေးထဲ ၀င်ခဲ့တာ ဖြစ်တယ်။
    နှစ်ပါးလုံးဟာ ပခုက္ကူအလယ်တိုက်ကြီးမှာ ပရိယတ်စာပေတွေကို ကျကျနန သင်ယူခဲ့တဲ့ အပြင်၊ ဆရာတော်ဦးဝိစာရဆိုရင် စာချဘုန်းကြီးတောင် လုပ်ခဲ့သေးတယ်။ နောက် နိုင်ငံရေးလုပ်လို့ အလယ်တိုက်ကြီးက ထွက်ပေးခဲ့ရတယ်။ ဆရာတော်ဦးဥတ္တမဆိုရင်လဲ ကမ္ဘာသုံးဘာသာစကားကို ကျွမ်းကျင်စွာ တတ်မြောက်ပြီး ထိုခေတ်က ကမ္ဘာ့နိုင်ငံရေးကိုပါ ၀င်ဆန့်နိုင်တဲ့ ဆရာတော် ဖြစ်ပါတယ်။
    ဒီလိုအရည်အချင်းမျိုးနဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးဦးဥတ္တမဟာ ဘ၀ဇာတ်သိမ်းတော့ ဘယ်လို သိမ်းခဲ့ရသလဲ။
    တိုင်းပြည်ရဲ့ ကျေးဇူးရှင်ကြီးဟာ အမှိုက်ပုံမှာ ဟိုဟာကောက်စား ဒီဟာကောက်စားနဲ့ အရူးကြီးပမာ ဖြစ်ခဲ့ရရှာတယ်။
    ပြောချင်တာက နိုင်ငံရေးလောကဆိုတာ ကိုယ်အလိုအကြိုက်နဲ့ လိုက်ဖက်အောင် ဆောင်ရွက်ပေးနေတုန်းသာ အလေးထားပေမဲ့ ကိုယ့်အကြိုက်နဲ့ အံမ၀င်တော့ရင် မသိကျိုးကျွံ ပြုလိုက်ကြတယ်ဆိုတာပါ။
    အခု ဦးဂမ္ဘီရ ဆိုတဲ့ ကိုယ်တော်က ဆရာတော်ဦးဝိစာရ၊ ဆရာတော်ဦးဥတ္တမတို့လို ပရိယတ်နဲ့ နိုင်ငံရေးအသိပညာ အရည်အချင်းတွေ ရှိနေပါပြီလား။
    မီဒီယာတွေနဲ့ ပြောတဲ့ ဆိုတဲ့ နေရာမှာတောင် ဘုရားသားတော်သံဃာတော်တစ်ပါးရဲ့ ယဉ်ကျေးမှုကို ပြသနိုင်တဲ့ အနေအထားမျိုး မတွေ့ ရပါဘူး။ ပြောရရင် တောသားရဲ ဆွဲထုတ် ဆိုတာမျိုးပဲ။
    ဒီလိုအရည်အချင်းမျိုးနဲ့ နိုင်ငံရေးလုပ်လို့ကတော့ တခြားသံဃာတော်တွေကို အရှက်ရစေလိမ့်မယ်။

  1. Anonymous said... :

    ဦးဂမ္ဘီရကို ဖမ်းပြီး လူဝတ်လဲတုန်းကတော့ စစ်အာဏာရှုင်ကြီးတွေက မဟနကို လျှောက်ပြီးလဲခဲ့တာလားဗျ။
    ကျောင်းတွေချိတ်ပိတ်တုန်းကရော မဟနကို အသိပေးခဲ့ပါသလားဗျ။ အဲဒါလေး တဆိတ်လောက်ဖြေပါဦး။
    မဟနကို လိုတော့ ထုတ်သုံး မလိုတော့ ချောင်ထိုးလုပ်လာခဲ့တာ ဦးနေ၀င်းလက်ထက်ကနေ ယခုထိ လုပ်နေဆဲပါ။
    မဟနထုတ်တဲ့ စည်းမျဉ်းဆိုတာကလဲ သံဃာ့ဆန္ဒနဲ့ထုတ်တာမဟုတ် ဗိုလ်ချုပ်ကြီးများစိတ်ကြီုက်ထုတ်ထားတာမို့ သံဃာမျးက လိုက်နာဘို့ မဖြစ်နိုင်ဘူးဗျ။

  1. Anonymous said... :

    Every body should consider before you say or do or think that what is right and wrong, what is good or bad, what is cause or effect.
    And must think and say and do if it is right and good and effect.

  1. Anonymous said... :

    လုပ်ရဲတဲ့သူ လုပ်နိုင်တဲ့သူက လုပ်နေတာကို မင်းတို့က အင်တာနက်မှာ စာလေးရိုက်တတ်တာနဲ့ မလုပ်သင့်ဘူးတို့ ဘုန်းကြီးအလုပ်ကို ဘုန်ကြီးလုပ်ပါတို့ ပြောရအောင် မင်းတို့က နိုင်ငံရေးကို ဘယ်လောက်နားလည်ပြီး ဘာတွေလုပ်နေလို့လဲ ၊

    ဘာသာရေးနဲ့ပတ်သတ်လာရင်ကော မင်းတို့က ဘယ်လောက်သိထားလို့လဲ ၊ မင်းတို့ ဒီလောက်လေးရလာတဲ့ ဒီမိုကရေစီဆိုတာ ၂၀၀၇ မှာတုန်းက အရိုက်အနှက်ခံ ထောင်ကျခံ အပစ်ခံခဲ့ရတဲ့ သံဃာတွေကြောင့်ကွ

    မင်းတို့ လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် လုပ်နေတဲ့လူကို လိုက်ပြီး ပိတ်ပင်မနေနဲ့

  1. Anonymous said... :

    ဘုန်းကြီးကိုနိုင်ငံေ၇းမလုပ်၇ဘူးလို့အပေါ်ကပြောနေတဲ့ကောင်တွေ မင်းတို့လုပ်ပါလား ။သူများလုပ်တာကိုအားမပေးတဲ့အပြင်အွန်လိုင်းကနေပြီးတော့ လေပေါ့မနေကြနဲ့။မင်းတို့လုပ်နိုင်၇င်ပိုကောင်းတာပေါ့ကွာ အားပေးတယ် ။မကူညီချင်၇င်နေမနှောင့်ယှက်နဲ့။နှမ်းတစ်စေ့နဲ့ဆီမဖြစ်နိုင်ပေမယ့် များလာ၇င်ဆီဖြစ်လာနိုင်တယ်။မင်းတို့နှမ်းတစ်စေ့ အဖြစ်ပါနိုင်မလား။ အွန်လိုင်းမှာလေပေါ့နေလို့အချိန်ကုန်တယ်။တစ်ခုခုတော့အကျိုး၇ှိအောင်လုပ်ပါလားအပေါ်ကကောင်လေးတွေ

  1. Anonymous said... :

    သံဃာ့ ကိစ္စတခုခုဖြစ်ယင် “မဟန” “မဟန” ဆိုပြီး သံဃာ့နာယက ဆရာတော်ကြီးများကို ပုတ်ခတ်ရေးသားတဲ့ သတင်းတွေ ပလူပြန်ပြီး အတော့ကိုစိတ်မကောင်းဘူး။
    သံဃာ့နာယက ဆရာတော်ကြီးများ နင့်တကွ အားလုံးသောရဟန်းများဟာသီလစောင့်ထိန်း ထားတဲ့သူတွေဖြစ်လို့ ဝေဖန်မယ်ဆိုယင် ကိုယ့်ကိုယ့်ကို သီလလုံရဲ့လား ပြန်လည်ဆန်းစစ်ကြည့်ကျပါအုန်း။
    သီလမလုံဘဲနဲ့ ပြောဆိုမိရင် ပိုပြီးအပြစ်ကြီးလို့ သတိတရား လက်ကိုင်ထားပြီး ရေးသားကြပါလို့ ။

  1. Anonymous said... :

    Occupy somewhere will be definitely sure the purpose of baiting?

  1. Anonymous said... :

    ကဲ ကဲ သံဃာ နိုင်ငံရေး ဝင်မပါရဘူး ဆိုသော ကိုကိုမမ အပေါင်းတို့ ဒီပုံလေးကြည့်ပြီးမှ ဆက်ဝေဖန်ကြပါ။
    မွန်ပြည်သစ်နဲ့ အစိုးရ နိုင်ငံရေးဆွေးနွေးပွဲမှာ ဘုန်းတော်ကြီးတွေ ပါဝင်နေပုံပါ။သိပ်မကြာသေးပါဘူး။ http://i.imgur.com/8s71I.jpg

  1. True lover said... :

    မင်းအဖေ Myanmar အစိုးရက ဘာသာခြား အင်္ဂလိပ်တွေထက်ဆိုးတယ် Anonymous ရေ....
    ဘယ်သူရိုင်းစိုင်းကြမ်းတမ်းလည်းဆိုတာ လူတိုင်းသိပါတယ်။

  1. Kyaw Swar said... :

    ညွှန်ကြားလွှာ အမှတ်လွှာ အမှတ် (၈၃)
    သာသနာ့ ဝန်ထမ်း ရဟန်းသာမဏေများသည် ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ခြင်း မပြုလုပ်ရန် ညွှန်ကြားခြင်း။
    (၁၃၊ ၇၊ ၉၁) (ဒု-၂၊ ၄၊ ၅၃)
    ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်းရှိ ထေရဝါဒ ဂိုဏ်းဝင် သံဃာပေါင်း သုံးသိန်းကျော် နေထိုင် သီတင်း သုံးလျက် ရှိပါသည်။ ယင်းထေရဝါဒ ဂိုဏ်းဝင် သံဃာ အပေါင်းသည် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးမူ အရ ဂိုဏ်းပေါင်းစုံ သံဃာ့ အစည်း အဝေးပွဲကြီး ကျင်းပ ပြီးနောက် သံဃာ့ ဂိုဏ်းကြီး ၉ ဂိုဏ်းဖြင့် သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်း၍ သာသနာရေး တာဝန်များကို ဆောင်ရွက်လျက် ရှိကြပါသည်။
    ထေရဝါဒ သံဃာ့ ဂိုဏ်းဝင် သမ္မုတိ သံဃာတို့သည် သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေးကို ဦးတည်၍ သာသနာ့ဝန်ထမ်း ရဟန်းသာမဏေတို့၏ ကိစ္စ ဖြစ်သော ဂန္ထဓုရ၊ ဝိပဿနာဓုရ နှစ်ပါးလုံးကို သော်လည်းကောင်း၊ တစ်ပါးပါးကို သော်လည်းကောင်း ဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ခြင်းကို ရှောင်ကြဉ် ကြရမည် ဖြစ်ပါသည်။
    အကယ်၍ ရဟန်း သာမဏေများ ပါတီ နိုင်ငံရေးများ၌ ပါဝင် ဆောင်ရွက်ပါက နိုင်ငံရေး ပါတီများသည် ရဟန်း သာမဏေများထံ ချဉ်းကပ်၍ ဆရာ မွေးကြပေလိမ့်မည်။ ထိုအခါ ရဟန်း သာမဏေများသည် မိမိနှစ်သက်ရာ ပါတီ အနိုင်ရရှိရေးကို ဆောင်ရွက်ကြရ၊ ဟောပြောကြရသဖြင့် ဘုရားရှင်၏ ဓုရနှစ်ဖြာကို အားမထုတ်နိုင်တော့ဘဲ သာသနာတော် သန့်ရှင်း တည်တံ့ ပြန့်ပွားရေး ဦးတည်ချက်ကို ထိခိုက်လာမည့် အပြင် ရဟန်း သာမဏေ အချင်းချင်း စိတ်ဝမ်းကွဲပြားကာ ခဲခဲယဉ်းယဉ်း တည်ဆောက် ထားရသော ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီး ပြိုကွဲ၍ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့်တို့ ဧကန် ပျက်စီး ကြရပေလိမ့်မည်။
    ရှေးယခင် အင်္ဂလိပ် အုပ်စိုးစဉ်အခါက ဝံသာနု၊ ဒိုင်အာခီစသည် ကွဲပြားကြရာ ရဟန်းတော်များ ပါတီနိုင်ငံရေး၌ ပါဝင် ဆောင်ရွက်ကြသဖြင့် ဝံသာနုဘုန်းကြီး၊ ဒိုင်အာခီ ဘုန်းကြီး စသည်တို့ စိတ်ဝမ်းကွဲကာ ကံကြီးကံငယ် အတူ မဆောင်နိုင်၊ သံဃာစင် အတူ မတက်နိုင်သည် အထိ အချင်းချင်း ကွဲပြားခဲ့ဖူးပါသည်။
    မြန်မာ နိုင်ငံတော်၌ ရှေးအခါက တစ်ကြိမ် တစ်ခါမျှ မရခဲ့ဖူးသော ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီးကို ရရှိ၍ သံဃာ့ အဖွဲ့အစည်း အဆင့်ဆင့် ဖွဲ့စည်းကာ ''သံဃာ့ကိစ္စ သံဃာ ဆောင်ရွက်'' ဟူသော မူအရ သာသနာ့ ကိစ္စအဝဝကို သံဃာတော်များ ကိုယ်တိုင် ဆောင်ရွက်ခွင့် ရသဖြင့် သာသနာတော်၌ အဓမ္မဝါဒများကို နှိမ်နင်းနိုင်ခြင်း စသော အကျိုးတရား များစွာ ဖြစ်ထွန်းခဲ့ပါသည်။ သို့ဖြစ်၍ ဂိုဏ်းပေါင်းစုံ သံဃာ့ ညီညွတ်ရေးကြီး မပြိုကွဲရန် ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်သည် ရဟန်း သာမဏေတိုင်း၏ တာဝန် ဖြစ်သည်။ ဤတာဝန်ကို ကျေပွန်စွာ မထမ်းဆောင် နိုင်ကြသဖြင့် သံဃာ့ ညီညွတ်ရေးကြီး ပြိုကွဲ၍ သံဃာ့ အဖွဲ့အစည်းများ ပျက်စီးသွားပါက နောင်တစ်ဖန် ဤအခွင့်အရေးမျိုး ရရှိရန် မျှော်မှန်း၍ ရနိုင်တော့မည် မဟုတ်ပါ။
    ပါတီနိုင်ငံရေး ဟူသည် လူဝတ်ကြောင်၊ လူပုဂ္ဂိုလ်တို့၏ ကိစ္စ တာဝန်သာ ဖြစ်ပါသည်။ ရဟန်း သာမဏေများသည်ကား မည်သည့် ပါတီကပင် အစိုးရအဖြစ် တက်ရောက်လာသည် ဖြစ်စေ ထိုတက်ရောက်လာသော အစိုးရ၏ တရားနှင့်အညီ ပေးအပ်သော အာဏာစက် အကူအညီ အထောက်အပံ့ကို ရယူ၍ ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးကို စောင့်ရှောက် ထိန်းသိမ်း သွားရမည်သာ ဖြစ်ပါသည်။
    သို့ဖြစ်ပါ၍ ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း၌ သီတင်းသုံး နေထိုင်ကြသော ထေရဝါဒ သံဃာ့ဂိုဏ်းဝင် ရဟန်း သာမဏေတို့သည် ပါတီ နိုင်ငံရေးများ၌ ကိုယ်တိုင် ပါဝင်ခြင်း၊ လှုံ့ဆော်ခြင်း၊ အားပေးခြင်း၊ သူတစ်ပါးအား တိုက်တွန်းခြင်းများမှ ရှောင်ရှားကြရန် ညွှန်ကြား လိုက်ပါသည်။
    (ဘဒ္ဒန္တဣန္ဒာစာရ) ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသ၊
    အဘိဓဇမဟာရဋ္ဌဂုရု (အဂ္ဂမဟာပဏ္ဍိတ၊
    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အဘိဓဇမဟာရဋ္ဌဂုရု၊
    ဥက္ကဋ္ဌဆရာတော် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက)
    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့
    အကျိုးတော်ဆောင်ချုပ်

  1. Anonymous said... :

    အခုဖြစ်နေတဲ့ ရွှေညဝါ ဆရာတော် ကိစ္စတွေ ၊ ဆရာတော် အရှင်ဂမ္မီရ ကိစ္စတွေဟာ...

    -ဘာသာရေး သသနာ ရေးနဲ့လဲ မဆိုင်ဘူး..
    -ရိုသေမှုနဲ့လဲ မဆိုင်ဘူး.
    -ပါရာဇိကနဲ့လဲ မဆိုင်ဘူး..
    ... -ကိုးကွယ်ဆည်းကပ်ခြင်းနဲ့လဲ မဆိုင်ဘူး..
    ............................................................
    .............................................................တကယ်ဆိုင်တာ ဘာလဲဆိုတော့...

    Universal Human Right လို့ ခေါ်တဲ့ တပြေးညီ လူ့အခွင့်အရေးပဲ..။
    အဲ့ဒီတပြေးညီ လူ့အခွင့်အရေးကို ချိုးဖောက်ပီး အာဏာမက်မောနေသမျှကာလပတ်လုံး လူ/ဘုန်းကြီးမှန်သမျှဟာ အမြဲတမ်းတွန်းလှန်နေကြရမှာပဲ....

    " မတရားမှုသည် ဥပဒေ ဖြစ်လာသောအခါ တော်လှန်ပုန်ကန်ခြင်းသည် တာဝန်တရပ်ဖြစ်လာသည် " တဲ့..( တောင်အာဖရိက အရေးတော်ပုံလက်ဆွဲဆောင်ပုဒ်)

  1. Kyaw Kyaw Singapore said... :

    Hi Every body!

    Before you say something, pls try to know cause and effect. You all should know what this monk is doing and saying.
    At first , I also thought that MAHANA is not fair. But I became understood why after hearing what this monk said.
    We all should think properly what is right and wrong.

  1. Anonymous said... :

    ဦးဂမ္ဘီရရဲ့ အရည်အချင်းကိုသိချင်ရင် ဒါဖတ်ကြည့်ကွာ။ မောင်သစ္စာ

    http://www.washingtonpost.com/wp-dyn/content/article/2007/11/02/AR2007110201783.html

  1. Anonymous said... :

    မောင်သစ္စာရေ ဦးဂမ္ဘီရရဲ့ အရည်အချင်းကို သိချင်ရင် ဒါလေးအရင်ဖတ်နော့

    What Burma's Junta Must Fear

    http://www.washingtonpost.com/wp-dyn/content/article/2007/11/02/AR2007110201783.html

  1. Anonymous said... :

    Kyaw Swar << ကဲ ရှင်းပါပြီနော်။မင်းကွန်းဆရာတော်ကြီးရဲ့ မူရင်းညွှန်ကြားလွှာမှာ "ပါတီနိုင်ငံရေး" တဲ့၊ အမျိုးသားနိုင်ငံရေးလို့ မရေးဘူး။

  1. Anonymous said... :

    နေဦးဗျ.........Reply ဒါရိုက်လုပ်မရတော...ခြုံပြီးဘဲပြောရမှာဘဲ။ ကျနော် ကတော ဘုန်းကြီးနိုင်ငံေ၇း လုပ်ခွင့်ရေ၇း ဖက်က ၁၀၀% ထောက်ခံပါတယ်။ ဒါပေမဲ အမျိုးသား နိုင်ငံရေးနော်.....။ တမျိုးသားလုံး အန္တရာယ် တစ်စုံတစ်ရာအောက်ကျရောက်နေရင် ဘုန်းကြီးမက ဘူး သီလရှင်လဲ ထ ချ ရမှာဘဲ။ အခု ဦးဂမ္ဘီရ လုပ်နေတာက တစ်နိုင်ငံလုံး မတရားအာဏာ ယူထားပြီး ပြည်သူတွေရဲ ဘဝကို စံနစ်တကျဖျက်ဆီးနေတဲ သေနတ်အားကိုးတွေကို ဆန့်ကျင်နေတဲ အမျိုးသား အရေးဖြစ်တယ်။ သူရာထူးရဖို့ မဟုတ်ဘူး။ သမ္မတလုပ်ဖို့မဟုတ်ဘူး။

  1. Anonymous said... :

    ဒီကနေ့ထုတ် သတင်းစာမှာ ရွှေဝါရောင် ဦးဆောင်ဆရာတော် အရှင်ဂမ္ဘီရအား အာဏာစက်ဖြင့် ဆောင်ရွက်မည်တဲ့။ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်းကိုပါ ထိ...ပါးစော်ကားမှု ကျူးလွန်ခဲ့တယ်ဆိုလို့ ပြောရပါဦးမယ်။

    နိုင်ငံတော်အဆင့် သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးက ရွှေညဝါဆရာတော်ကြီး တရားပြန်လည် ဟောခွင့်ပြုမိန့်အား ဗန်းမော်ဆရာတော်ကြီးရဲ့ ဓမ္မစက်လုပ်ပိုင်ခွင့်နဲ့ ထုတ်ပြန်တာကို ဥပဒေနဲ့ မညီဆိုပြီး ပြန်လည် ပယ်ချပိတ်ပင်တာ နိုင်ငံတော်အဆင့် သံဃာ့အဖွဲ့အစည်း ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးကို စော်ကားတာ မဟုတ်လို့ ဘာလဲဗျ...။

    ရွှေညဝါဆရာတော်ကြီးအား ကျောင်းတိုက်မှ အဓမ္မဖယ်ရှားရေး ၄၇ပါးစုံညီ ထုတ်ပြန်စာကို `ဥက္ကဋ္ဌဆရာတော်ကြီး မသိပဲထုတ်ပြန်တာလည်း အမြင့်ဆုံးအာဏာပိုင် ဥက္ကဋ္ဌဗန်းမော်ဆရာတော်ကြီးကို စော်ကားတာ မဟုတ်ဘူးလား၊ လုပ်ရပ်လေခြင်းလို့ ဗန်းမော်ဆရာတော်ကြီး မိန့်တော်မူခဲ့တာ အတိအကျသတင်းပါ။

    ဒီတော့ ဗန်းမော်ဆရာတော်ကြီးရဲ့ အမိန့်စာကို မထေမဲ့မြင်ပြု၊ ဗန်းမော်ဆရာတော်ကြီး မသိပဲ အစည်းအဝေးဆုံးဖြတ်ချက်တွေချပြီး ထိပါးစော်ကားတဲ့ အာဏာပိုင် အာဏာစက် သာသနာရေးဦးစီးဋ္ဌာနကို ဓမ္မစက်နဲ့ သာသနာတော်ကို အာဏာဖြင့် ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိလို့ ပြန်အရေးယူ ထုတ်ပြန်ရင် လက်ခံမလား..

    လက်ရှိ အာဏာအတွက် သာသနာကို ခုတုံးလုပ် အကြပ်ကိုင်နေသူ အာဏာပိုင် ပုဂ္ဂိုလ်တချို့သည် အပြောင်းအလဲတခုကို သွေဖည်အောင် လမ်းကြောင်းတခုခုပေါ် မရောက်ရောက်အောင် အတင်းတွန်းပို့ နေသည်ဟု သုံးသပ်မိသည်...။ အရှုံးကို ရင်မဆိုင်ရဲသည့် လောင်းကစားဝိုင်းမှ ပွဲဖျက်လုယူ သူများ၏ အောက်တန်းကျသော အဆင့်သာသာ သာ ရှိပေတော့သည်။

  1. KO PAUL said... :

    It should not be that PhoneGyi should not say Politics.
    But We need to know what U Gan Bi Ya is saying and doing. And We need to think by our self whether it is right or wrong.
    This monk is saying and doing non-senses. What is his real intention and attitude?
    At first , pls try to know what this monk is saying and doing. Then u can judge .

  1. Anonymous said... :

    မင်းကွန်းဆရာတော်ကြီးရဲ့ မူရင်းညွှန်ကြားလွှာမှာ "ပါတီနိုင်ငံရေး" တဲ့၊ အမျိုးသားနိုင်ငံရေးလို့ မရေးဘူး။ကို Kyaw Swar တင်ထားတာ ဖတ်ကြည့်ကြပါ။

  1. Myo Zaw said... :

    Yes , What Mg Thitsar said it totally right.
    First, We should listen What U Ganbira said to media and what MAHANA is saying.
    HELLO Everybody , think properly!
    Our Myanmar is still under military government because of such UN-educated people like U Ganbira.

  1. Kyaw Swar said... :

    ဒီလိုမလုပ်လို့ကတော့ ဦးဂမ္ဘီရ “သူရဲကောင်း” မဖြစ်ဘဲ “မိုက်ရူးရဲ” ပဲ ဖြစ်လိမ့်မယ်။

    Absolutely Right!

    This monk is doing and saying NO-SENSES.

  1. Anonymous said... :

    ဘုရားကဟောခဲ့တယ်..သူ့သာသနာကိုဖျက်မှာ သူ့သားတော်တွေတဲ့...မြန်မာပြည်သူတွေအတွက်ဆိုပေမယ့် ဘုရားသားတော်က ဘုရားဖြစ်စေချင်တာကိုသာ လုပ်ဆောင်သင့်ပါတယ်..ပြည်သူတွေအတွက် ပြည်သူ့အချစ်တော် အမေစုက ကူညီပါလိမ့်မယ်..ပြီးတော့ မြန်မာ့သားကောင်းတွေရှိပါ သေးတယ်..ဘုရားသားတော်က သံသရာကလွတ်ရာလမ်းကိုသာ ညွှန်ပြသင့်ပါတယ်..ဘယ်ဘက်ကမှလိုက်ပြောတာမ ဟုတ်ပါဘူး..

  1. Anonymous said... :

    Bogyoke Aung Sun pleaded monks not to involve in politic.
    I've lost impression when I heard hard tones of ဦးဂမ္ဘီရ .

  1. Anonymous said... :

    ဆရာတော်အနေဖြင့် နိုင်ငံရေးအား အပြည့်အ၀ပြုလုပ်နိုင်ရန်အတွက် လူဝတ်လဲလိုက်လျှင် ပိုသင့်တော်မည်ထင်ပါသည်။ ဒါဆို နိုင်ငံရေးလည်း လုပ်ရပြီး ဒီလိုအငြင်းပွားစရာလည်းမလိုတော့ဘူးပေါ့..သံဃာသည်သင်္ကန်းနှင့်တင့်တယ်သလို တရားဓမစာများနှင့်သာ လိုက်ဖက်ပါသည်။

  1. Anonymous said... :

    Anonymous said... ဘုရားကဟောခဲ့တယ်..သူ့သာသနာကိုဖျက်မှာ သူ့သားတော်တွေတဲ့...မြန်မာပြည်သူတွေအတွက်ဆိုပေမယ့် ဘုရားသားတော်က ဘုရားဖြစ်စေချင်တာကိုသာ လုပ်ဆောင်သင့်ပါတယ်. >>> ဒီလို ထေကြီးဝါကြီးတွေကို မပြောရဘူးလေ၊ ငရဲကြီးလိမ့်မယ်။သူတို့လဲ စိတ်ပါလို့ မဟုတ်ပါဘူး၊ အာဏာနဲ့ ခိုင်းလို့ပါ။

  1. Lurn Zan said... :

    ကိုယ့်လူတို့ရေ...နိုင်ငံရေးဆိုတာ..အရှက်မဲ့တဲ့ဝတ်လစ်စားလစ် အမှုအကျင့်လား?.ဖြေကြည့်နော်
    ကွန်ပျူတာနဲ့အွင်လိုင်းဆိုတာဂလိုဘယ်ခေတ်ရဲ့ရလာဒ်ဆိုတာကိုကောသိရဲ့လား..?
    အတွေးတွေကဘာလို့ကျီးအာသီးဖြစ်နေကြတာလဲ
    ရှင်းနေတာပဲကရုဏာ;compassion;သနားခြင်း; ကိုယ်ချင်းစာခြင်းကူညီလိုခြင်း.ဒါတွေကြောင့်နိုင်ငံရေး
    လုပ်တယ်လူတွေလှူတဲ့ထမင်းစားကိုစားလို့..ကရုဏာ
    အလုပ်လုပ်တယ်..မြန်မာပြည်နဲ့မဆိုင်တဲ့ခရစ်ယာန် အဖွဲ့တွေတောင် လုပ်နေတာ..မြန်မာဘုန်းကြီးတွေက
    ထိုင်စားရုံနေရမတဲ့လား..အဲဒါဆို တောထဲကသစ်ဥ သစ်ဖုတွေစာရုံနဲ့လုံလောက်ပါတယ်.တယောက်တည်းအားလုံးကို ကူညီဖို့ တယောက်စာလွတ်မြောက်မှုကို စတေးထားတယ်ဆိုတာကိုကော..?အများစုက မပြောရဲလို့သူပြောတာထောင်ကို ချစ်လို့များထင်လား?
    ကိုယ့်ကိုစတေးခံတယ်ဆိုမှတော့ ဘယ်သူပဲဖြစ်ဖြစ်ပါ အဲဒါပါရမီပဲကိုယ်လူတို့ရေ..အတွေးတွေနဲ့ ပြောပါ လူချင်းချင်းတွေ့နေတာတောင် လူမှန်းမသိပဲ ရန်ပြုကြတဲ့ခေတ်တွေက အယူအဆတွေနဲ့ မပြောကြစမ်းပါနဲ့ဗျာ

  1. Anonymous said... :

    သံဃာကိုကျတော့ သံဃာတော်တွေရဲ့ အရေးကို သာလုပ်ပါတဲ့။ ( ဘုန်းကြီးအလုပ် သာ ဘုန်းကြီးလုပ်ပါတဲ့)
    စစ်သားကရော စစ်သားအလုပ် လုပ်ခဲ့သလား လုပ်နေသလား ။ စစ်သားအလုပ်ကို စစ်သားမလုပ်လို့ မြန်မာပြည်မွဲပြာကျနေတာ. .. ဒီလောက်ဘဲ ပြောတော့မယ်..

  1. Anonymous said... :

    စစ်တပ်ကျောထောက်နောက်ခံ အသိုင်းအဝိုင်းတွေက ဦးဂမ္ဘီရ ဖြစ်စေ၊ ဘယ်ဆရာတော်၊ သံဃာတော်တွေကို မဆို နိုင်ငံရေး လောကထဲ ပါလာမှာ သိပ်ကြောက်ကြပါတယ်။ သံဃာဖြစ်စေ၊ ဝန်ထမ်းဖြစ်စေ ကျောင်းသားဖြစ်စေ အားလုံးဟာ ဒီနိုင်ငံထဲမှာ နေတယ်။ ဒီနိုင်ငံ အရေး မှာ ပါဝင်သင့်တယ်။ သံဃာတွေ နိုင်ငံ့အရေးမှာ ကင်းရှင်းရေးကို စစ်တပ်က တကယ် အကြောက်အကန် ဘာကြောင့်ငြင်းနေရတာလဲ။ သံဃာအားက ကြီးလို့ ပါ။ သံဃာဟာ စစ်တပ် စီပွားရေး သမားတွေထက် ကိုယ်ကျိုးစွန့်  အနစ်နာခံရဲလို့ ပါ။ စစ်တပ်က လိုအပ်ရင် သူတို့ အကျိုးအတွက် သံဃာ ကို အသုံးချပါတယ်။ ဒီပဲယင်းမှာ သံဃာအတုတွေ ကို ဖန်တီးပြီး ဒေါ်အောင်ဆန်းဆုကြည်ကားကို တားခဲ့ပါတယ်။ အသေရိုက်သတ်ဖို့ ကြိုးစားခဲ့ပါတယ်။ မဟန ဆရာတော်ကြီးတွေ နုတ်ဆိတ်နေခဲ့ပါတယ်။ တိုင်းရင်းသားတွေ နှင့် ငြိမ်းချမ်းရေး ကမ်းလှမ်းရာမှာ စစ်တပ်က ဘုန်းကြီး သံဃာတွေကို ကြားခံထားပြီး လှည့်စား သိမ်းသွင်းခဲ့တဲ့ သာဓကတွေ ရှိပါတယ်။ အသုံးချခဲ့ကြပါတယ်။ ဒီကေဘီအေက ဘုန်းကြီး နိုင်ငံရေး လုပ်တာ မဟန ဆရာတော်ကြီးတွေ မတရားခဲ့ပါဘူး။ ဦးဂမ္ဘီရ ဖြစ်စေ၊ ရွှေညဝါဆရာတော်ဖြစ်စေ၊ နိုင်ငံရေးကို စိတ်ဝင်စားတာ လစ်လျူ မရှုတာကို အားပေးပါတယ်။ မြတ်စွာဘုရားကိုယ်တော်တိုင် လိုအပ်ရင် လိုအပ်သလို နိုင်ငံရေး လူမှု့ ရေး စသည်ဖြင့် မင်းကျင့်တရားက အစ ဟောပြောဆုံးမခဲ့ပါတယ်။ ယနေ့ စစ်တပ် အသိုင်းအဝိုင်းက သာသနာကို ဖျက်ဆီး မဟနကို ခုတုံးလုပ်ဖျက်ဆီးနေကြတာ အတိအလင်းမို့ လူထုက သိထားပြီးသားပါ။

  1. Thu said... :

    (မင်းတို့ ဒီလောက်လေးရလာတဲ့ ဒီမိုကရေစီဆိုတာ ၂၀၀၇ မှာတုန်းက အရိုက်အနှက်ခံ ထောင်ကျခံ အပစ်ခံခဲ့ရတဲ့ သံဃာတွေကြောင့်ကွ)
    I don't think so, present discipline democracy is truly given by Bo Than Shwe.

  1. Anonymous said... :

    သံဃာဖြစ်စေ၊ ကျောင်းသားဖြစ်စေ၊ လယ်သမားဖြစ်စေ၊ အလုပ်သမားဖြစ်စေ၊ လူထုဖြစ်စေ နိုင်ငံရေး ဝင်လုပ်မှာ နိုင်ငံရေး စိတ်ဝင်စားမှာ စစ်တပ်က မလိုလားဘူး။ ဦဂမ္ဘီရ တောင်ဆိုချက်တွေကို ကြိုက်ပါတယ်။ ဒီကနေ့  မဟန အပေါ်သဘောထား သံဃာ အများစုကို မဲခွဲပြီး စစ်တမ်းကောက်ကြည့်သင့်ပါတယ်။ ဘုန်တော်ကြီးကျောင်းတွေမှာ ကျောင်ထိုင်ဆရာတော်တွေက တုတ်ကိုင်ပြီး ဆုံးမနေတဲ့ အပြုအမှုတွေ ဘုရားလက်ထက်က မရှိခဲ့ပါဘူး။

  1. aungmoe said... :

    တွေ့ရမြင်ရတာတွေက ဦးဂမ္ဘီရဟာ သူ့ကိုယ်သူ သံဃာခေါင်းဆောင်လုပ်ခဲ့တယ်ဆိုတဲ့ အမြင်နဲ့ ဆရာတော်ကြီးတွေကို မထီမဲ့မြင်ပြုလုပ်တာ မကောင်းဘူး မသင့်တော်ပါဘူး၊ မဟန ဆရာတော်ကြီးတွေမှာ တကယ် သီလသမာဓိပြည့်စုံကြွယ်ဝတယ်လေ အဲဒီလိုမရိုသေမလေးစား သူကိုယ့်သူအဟုတ်ထင်နေတာ ကျနော်လက်မခံပါဘူး မိုက်ရူးရဲ ဦးဏှောက်မဲ့တယ်ပဲထင်တယ်...ပြီးတော့ သူကကော ဘယ်လောက် ပဋိပါတ် ပဋိယတ်စာဝါတွေတတ်ကျွမ်းပြီလည်း ...သံဃာတွေနိုင်ငံရေးမလုပ်ရလို့ မပြောပါဘူး အခြေနေအချိန်ခါက လိုအပ်လာရင်လုပ်ရမှာပဲ...ဒါပေမဲ့ ကိုယ့်ဘက်က သီလသမာဓိပြည့်စုံရမယ်လေ ကိုယ့်ပြည်ကိုယ့်လူမျိုးကိုယ့်ဘာသာ သာသနာအတွက်ခေါင်းဆောင်ချင်ရင် ကိုယ့်ဘက်ကပြီးပြည့်စုံနေရမယ်...မြင့်မြတ်စိတ်ထားရှိနေရမယ်...သည်းခံနိုင်ရမယ်...အရာရာကို တွေးတောတတ်ရမယ်...ခုလို ဆရာတော်ကြီးတွေကိုမရိုသေလုပ်တာ လုံးဝလက်မခံပါဘူး...ကိုယ့်ဘာသာ သာသနာကိုစော်ကားပြန်ဖျက်တယ်ပဲမြင်တယ်..

  1. Anonymous said... :

    မရိုမသေ လုပ်တယ်ဆိုရအောင် ခင်ဗျား ဆရာတော်ကြီးတွေက အစိုးရလက်ကိုင်တုတ် ဖြစ်နေတာကိုးဗျ။ ဘယ်သံဃာက လေးစားလိုစိတ်၊ လိုက်နာလိုစိတ် ရှိတော့မှာလဲ၊ ဘေးက လူတွေတောင် စောင့်ကြည့်ရင်းနဲ့ အားမရတော့ဘူး။

  1. သတိ said... :

    အားလုံးသတိ

    နိုင်ငံရေး နိုင်ငံရေးနဲ့ အညင်းပွားနေရအောင် ဒီဖြစ်စဉ်မှာ နိုင်ငံရေးက ဘယ်နေရာကနေ ပါပါသလဲ.. ထောင်ကထွက်လာပြီး နိုင်ငံရေး အကြီးအကျယ် လုပ်နေကြတာ ဒေါ်စုကနေ ဇာကနာအောက်ထစ်အထိ အပြည့်ပါ.. ဘယ်သူမှ ဘာမှ မဖြစ်သေးပါဘူး.. ဒီမှာ ဘုန်းကြီး နိုင်ငံရေး လုပ်သင့်ပါတယ်ဆိုတဲ့ လူတွေက ဦးဂမ္ဘီယ ခုလုပ်ရပ်တွေကို နိုင်ငံရေးလို့ နားလည်ကြသတဲ့လား.. ဒါဦးဂမ္ဘီယကိုမို့လို့ ဖဲ့တာပေါ့ဆိုရင် တခြား လူ၊ သံဃာ ဘယ်သူလုပ်လုပ် အရေးယူခံရမှာ မဟုတ်တဲ့၊ အရေးမယူသင့်တဲ့ လုပ်ရပ်ဖြစ်နေလို့လား.. အမှန်က ဦးဂမ္ဘီရ ဖြစ်နေလို့ ဒီလောက်သက်သာနေသေးတာပါ.. ပုံမှန်လူ ၀င်ဖျက်ကြည့်ပါလား.. ခုလောက်ဆို စီရင်ချက်တောင် ချပြီးလောက်ပြီ...

    ကျွန်တော်ကတော့ ရှင်းပါတယ်.. အစိုးရကို မကြည်တာနဲ့ပဲ ဦးဂမ္ဘီယရဲ့ ၀ိနည်းမညီဒီပြစ်မှုတွေကို ကာဗာလုပ်ပြီး ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးတွေကို မပြစ်မှားပါဘူး..

    နိုင်ငံရေး လုပ်ရပ် တစ်ခုမှ မပါပဲ သံဃာတစ်ပါးဖြစ်ရပ်နဲ့ ဒီလောက် သိမ်နုတ်တဲ့ ချိုးဖျက်ဝင်ရောက်တဲ့ လုပ်ရပ်မျိုး.. ၀ါကြီးဆရာတော်တွေကို မထေမဲ့မြင် လုပ်ရပ်မျိုး (ဆင့်ခေါ်တာကို မသွားတာ..)လုပ်တဲ့ သံဃာကို ဦးဥတ္တမ ဦးဝိစာရတို့နဲ့ နှိုင်းတာကတော့ ဒီဆရာတော်တွေကို စော်ကားတဲ့ နှိုင်းယှဉ်ချက်လို့ပဲ မြင်ပါတယ်လေ..

    အားလုံးသက်သာ
    မောင်သတိ

  1. KO PAUL said... :

    Absolutely agreed with Ko Aung Moe.

    U Ganbira is seeing from narrow angle and doing and saying Non-senses.
    Myanmar is still under Military Government because of such UN-educated persons like U Ganbira. Because of such brainless activities and talk, military government can make U-turn in politic.

  1. Kyaw Swar said... :

    Hi All Myanmar,

    We should think deeply and give comments carefully.

    Some people or group is intentionally attacking to MAHANA and want to destroy the image of Buddha Organization.

    We should not mix politic & religion, military government & MAHANA.

    "Doing politic" does not mean "Attacking to all governmental, social and religious origination of country".

  1. Yama Min said... :

    Ma -Lo - Ta Myo.
    Lo ta Myo.

    It is not new in Myanmar. The Junta( Real Government), with the most powerful GUN POWER, can do anything.Will do anything and doing so without conscience. MAHANA is just a puppet of Junta.

  1. zealot said... :

    အပေါ်ကညီအကိုတွေပြောတာ နှစ်ဖက်စလုံး မမှားပါဘူး၊တစ်ဖက်က ကို့သာသနာကို သန့်ရှင်းစေချင်တယ်။တစ်ဖက်ကလဲ ကို့အမျိုးသားထုတစ်ရပ်လုံးကို ဆင်းရဲတွင်းကနေလွတ်စေချင်တယ်၊ ဒါပေမယ့် မြတ်စွာဘုရား ဟာ နိုင်ငံရေးကို စိတ်ဝင်စားရင် မြတ်စွာဘုရား မဖြစ်လာနိုင်သလို အခုလို နာနေကြားနေရတဲ့ သံသရာကလွတ် မြောက်ကြောင်းတရားတွေကို ကျွန်တော်တို့ နာခွင့်ရမှာ မဟုတ်ပါဘူးဗျာ။တနည်းအားဖြင့် ပြောရရင် နိုင်ငံရေးဆိုတာ အတ္တကို အခြေခံပါတယ် (ဒါပေမယ့် ဒါဟာ အမျိုးသားရေးအတွက် အရမ်းကောင်းပါတယ် ဒီဘဝအတွက် ပေါ့) သာသနာ ကတော့ အနတ္တကို အခြေခံပါတယ်၊ ဘဝအဆက်ဆက် အတွက်ကောင်းပါတယ်၊ဒီတော့ အတ္တနဲ့ အနတ္တက ဆန့်ကျင်ဖက်တွေပါ။ ဒါကြောင့် နိုင်ငံရေးနဲ့ ဘာသာရေး မရောသင့်ပါဘူး။

  1. Anonymous said... :

    အာဏာရှင် အဆက်ဆက် သားသုံးသား (ဘုရားသား၊ ကျောင်းသား၊ စစ်သား) ကို စနစ်တကျဖျက်ဆီး ဖို့ လမ်းစဉ် ကို ကျင့်သုံးလာတာပါ၊ အခုလဲ အားလုံးနီးပါ ပျက်ဆီးနေပါပြီ၊ အာဏာရှင်တွေဟာ အာဏာကို လက်လွှတ်ပေးရိုးထုံးစံ မရှိပါ၊ စောင့်ကြည့်ကြတာပေါ့... မျှော်လင့်ချက် တခုကတော့ ဒီစစ်သားတွေထဲက တိုင်းပြည်ကို အစစ်အမှန် စေတနာနဲ့ ချစ်တဲ့ သူရဲကောင်းခေါင်းဆောင်တစ်ယောက် ပေါ်လာပြီး လူထုခေါင်းဆောင်၊ စစ်အာဏာတွန်းလှန်သူတွေနဲ့ လက်တွဲပြီး တိုင်းပြည်အနာဂါတ်ကို ဖော်ဆောင်ဖို့ပါပဲ၊ အားလုံးကို သွေးထိုးဖြိုခွဲနေတာပါ၊ အသိ သတိနဲ့ ဆင်ခြင်နိုင်ဖို့ပါပဲ တိုင်းပြည်ကောင်းဖို့အရေးကြီးပါတယ်၊ တေြာေ့ကာင် စားဖားတွေက ဒီအချိန်မှာအများကြီးပါ ရှောင်နိုင်ကြပါစေ

  1. Anonymous said... :

    ၁။သံဃာအဖွဲ့အစည်းပိုင်ပစ္စည်းဖြစ်တဲ့ ကျောင်းကို အဏာပိုင်အဖွဲ့အစည်းက ချိတ်ပိတ်လိုရပါသ
    လား။
    ၂။ သံဃာ အဖွဲ့အစည်းကို အပ်လျှင် အကျိုးမများ
    ဘူးလား။

  1. Anonymous said... :

    ဗုဓ္ဒဘာသာကို ကိုးကွယ်ယုံကြည်သူ တစ်ယောက်အနေနဲ့ အရက်သောက်တဲ့ ဘုန်းကြီးမြင်တာတောင် ဗြောင်သောက်ရဲတဲ့ လူထက်စာရင် မကောင်းမူလုပ်ရမှ ရှက်တတ်တဲ့ စိတ်နဲ့ ဥတုသုံးပါးမရွေး သင်္ကန်းနဲ့ နေနိုင်တဲ့ကိုယ်ကိုကြိုးစားပြီး ကြည်ညိုနိုင်ပါတယ်။အကုသိုလ် ကြောက်လို့ပါ။ဒါပေမဲ့ ဦးဂမ္ဘီရလို ဆရာတော် ကြီးတွေ အပေါ်လူတွေအကြည်ညိုပျက်အောင် လုပ်ယုံမက ကိုယ်တိုင်လည်း စော်ကားတဲ့ ဆရာတော်မျိုးကိုတော့ ကြည်ညိုလို့ မရပါဘူး။လူထွက်ပြီး နိုင်ငံရေးလုပ်ပါ။

  1. မျိုးချစ်သွေး said... :

    သာသနာရေး၊ နိုင်ငံရေးနှင့်ပက်သက်၍ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးရဲ့အမြင်။ ။

    တပည့်တော်က သာသနာရေးစိတ်နဲ့ချည်း ကြိုးစားတာမဟုတ်ပါဘူး။ နိုင်ငံရေးစိတ်နဲ့လည်းကြိုးစားတာပါ။ ဒါပေမယ့် နိုင်ငံရေးမှာ ဘုန်းကြီးများ တိုက်ရိုက်မပါထိုက် လို့လည်း ယူဆပါတယ်။ လွတ်လပ်ရေးမရခင်တုန်းက အိန္ဒိယနဲ့ မြန်မာ တွဲနေဖို့-ခွဲနေဖို့ ၀ါဒနှစ်မျိုးကွဲခဲ့ပါတယ်။ အမြော်အမြင်ကျယ်တဲ့ ခေါင်းဆောင်တစုက ခွဲဖို့နဲ့ အခြားတစုက တွဲဖို့ကိုမူထားပြီး ရွေးကောက်ပွဲလုပ်ကြတဲ့အခါ အတွဲသမားတွေက ကျေးရွာဘုန်းတော်ကြီးတွေကို ကပ်ထားကြလို့ ဘုန်းကြီး သြဇာများတဲ့ ကျေးရွာသားတွေက အတွဲဘက်မဲပေးလိုက်ကြတဲ့အတွက် အခွဲသမားတွေ ခွက်ခွက်လန်အောင်ရှုံးခဲ့ကြပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးမှာ ဘုန်းကြီးတွေမပါမှ ကောင်းပါတယ်။ သာသနာက ဒီလိုရွေးကောက်ပွဲတွေမှာ ပါကောင်းတဲ့သာသနာမျိုးမဟုတ်ပါဘူး။ ဘီလူးစည်း၊ လူ့စည်းခွဲထားသလို ကိုယ့်စည်းနဲ့ကိုယ် ဣနြေ္ဒရရနေရမယ့်သာသနာပါ။ သို့ပေယမယ့် နိုင်ငံသူနိုင်ငံသားတိုင်း လေးစားအားကိုးလောက်တဲ့သာသနာမျိုးဖြစ်ဖို့ (က)ကျေးရွာတို့မှာ ကျောင်းထိုင်ဘုန်းကြီးများက ကလေးတွေရဲ့ ပညာရေးကို တာဝန်ယူနိုင်ရပါ့မယ်။ (ခ)ရပ်သူရွာသားတွေရဲ့ စာရိတ္တကောင်းမွန်ရေးကိုလဲ တာဝန်ယူနိုင်ရပါ့မယ်။ (ဂ) ဘုန်းကြီးကျောင်းဟူသမျှသည် စာသင်ကျောင်း၊ ကမ္မဌာန်းကျောင်း နျစ်မျိုးသာ ရှိရပါ့မယ်။ (ဃ)အကျင့်သီလနှင့် ပြည့်စုံ၍ ပညာကြွယ်ဝသော ရဟန်းတော်များသည် ကလေးသူငယ်များအား ခေတ်နှင့်လျော်ညီသော စာပေများပညာရပ်များ သင်ပြပေးခြင်း၊ ရပ်ရွာလူကြီးတို့အား စာရိတ္တကောင်းအောင် ဟောပြောလမ်းညွှန်ပေးခြင်းအားဖြင့် တာဝန်ဆောင်နိုင်သောအခါ သာသနာတော်နှင့် နိုင်ငံတော်သည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဖြစ်၍ သာသနာတော်အတွက် တဖက်တလမ်းက နိုင်ငံတိုးတက်လာပေလိမ့်မည်။ ဒါ့ကြောင့် တပည့်တော်ရဲ့ သာသနာတော်အရေးကို ကြိုးစားရာမှာ နိုင်ငံရေးလည်း ရည်ရွယ်ချက်ရှိကြောင်း လျောက်ခဲ့တာပါ။ (အချက် ၁၅ ချက်အနက်မှ ကောက်နုတ်ချက်ဖြစ်သည်) တစ်ဘ၀သာသနာ စာ- ၃၄၅-၃၄၆

  1. Anonymous said... :

    "ဗုဓ္ဒဘာသာကို ကိုးကွယ်ယုံကြည်သူ တစ်ယောက်အနေနဲ့ အရက်သောက်တဲ့ ဘုန်းကြီးမြင်တာတောင် ဗြောင်သောက်ရဲတဲ့ လူထက်စာရင် မကောင်းမူလုပ်ရမှ ရှက်တတ်တဲ့ စိတ်နဲ့ ဥတုသုံးပါးမရွေး သင်္ကန်းနဲ့ နေနိုင်တဲ့ကိုယ်ကိုကြိုးစားပြီး ကြည်ညိုနိုင်ပါတယ်။"
    ခင်ဗျားပေးတဲ့ အတွေးအခေါ်နဲ့ သာဓကက ပိုပြီး လွဲနေလို့ အံ့သြမိတယ်။ ရဟန်း သိက္ခာပုဒ် စောင့်ထိန်းဖို့ ထားဦး။ ငါးပါးသီလတောင် မထိန်းနိုင်တာကို ကြည်ညိုဦးမယ်လား။

  1. Anonymous said... :

    ဘုန်းကြီးကဘုန်းကြီးအလုပ်ပဲလုပ်မယ်ကွာ
    စစ်သားကရော စစ်သားအလုပ်ဘာလို့ မလုပ်တာလည်း??
    ကိုနေရာကိုနေ ကိုအလုပ်ကိုပြီးအောင်လုပ်ကြပါ
    အခုလိုအပြောင်းအလဲကာလမျိုးမှာပိုပြီးအောင်အလုပ်လုပ်ပြရမယ် ဝေဖန်လို့ ရတယ် မနှောက်ယှက်နဲ့ 
    ကိုဘာလိုချင်လည်း ရအောင်ယူ
    စကားတွေအများကြီးပြောစရာမလိုပါဘူး

  1. Kyaw Swar said... :

    ကျွန်တော်ကတော့ ရှင်းပါတယ်.. အစိုးရကို မကြည်တာနဲ့ပဲ ဦးဂမ္ဘီယရဲ့ ၀ိနည်းမညီဒီပြစ်မှုတွေကို ကာဗာလုပ်ပြီး ကျေးဇူးတော်ရှင် ဆရာတော်ဘုရားကြီးတွေကို မပြစ်မှားပါဘူး..

    Very Good !

    Absolutely Agreed

  1. KO KO said... :

    ဆရာတော် ဦးဂမ္ဘီရကို အရည်အချင်းမရှိဘူးပြောရအောင် ရွှေဝါရောင်တော်လှန်ရေးကြီးကို မသိလိုက်ဘူးထင်တယ်။ ဒီဆရာတော်ရှိနေရင် နောက်ထပ် ဒုတိယရွှေဝါရောင် ဖြစ်မလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒါကြောင့် ကြောက်ဒူးတုန်ပြီး အမျိုးမျိုးအကြောင်းပြ မတရားတဲ့ ဥပဒေတွေထုတ်ပြီး အရေးယူဖို့လုပ်တာဟာ အရည်အချင်းမရှိတဲ့သူမို့လို့လား။
    နအဖဘက်က ဘက်လိုက်ပြီး ရေးချင်ရာ ရေးနေတဲ့သူတွေ မျှမျှတတလေးတော့ မြင်တတ်ဖို့ လိုတယ်ဗျာ။ ဆရာတော်လျှောက်ထားတဲ့ အချက် ၁၀ ချက်ဆိုတာကရော မှားနေလို့လား။ ရဟန်းသံဃာတွေ ဖမ်းဆီးနှိပ်စက်တာ သတ်ဖြတ်တာတွေ ခံနေရတုန်းကတောင် ဒီမဟနက ဆိုတာကြီးက ဘာလို့ မနာရတာလဲ။ နာဖို့နေနေသာသာ တခွန်းတပါဒတောင် မဟခဲ့တာ အံ့သြစရာပဲ။ ရဟန်းတော်တွေ နှိပ်စက်ခံနေရချိန်မှာ စားကောင်းအိပ်ကောင်း ဖြစ်နေတယ်ထင်တယ်။
    အခုလို အချက်၁၀ချက်ကို လျှောက်ထားမှ စော်ကားတယ်ထင်၊ နစ်နာတယ်ထင်တော့ ရွှေဝါရောင်တုန်းက ရဟန်းသံဃာတွေကို ဖမ်းဆီးနှိပ်စက်ခံရတာတွေကျတော့ရော မဟနဆိုတဲ့အဖွဲ့ကြီးနဲ့ မဆိုင်လို့လား။ ကိုယ့်မထိတော့ ဘယ်သူသေသေ ငါ့ထိုင်ခုံမြဲရင် ပြီးတာပဲလို့ ခံယူထားကြပုံရတယ်။
    ကျနော်ကတော့ ဘုန်းကြီးမဟုတ်ဘူး အများကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက် လုပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို၊ ကိုကျော်သူတို့လို လူမျိုးတွေကို ကြည်ညိုတယ်ဗျာ။ ရှိခိုးသင့်ရင် ရှိခိုးမှာပဲ။ အခုဆရာတော် ဦးဂမ္ဘီရကိုလည်း ကြည်ညိုတယ်ဗျာ။ ဘယ်သူတွေ ဘယ်လိုပဲ ပုတ်ခတ်ပုတ်ခတ် ပြည်သူတွေရဲ့ အသိတရားကိုတော့ မှေးမှိန်အောင် လုပ်လို့မရပါဘူး။ ဒီကနေ့ခေတ်ဟာ ပညာခေတ်ပါ၊ ပြောတိုင်း ယုံတဲ့ခေတ် မဟုတ်တော့ပါဘူး။
    ဒါကြောင့် တဖက်စောင်းနင်း မလုပ်ကြဖို့ လိုပါတယ်။ တဖက်စောင်းနင်း နိုင်လိုမင်းထက် လုပ်နေသမျှကာလပတ်လုံး ဒီနိုင်ငံဟာ ဖွက်ကြားနိုင်ငံအဆင့်က ဘယ်တော့မှ တက်မှာမဟုတ်ပါဘူး။
    နောက်ထပ် အရေးကြီးတဲ့အချက်က သမိုင်းတရားခံတွေ မဖြစ်ဖို့ လိုပါတယ်။ ဖြစ်ပြီးသမျှတွေကို သမိုင်းသင်္ခန်းစာ ယူသင့်လှပါတယ် -

  1. Anonymous said... :

    Okey, okey....... sanghas will stay away from politics if the Army goes back to their own barrack and serve for the country. U Gambiya is right and clean. He will ascend to Heaven when he dies.

  1. Anonymous said... :

    Agreed ... Hat off to you .. KO KO

  1. Anonymous said... :

    I have big impression and respected on U Gambiya till before he released from jail.
    After I saw a video from DVB when authority came and sealed the monastery, I lose impression on U Zin. The way UZin talk and treat express he has no education and standard.

    In the past, too many NLD offices in many town are sealed by authority. But NLD never broke the seal. Why U Gambiya do that?

    Discipline is the value of human being.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved