ဒီပုံတွေကတော့ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ ကြံ့ခိုင်ရေး ပါတီက အလံတွေ လွှင့်ထူပြီး မဲဆွယ် စည်းရုံးရေး လုပ်နေတဲ့ ပုံတွေပါ။
ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပဒေကို ချိုးဖောက်ရာရောက်တယ် လို့ ဆိုတယ်။
အဲဒီလို ချိုးဖောက်ပြီး လုပ်ဆောင်နေတဲ့ အတွက် ဧရာဝတီတိုင်း NLD က ဒေသဆိုင်ရာ တိုင်း ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းထားပါတယ် တဲ့။
ရွေးကောက်ပွဲ ကော်မရှင်က မျက်စီမရှိ နားမရှိလို့ လား။ ဘက်လိုက်ပြီး လွှတ်ထားပေးတာလား။ ရွေးကောက်ပွဲ ကော်မရှင်က တရားမျှတမှု့ ကင်းမဲ့တဲ့ ကော်မရှင်ဖြစ်ဖို့  ၉၉ % ဖြစ်ပါတယ်။ အတိုက်အခံ ကို အရေးယူဖို့  ဟန့် တားဖို့ လောက်သာ အရံပြ ဖွဲ့ ထားတဲ့ ကော်မရှင်ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ လက်အောက်ခံ လူအခွင့်အရေး ကော်မရှင် လိုမျိုး ထူးမခြားနား အမည်ခံ အဖွဲ ဟန်ပြ အဖွဲတွေ လောက်သစာဖြစ်ပါတယ်။ လူအခွင့်အရေးအရေခြုံ ထားတဲ့ စစ်အစိုးရ လူ့ အခွင့်အရေး အဖွဲ့ ဆိုကလည်း စစ်တပ်နှင့် စစ်တပ်အသိုင်းအဝိုင်း အခွင့်အရေး တွေကို သာကာကွယ်ဖို့  ဖွဲ့ ထားတာ ထင်ရှားပါတယ်။