CNF ရဲ့ ရုံးခွဲကိစ္စ ထုတ်ပြန်ချက်

Sunday, February 26, 2012

ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းမှာ အစိုးရသစ်နဲ့ အပစ်ရပ်စဲရေး ဆွေးနွေးခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး CNF က တီးတိန်မြို့နယ်ထဲမှာ ရုံးတွေဖွင့်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး၊ ဒေသခံပြည်သူတွေရဲ့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။



CNF က ချင်းပြည်နယ် တီးတိန်မြို့ပေါ်မှာ ရုံးဖွင့်မယ်၊ ဘွတ်ဖိလ်ရွာနဲ့ ဇိမ်ပီးရွာတွေမှာ CNF အဖွဲ့ဝင်တွေ နေဖို့ နေရာချထားမယ့်ကိစ္စတွေကို တီးတိန်ဒေသခံတွေက ကန့်ကွက်တဲ့အကြောင်း လက်မှတ်ရေးထိုးပြီး သမတ၊ ပြည်သူ့လွှတ်တော်ဥက္ကဌနဲ့ အမျိုးသားလွှတ်တော် ဥက္ကဌဆီကို ဖေဖော်ဝါရီ ၂၁ ရက်နေ့က ပေးပို့တင်ပြခဲ့တာတွေ အပြီးမှာ အခုလို ထုတ်ပြန်ကြေငြာလိုက်တာပါ။

ဒေသခံတွေက သမတဆီ ပေးပို့တဲ့ စာ ထဲမှာ CNF နဲ့ သူ့ရဲ့တပ်ကြောင့် ဒေသတွင်းမှာဖြစ်ခဲ့တဲ့ ရွာတွေနဲ့ ခရီးသွားပြည်သူတွေကို အဓမ္မငွေကြေးကောက်ခံခဲ့တာတွေ၊ ဒေသခံတွေကို ဖိနှိပ်မှုတွေရှိခဲ့တာတွေကြောင့် အကယ်လို့သာ CNF ရဲ့ ရုံးကို ဒီဒေသမှာ ဖွင့်ခွင့်ပေးမယ်ဆိုရင် ဒီလိုအဖြစ်မျိုးတွေ ထပ်ဖြစ်လာပြီး ဒေသငြိမ်းချမ်းရေးကို ထိခိုက်လာနိုင်တယ်ဆိုတာတွေ ပါဝင်တယ်လို့ သိရပါတယ်။

2 comments :

  1. ကောင်းတယ် ဒီCNFကို ကျွှန်တော်တို့ တီးတိန်တွေက လုံးဝကို မထောက်ခံပါဘူး... ကျွှန်တော်ကတီးတိန်ပါ နိုင်ငံကို ငြိမ်းချမ်းတာဘဲမြင်ချင်ပါတယ်...။ CNFက ချင်းပြည်နယ်မှာဘာလုပ်ပေးခဲ့ဘူးလည်း တီးတိန်ဘက်မှာ သူတို့ကို ဘယ်သူတွေမှ မထောက်ခံပါဘူး... သူတို့သတ်လို့သေတဲ့ လူတွေအများကြီးဘဲ စစ်တပ်ကသတ်လို့သေတဲ့ သူထက်တောင်ပိုများလိမ့်မယ်...။ နောက်တစ်ချက်က သူတို့က ဟားခါးတွေပါ ဘာလို့သူတို့ ဟားခါးမှာ ရုံးမဖွင့်တာလည်း... သိတဲ့သူတွေရှိရင် ပြောပြကြပါဦးဗျာ...။ စစ်တပ်ကိုဝင်ပစ်တာမျိုးတောင် မလုပ်ရဲတဲ့ အဖွဲ့ကများ လူပါးမဝချင်ပါနှင့်...။ စစ်သား၁၀၀ ရှိသေးရဲ့လား ကျွှန်တော်တို့ဘက်မှာ စစ်သည် ၁၀၀၀ ကျော်ရှိတဲ့ အိန္ဒိယအခြေဆိုက် ZRA အဖွဲ့ကြီးရှိပါသေးတယ်... သတိထားပါ...။

  1. zomi chin said... :

    ဇိုမီးလူမျိုးများဟာ CNF မှမဟုတ်ပါဘူး။သေနတ်ပြောင်းဝဖြင့်လူထုကို အုပ်ချုပ်ခဲ့သော မြန်မာစစ်တပ်အပါအ၀င်
    အပြစ်မဲ့ဒေသခံများကို ညှင်းဆဲသည့် မည်သည့်လက်နက်ကိုင်များကိုမဆို
    ရွံ့ရှာပါသည်။ဘိုးဘွားအမွေရရှိထားသည့်
    ချင်းပြည်နယ်(မိမိတို့ ကိုယ်ပိုင်မြေ)တွင်
    ဘာသာရေးအရ အလေးအမြတ်ထားသည့်
    လက်ဝါးကပ်တိုင်များဖျက်ဆီးခံရမှုနှင့် ၄င်းနေရာ
    တွင် စေတီပုထိုးများဆောက်လုပ်ခြင်းများကိုလည်း
    ရှံ့ချပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved