ရဲတယောက်ရဲ့ အသံ

Tuesday, February 28, 2012

ပြည်ပ သတင်းကနေနိုငိငံတော်က သိအောင် တင်ပြ တောင်းဆိုပါတယ်။ အဲဒီလို ရင်ဖွင်.မှပဲ သမ္မတ ကြီးက သိမှာပါ။

ဒီလိုပါ ရဲတပ်ဖွဲ.တွေက ရာထူးတွေဖြေထားတာလည်း ကြာပါပြီ အခုထိတောင်မတိုးပေးဘဲနဲ. ဒီအတိုင်းပဲ ပစ်ထားတော.မှာလား။

စစ်တပ်ကနေပြောင်းလာတဲ. သူတွေကျတော. ဘွဲ.လည်းမရ၊ ပြည်သူတွေခြားမှာ လုပ်ကိုင်ပုံကလည်း ဘာမှမတက်နဲ. အကပ် ကောင်းပြီး ရောက်လာကြတော.ပြည်သူတွေကလည်း ရဲဆို မုန်းလာနေတော.ရဲဝန်ထမ်း လုပ်တာတောင် ရပ်ချင်နေပါပြီ။

ရာထူး တိုးဘို.ဆိုပြီးစာမေးပွဲဖြေခဲ.တာ ဦးသန်းရွှေ လက်ထက် ကတည်းကပါ။

ခုထိ ဒုန်ရင်း ဖြစ်နေကြတယ်။ ရာထူးအကြောင်းပြောတာက လဘ်စားချင်လို. မဟုတ်ပါဘူး။ ရဲတွေက ပြည်သူတွေ နဲ.နေကြရတာပါ။ ပညာ တက်ဘွဲ.ရ ရဲတွေ ဖြစ်ပြီး ဒီအတိုင်းနဲ.နေရတာတော. ပခုံးပေါ်က အပွင်.တွေက အလကား ဖြစ်နေတယ်။

စိတ်ဓါတ်ကောင်းပြီး လဘ်စားမှု မရှိတဲ. ရဲတွေ ကျတော. နေရာကလည်းမရ ရာထူးကလည်း မတက်နဲ. အသက်တွေက ကြီးလာပြီ ယခုဆိုရင် နုတ်ထွက်ချင်နေပါပြီ။

လိုချင်နေတာကတော. လစာ တိုးတာထက် ရာထူးတိုးတာက ပိုတိုးတက်မယ် ထင်ပါတယ်။

ဝန်ထမ်းလစာတက်ရင် ကုန်ဈေးနှုန်းက တက်မှာပဲ အဲဒါကြောင်. ငွေမမက်ပဲ ရာထူးမက်ပြီး ပြည်သူတွေ အပေါ် သစ္စာရှိတဲ. ၀န်ထမ်းကောင်းဘဲ ဆက်ဖြစ်ချင်တာကြောင်. သမတ္တကြီး နဲ. ပြည်ထဲရေး ၀န်ကြီး သိအောင် ပြည်ပ သတင်းကနေဘဲ ရင်ဖွင်.တောင်းဆိုလိုက်ပါတယ်။

5 comments :

  1. Anonymous said... :

    ‘‘စစ်တပ်ကနေပြောင်းလာတဲ. သူတွေကျတော. ဘွဲ.လည်းမရ၊ ပြည်သူတွေခြားမှာ လုပ်ကိုင်ပုံကလည်း ဘာမှမတက်နဲ. အကပ် ကောင်းပြီး ရောက်လာကြတော.ပြည်သူတွေကလည်း ရဲဆို မုန်းလာနေတော.ရဲဝန်ထမ်း လုပ်တာတောင် ရပ်ချင်နေပါပြီ’’
    မိတ်ဆွေကြီးလှမ်းတိုင်တဲ့သမတကြီးကိုယ်တိုင်လဲ စစ်တပ်ကနေပြောင်းလာပြီး အတင်းဝင်အုပ်ချုပ်နေတာဆိုတော့ တိုင်လို့သိလည်းထူးမယ်မထင်ပါဘူး။
    အားလုံးအခြေခံဥပဒေကနေစပြီးမြေလှန်ပြောင်းမှကောင်းသွားမှာပါ။ဒီတိုင်းကတော့မုန့်လုံး
    စက်ကူကပ်ဖြစ်နေမှာပါ။

  1. Anonymous said... :

    ရဲတပ်ဖွဲ့ဝင်တစ်ယောက်အတွက် ရာထူးတိုးပေးဘို့မပြောနဲ့ ဦးထုပ် (၁၅၀၀ိ)၊ ဘိနပ် (၅၀၀၀ိ)၊ ခြေအိပ် (၁၀၀၀ိ)၊ ယူနီဖေါင်း(သာမန်)(၂၀၀၀၀ိ) ဒါတွေအားလုံး ရတဲ့လစာ ထဲက၀ယ်ဝတ်နေရတယ်။ ဒီကြားထဲ ယူနီဖေါင်းမကောင်းရင် အပြောခံရသေးတယ်။ ဒါကြောင့် ရဲထဲစ၀င်တုံးက ၀န်ခံကတိပြုသလို လုပ်သက်(၅)နှစ် ပြည့်ရင် ထွက်ခွင့်ပေးပါခင်ဗျား။

  1. Anonymous said... :

    ရဲတစ်ယောက်ရဲ့အသံအား စာဖတ်သူများ ပိုမို နားလည်စေရန် ထပ်မံဖြည့်စွက်လိုပါတယ်။ ရဲတပ်ဖွဲ့မှာ issue ဆိုတာမရှိဘာဘူး။ အကုန် ကိုယ့်ဟာကိုဝယ်ဆင်ရတာပါ။ အဲဒီတော့ ၀င်ငွေ ကောင်းတဲ့သူနဲ့ မကောင်းတဲ့သူ အရောင်တွေကွာကုန်ရောပေါ့။ ဒီကြားထဲ မိုးကျရွှေကိုယ်တွေက အပေါ်ကနေကျလို့ မပြီးနိုင်တော့ အောက်ကရဲဝန်ထမ်းတွေမှာ မျှော်လင့်ချက်ဆိုတာမရှိတော့ဘူး။ ပခုံးပေါ်က အပွင့်လေးတစ်ပွင့်၊ လက်မောင်းပေါ်က အရစ်လေးတွေသာဆွေးသွားမယ်၊ တက်စရာ နေရာမှမရှိတာ။ ဥပဒေမနားလည်တဲ့ မိုးကျရွှေကိုယ်တွေရဲ့ ငါတကောလုပ်ရပ်က ရဲနဲ့ပြည်သူကို ပိုဝေးကွာစေပြန်ရော။ မြို့ပြအုပ်ချုပ်ရေးကို သူတို့က စစ်ဆေးရေးလုပ်တယ်လို့ထင်နေတာလေ။ ဒုရဲအုပ်လောင်းသင်တန်းတွေကြပြန်တော့ လည်း ကန့်သတ်ချက်မျိုးစုံနဲ့ အရည်အချင်းရှိသူတွေ၊ တကယ်ဝါသနာပါသူတွေကို စစ်ထုတ်ဖယ်ထားပြီး အကပ်ကောင်းသူတွေပဲ ပါကုန်ကြပြန်ပါတယ်။ တပ်တွင်းမှာ မင်းတို့ဘွဲ့ရရင်အရာရှိပေးမှာပေါ့လို့စည်းရုံး ပြီးရဲထဲဝင်ခဲ့သူတွေမှာ အခုဘွဲ့ရပြီးလို့အသက်တွေသာကျော်ကုန်ကြတယ် အရာရှိလည်းမဖြစ်၊ ထွက်ခွင့်လည်းမရနဲ့။ အရည်အချင်းရှိပြီး၊ လုပ်နိုင်ကိုင်နိုင်ရင်၊ ရဲပီသရင် ဘာဖြစ်မှာဆိုးလို့ ချောင်ထိုးထားရတာလဲဟင်။ အရည်အချင်းရှိသူတွေအတွက် ဘာမဟုတ် တဲ့ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးသင့်ပါ ပြီ။

    အရည်အချင်းရှိပြီး ချောင်ထိုးခံနေရသောရဲ များရဲ့ကိုယ်စား


    ဦးရဲကြီး

  1. ပြောရရင် ဒါ့ထက်ဆိုးတာတွေတောင်ရှိသေးတယ်...
    ရဲတပ်ရင်းက ရဲတွေဆိုရင် ငတ်သေတော့မယ်။
    စခန်းရဲကျတော့လည်း အထက်အဆင့်ဆင့်ကိုရှာကျွေးနေရတာ...
    ပြောမယ်ဆိုရင် ဌာနတိုင်းမှာအဲလိုဖြစ်နေတာ...။
    (တကယ်မသိကြတာလား..မသိချင်ယောင်ဆောင်နေကြတာလား )

  1. war said... :

    တစ်ခြားဌာနဆိုင်ရာအ၇ပ်ဘက်ဝန်ထမ်းတွေလည်း ဒီလိုဘဲခံစားနေ၇တာပါ။ကြာခဲ့ပြီလေ၊ဘာမှ မတတ်တဲ့စစ်တပ်ကစစ်သားတွေ အရပ်ဘက်မှာ ၀င်အုပ်ချုပ်လိုက်တာတိုင်းပြည်က တိုးတက်မှု့ အောက်ဆုံးအဆင့်ရောက်သွားတယ်
    ရဲတွေလည်း ညစ်တွန်း တွန်းတော့တာဘဲလေ။ ရာထူးမတက်တော့မဲ့အတူတူတော့၊ လာဘ်စားတာဘဲ ကောင်းတော့တယ်လေ။ ကိုယ့်သားလောက်ရှိတဲ့ကောင်က ငါနဲ့ကိုင်တုတ် တာကိုခံနေရတဲ့ဘ၀မှာ၊ လာဘ်စားနေတာဘဲကောင်းပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved