၁၁ နာရီကျော်ရင် ဖုန်းခေါ်ခ တ၀က် သက်သာမယ်

Sunday, March 4, 2012

ည(၁၁)နာရီနောက်ပိုင်းဆိုရင် မိုဘိုင်းဖုန်း ပြည်တွင်းခေါ်ဆိုခနှုန်းတွေ ထက်ဝက် လျှော့ပေးမယ် တဲ့။
ည ၁၁ ကနေ မနက် ၇ နာရီ အတွင်း လျှော့ဈေးပေါ့။
ကျန်တဲ့အချိန်တော့ မူလနှုန်းထားအတိုင်းပါ။
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းရဲ့ ပရိုးမိုးရှင်း ဆိုပါတော့။

ဒီအစီအစဉ်ကို လာမယ့် ၁၄ ရက် နေ့ မှာ စတင်မယ် တဲ့။ မနေ့က သတင်းစာမှာ ဖော်ပြထားပါတယ်။

ပုဂ္ဂလိကကို တယ်လီဖုန်းဆက်သွယ်ရေး အပြိုင်အဆိုင် လုပ်ခွင့်ပြုထားတဲ့ အမေရိကန်နိုင်ငံမှာတော့ ညဦးပိုင်းကနေ မိုးလင်းအထိ မိုဘိုင်းဖုန်း အခမဲ့ ပြောနိုင်အောင် ဖုန်းကုမ္ပဏီတွေက မက်လုံးပေးထားကြပါတယ်။



12 comments :

  1. Anonymous said... :

    မဆိုးပါဘူး ဒီသတင်းလေးကလဲ ရယ်စရာဟာသလေးပေါ့ ၂၀၁၂ခုနှစ်ရဲ့ အပြောင်မြောက်ဆုံး ရီးစရာဟာသလေးတစ်ပုဒ်အဖြစ်တော့နိုင်ငံတကာကဆုပေးကျလိမ့်မယ်ထင်တယ်နော် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူတွေအပေါ်ထားတဲ့ မဟာ့မဟာ့စေတနာတော်ကြီးအဖြစ်ပေါ့ သူများနိုင်ငံတွေမှာဘယ်လိုပေးသလဲမသိလို့နေမှာပါ ခွင့်လွတ်ေးပးလိုက်ကျပါဗျာ

  1. Anonymous said... :

    ည ၁၁ နာရီကျော်မှတော့ သမီးရည်းစားစကားပြောတဲ့သူတွေလောက်ပဲ သုံးကြတော့မပေါ့၊

  1. MON said... :

    Even the young people cannot do because they have to go to bed early before 11 pm so as to go to work or school. So, it is ridiculous and doesn't make any sense. That's why they do so as not to lose....

  1. villager said... :

    အဲချိန်ကြီးမှ နင့်ကြီးဒေါ်ဆီဆက်ဆက်မှပဲ
    အချိန်မတော် သူများအိပ်ချိန်ကြီးဖုန်းခေါ်လို့
    ပြဿနာတွေ တက်ကုန်မပေါ့ အရူးလား
    ဒီချိန်ကြီးဖုန်းဆက်ရအောင်
    ကြည့်လည်းလုပ်ကြပါဦးဗျာ
    ယုတ္တိရှိရှိလေး စေတနာထားတယ်ဆိုရင်ပေါ့လေ
    ရွာမှာကတော့ အဲချိန်ဆို မီးမရှိတာနဲ့
    ဘာသံမှတောင် မကြားရတော့ဘူး

  1. banyahtut said... :

    အမှန်ကတော့ နောက်တစ်မျိုးအနေ နဲ့ frends and family ဆိုတဲ့ အစီအစဉ်လေး ထည့် ပေးနိုင်ရင်ပိုကောင်းမယ် ကိုဖုန်းကနေ နောက်ဖုန်း၁၀လုံး ကို စာရင်းထည့်ပြီးခေါ်နိုင်တဲ့နည်းလေးပေါ့ အဲဒါဆိုပို ပြီးဆက်သွယ်ရေးစနစ် လဲတွင်ကျယ်သွားမယ် နော်....

  1. Anonymous said... :

    ည ၁၁ နာရီကျော်ရင် ဖုန်းပြောကြသူ အများစုက အရည်မရ အဖတ်မရ ပြောကြတာ၊
    တိုင်းပြည်ကြီးတော့ တိုးတက်ဦးတောမှာပဲ...။

  1. Anonymous said... :

    လူကြိးမင်းတို့ ပြောလိုက်ရင် လွဲသွားတာပဲ မရှိဘဲကို
    တော်တော်ကို အမှန်ပြောတတ်တယ် ။ အမှန်ပြောလွန်းရင် ရွာ့အပြင်ရောက်တယ်တဲ့ ကြားဖူးတယ်ဗျ.....

  1. Anonymous said... :

    ဂျပန်မှာ Softbank ဆိုတဲ့ phone company က softbank အချင်းချင်းဆိုရင် မနက်လင်းအားကြီး ၁ နာရီကနေ ည ၉ နာရီအထိ free ပါ တခြား phone ကိုခေါ်မယ်ဆိုရင်တော့ plan အမျိုးမျိုးနဲ့ပေါ့

  1. Anonymous said... :

    Kuya said

    For a long years ago, Most of country has been started mid night hand phone call rate as well as off peak hour service (2300pm-0600am).
    Just now MPT
    Myanmar Post and Telecommunication should be provided to hand phone call
    low rate for public holiday and gazetted holiday (Sunday and State holiday). And also MPT should be perform phone service facility oversea SMS/MMS and Voice mail for hand phone users.

  1. Anonymous said... :

    အုပ်ချုပ်သူအစိုးရကတကယ်ပဲပြည်သူအပေါ်စေတနာရှိ
    ယင်ကျွန်တော်တို့ တိုင်းပြည်တိုးတက်တာကြာပေါ့။

  1. Anonymous said... :

    မယောင်ရာဆီလူး
    ကိုင်းဖျားကိုင်းနားခုတ်ပြီး အလိမ်ဖုံးနေကြ

    လူအများစု အလုပ်မလုပ်တဲ့ အနားယူချိန်
    အသုံးမဝင်ချိန်ကိုလာပြီး ဈေးလျှော့တယ်

    သမီးရည်းစားနဲ့ နောက်မီးလင်းမဲ့သူတွေ အဆင်ပြေအောင် ဝန်ဆောင်မှု့ပေးနေတာ

    လူထုလိုချင်တာ ဒါမဟုတ်ဘူး
    လိုချင်တာ အရှင်းဆုံးပြောလိုက်မယ်

    မင်းတို့အမြန်ဆုံး အလုပ်ကထွက်ကြ

  1. Anonymous said... :

    ဒီအချိန် သမီးရည်းစားပဲ စကားပြောတယ်ဆိုတဲ့လူတွေကို မေးချင်တယ်။ ခင်ဗျားတို့ ဒါပဲ လုပ်ဖူးသလား။ ကျွန်တော်လား။ ဘောလုံးပွဲ ကြေးမေးတယ်။ ကြေးတင်တယ်။ ဟုတ်ပြီလား။

    ခင်ဗျားတို့ အထင်ကြီးတဲ့ နိုင်ငံခြားမှာလဲ office hour ကို မနက်ပိုင်း ၂နာရီလောက်စော၊ ညနေပိုင်း ၂နာရီလောက်နောက်ကျပြီး ဈေးပိုပေးရတာပဲလေ။ ခက်သားပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved