၁၀ နာရီမှာ ပိတ်

Friday, February 17, 2012


ရန်ကုန် လှိုင်မြို့နယ် ထွေအုပ်ရဲ့ ထွက်စာတစောင်ပါ။
အင်တာနက်/ဂိမ်းဆိုင်တွေကြောင့် လူငယ်တွေ ပျက်စီးတယ်၊ အိုင်တီနည်းပညာကို တလွဲအသုံးပြုတယ် လို့ ရေးထားပါတယ်။
ဆိုင်တွေကို ည ၁၀ နာရီနောက်ပိုင်း မဖွင့်ဖို့ ညွှန်ကြားထားတဲ့စာပါ။

ဖေ့စ်ဘုတ်မှာရောက်နေတဲ့ ဒီစာကို မှတ်ချက်အမျိုးမျိုး ပေးထားကြပါတယ်။
တချို့ကို ကူးယူ ဖော်ပြပါတယ်။

“Internet Game ဆိုင်များ ကြောင့် မျိုးဆက်သစ် လူငယ်များ ၊ ပျက်စီး ရာလမ်းကြောင်းပေါ်သို့  တွန်းပို့  ရာရောက်သဖြင့်” ............ သေရော....Beer , massage ,KTV တို့ ဘယ်ရောက် သွားပါလိမ့်...
--------------------------------
လူငယ်တွေ Club တက် အရက်သောက် KTV သွား မိန်းမ လိုက်စားမဲ့အစား ဒီလို ဂိမ်းဆော့ အင်တာနက်သုံးအပန်းဖြေတာ အကျိုးမရှိတောင် အကျိုးတော့မယုတ်ဘူးဆိုတာ နားမလည်ဘူးလား မသိဘူး
--------------------------------
ကြာပေါ့ ကျွန်တော်တို့ဆိုင်ဆို 11 ပိတ်ပေးရတာ နှစ်ပတ်လောက်ရှိပြီ......
--------------------------------
၁၀ နာရီ နောက်ပိုင်း ထိတော့ ဆိုင်မှာ ဘယ်သူက သုံးချင်မှာလဲဗျ ..
connection စုတ်လို့ တက်မလား စောင့်ရင်း စောင့်ရင်း နဲ့ ..ညဥ့်နက်သွားတာပါ
--------------------------------
သတိပေး အကြောင်းကြားစာကို ကျွန်တော်တို့  INTERNET ဆိုင်များမှ လုံးဝ ကန့်ကွက်ပါတယ်ခင်ဗျာ။ ထိုသို့ သော တားမြစ်မှုမျိုးမှာ ဒီမိုကရေ စီလမ်းကြောင်းပေါ်သို့ သွားနေသော မြန်မာ နိုင်ငံမှာ လုံးဝမဖြစ်သင့်ပါဘူးခင်ဗျာ။ ဒီမိုကရေစီ ထွန်းကားသော မည်သည့်နိုင်ငံတွင်မှ မရှိသော တားမြစ်မှုမျိုးအား ယခုမှ ဒီမိုကရေစီရောင်နီလေး ပေါ်ထွက်လာရုံရှိသော မြန်မာနိုင်ငံတွင် ပြုလုပ်ပါက နိုင်ငံတော်သမ္မတက အပြောတမျိုး၊ လုပ်တော့ တစ်မျိုးလုပ်သည်ဟု ဝေဖန်ခံ ရနိုင်သောကြောင့် တာဝန်ရှိသူများအနေဖြင့် ပြန်လည် စဉ်းစားချင့်ချိန် သုံးသပ်စေ လိုပါတယ်ခင်ဗျာ။

ထို့အပြင် အသိပေး အကြောင်းကြား စာအရ “ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ့ မြို့နယ်တစ်ခု တွင် နေထိုင်သူ တစ်ဦး မှ” (တစ်ဦးမှ) ဆိုသော စကားစုအရ လူအများက တောင်းဆိုခြင်း မဟုတ်ပဲ ပိုင်ရာ ဆိုင်ရာ တစ်စုံတစ်ယောက်သောသူက တောင်းဆိုတယ်လို့ နားလည်လက်ခံ ရပါတယ်။

ထို့ကြောင့် မြန်မာ နိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့  ရောက်နေပါပြီဟု မည်သို့ ပင် ပြောပြော တစ်ဦးတစ်ယောက် ၊ တစ်အာဏာ တစ်မိန့် ဖြစ် တဲ့  အာဏာရှင်စနစ်မှာ ချုပ်ငြိမ်း ပျောက်ကွယ်ခြင်းမရှိသေးဟု ပြည်သူအများ အထင်အမြင်မှားနိုင်ပါသဖြင့် တာဝန်ရှိသူများအနေဖြင့် ပြန်လည်စဉ်းစားချင့်ချိန် သုံးသပ်စေလိုပါတယ် ခင်ဗျာ။

ထို့ အပြင် သတိပေး အကြောင်းကြားစာတွင် ပါဝင်သော
“Internet Game ဆိုင်များ ကြောင့် မျိုးဆက်သစ် လူငယ်များ ၊ ပျက်စီး ရာလမ်းကြောင်းပေါ်သို့  တွန်းပို့  ရာရောက်သဖြင့်”
ဆိုသော စကားစုမှာ အဓိပ္ပါယ် လုံးဝမရှိကြောင်း၊ ယနေ့ ခေတ် လူငယ် အများစု ညဖက်ဘယ်သို့ သွားလဲ ဆိုတဲ့  စစ်တမ်းများသေချာကောက်ယူ လေ့လာ ကြည့်စေချင်ပါတယ်။

သေချာရေရာ သော အဖြေထွက်လာမှသာလျှင် ယခုကဲ့သို့ သော သတိပေးစာမျိုး ထုတ်ဝေစေချင်ပါတယ်။ အကျိုးအကြောင်း မခိုင်လုံသော ယခုကဲ့သို့သော သတိပေးစာမျိုးမှာ လူထုအကျိုးအတွက် ထုတ်ဝေခြင်းမဟုတ်ပဲ တစ်ဦးတစ်ယောက်ဧ။် ဆန္ဒအရ သာ ထုတ်ဝေခြင်းဖြစ်ကြောင်းသုံးသပ်မိပါတယ်။

ထို တိုင်ကြားသောပုဂ္ဂိုလ်မှာ မိမိ အိမ်မှ ကျောင်းသားအား ထိန်းသိမ်း ရာတွင် မနိုင်သောကြောင့် ဖြစ်ဟန်တူပြီး

ဖွံ့ ဖြိုးတိုးတက်ရန် အစပြိုးနေသော ကျွန်တော်တို့ နိုင်ငံဧ။် ယခုလို အချိန်မျိုးတွင် Internet access 24 Hours service ပေးနေသော Internet Center များ အား ညမဖွင့်ရအမိန့်ထုတ်ပြန်ခြင်းမှာ တိုင်းပြည်ဧ။်အခြေအနေ အချိန်အခါ နှင့်ရော တိုင်းပြည်ဧ။်ရှိသင့်ရှိထိုက်သော လိုအပ်ချက်နှင့်ပါ လုံးဝမကိုက်ညီရာရောက်နေပါသဖြင့်

တာဝန်ရှိ လူကြီးမင်းများ ပြန်လည်သုံးသပ်စဉ်းစား စေချင်ပါတယ်။

9 comments :

  1. မောင်သစ္စာ said... :

    အဓိက ပြောလိုတာက ဂိမ်းကစားတာကို ပြောလိုပုံရပါတယ်။ ရေးထားတဲ့ စာက ရှုပ်ထွေးလွန်းလို့ ဆိုလိုရင်းကို သဘောမပေါက်တာ ဖြစ်မယ်ထင်တယ်။
    မူလတန်းအရွယ် ကလေးငယ်လေးတွေ တချို့ မှာတော့ ဂိမ်းကစားတာက လွန်လွန်ကျွံကျွံ ဖြစ်နေလို့ မိဘတွေ စိတ်ပူနေရတာမျိုး ရှိပါတယ်။ ဂိမ်းကို စွဲသလို ဖြစ်ပြီး၊ ကျောင်းစာကို စိတ်ဝင်စားမှု မရှိတော့တာ၊ မုန့်ဖိုးပေးလို့ မုန့် ၀ယ်မစားတော့ဘဲ ဂိမ်းဆိုင်သွားပြီး ဂိမ်းကစားတာ၊ နောက်ဆုံးအဆင့် ဆင်းရဲတဲ့ ရပ်ကွက်တွေမှာ ဆိုရင် မိဘက ဆန်တစ်ပြည်သွားဝယ်ပါ-ဆိုပြီး ပိုက်ဆံပေးလိုက်ရင်တောင် တစ်ပြည့်အပြည့် မ၀ယ်တော့ဘဲ ကျန်တဲ့ ပိုက်ဆံကို ဂိမ်းကစားပစ်တာမျိုးတွေ ရှိနေပါတယ်။ ကလေးတွေ ကျန်မာရေး ပညာရေး ကိုယ်ကျင့်တရားဆိုင်ရာမှာ အားနည်းလာတဲ့ အထိ ဖြစ်လာရင်တော့ အထိန်းအကွပ် လုပ်သင့်တယ် ထင်တယ်။

  1. Anonymous said... :

    အရှူးချီးပန်းလျှောက်လုပ်နေတာပါ၊ အဲဒီမြို့နယ်အုပ်ချုပ်ရေးမှူးက အင်တာနက်အကြောင်းဘယ်လောက်သိလို့လဲ။
    နောက်ပြီး ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တစ်ခုမှ လူတစ်ဦးက တဲ့။ မြန်မာပြည်မှာ မြို့နယ်တစ်ခုမှ လူတစ်ဦးကပြောတာနဲ့ မဆိုင်တဲ့မြို့နယ်က တားရသတဲ့လား။ ကြား ကြားဖူးပေါင်တော် ရေ့။
    အဲဒီလူတစ်ဦးဆိုတာ အာဏာပါဝါရှိသူတစ်ဦးပဲဖြစ်ရမယ်

  1. Shanghtin said... :

    close internet cafe is not option ! need better solution

  1. Anonymous said... :

    ဂိမ်းကြောင့် ဆိုရင်တောင် လူငယ်တွေ ပျက်ဆီးမှာစိုးလို့  အချိန်လွန်မဖွင့်ရ ဆိုတာတော့ အကြောင်းပြချက်ကြီးလွဲနေတယ်။ ပျက်ဆီးမှာစိုး ရင်လုံးဝ ပိတ်လိုက်ပေါ့။

    တကယ်ဆို ဖြစ်သင့်တာက ဘယ်အချိန်မဆို ကလေးတွေကို ဂိမ်း ကစားခွင့် မပြုဖို့ ။ ကျောင်းယူနီဖေါင်းနဲ့  ဘာညာ စသည်ဖြင့် ဖြစ်ရမှာ ။ အမှန်တော့ ညဘက် အချိန်လွန် ဆိုင်ဘာညာ ဖွင့်တာကို တမင်ကန့် သတ်ချင်တာ သက်သက်ရယ်

    တော်တော် တုံးတဲ့ ထွေအုပ်။

  1. Anonymous said... :

    ဥပဒေအရဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးတယောက်ဟာ ဆိုင်တဆိုင်ကို ဘက်အချိန်မှာ ဖွင့်ရမယ် ဘယ်အချိန်မှာ ပိတ်ရမယ်လို့ ညွန်းကြားပိုင်ခွင့်မရှိဘူးထင်တယ်။ ဒါစစ်အုပ်ချုပ်ရေမှ မဟုတ်တာ။ မြို့နယ်အုပ်ချုပ်ရေးမှူး တယောက်ရဲ့ လုပ်ပိုင်ခွင့် (Scope of work) ကို ဆန်းစစ်ဖို့လိုလိမ့်မယ်။ သူက စာလေးရေးပြီး လက်မှတ်ထိုးတိုင်းလိုက်နာဖို့မလိုပါဘူး။ ဥပဒေနားလည်သူများ အကြံပေးကြပါ။ ဥပဒေနဲ့မညီတဲ့ ညွန်ကြားချက်ဆိုရင် သူ့ကိုတောင် ဖယ်ရှားဖို့ လွတ်တော်တင်သင့်တယ်။

  1. Anonymous said... :

    ရန်ကုန် လှိုင်မြို့နယ် ထွေအုပ်ရဲ့ ထွက်စာတစောင်ပါ။........
    ထွေအုပ်က ထွက်စာ (Resignation) တင်လိုက်သလိုပဲနော်။

  1. Anonymous said... :

    Connection ကောင်းရင် ည၁၀ အထိအိပ်ရေးပျက်ခံပြီး မနေပါဘူးဗျာ။ ပြီးတော့ ၁၀ တန်းစာမေးပွဲနီးလာလို့ဆိုပြီး အကြောင်းပြရင်တော်သေးတယ်။ ခုဟာက ဘယ်လိုနားလည်ရမယ်မှန်းကိုမသိဘူး ဖြစ်နေတယ်[ ခင်ဗျားပဲဂေါက်တာလား ကျုပ်တို့ပဲဉာဏ်နည်းတာလား]

  1. Anonymous said... :

    Lamar Smith ဘာတော်လဲမသိဘူး

  1. Anonymous said... :

    ဟားဟား

    မြို့နယ်ရုံးက စာထုတ်တာကလဲ လက်နှိပ်စက်
    နဲ့ရိုက်ထားပါလား......
    လက်နှိပ်စက်နဲ့ အင်တာနက်သုံးလို့မရလို့ စိတ်နာနာနဲ့.. လျှောက်လုပ်တာနေမှာပေါ့
    မြို့နယ်အုပ်ချုပ်ရေးမှူးရေ...ကျုပ်တို့ရွာက
    အရီးလှ အကြော်စုံလုပ်ငန်းတံဆိပ်တောင်
    ကွန်ပျူတာစာလုံးနဲ့ဖြစ်နေတာ ဆယ်စုနှစ်
    တစ်ခုလောက်ရှိပြီဗျ.....နဲနဲ အုံး သုံးစမ်းပါဦး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved