ဒေါက်ချာ

Friday, March 16, 2012


ကာတွန်း - လိုင်လုဏ် (Salai Thawng Hlaing Lung)

1 comments :

  1. Anonymous said... :

    ကျူရှင်ဆိုတာ စာမလိုက်နိုင်သူတွေအတွက်သာ အကူအညီ လိုတဲ့အတွက် လုပ်ပေးရမယ့် ပညာရေးအထောက်အကူ သဘောမျိုး ဖြစ်သင့်ပါတယ်။ အခုတော့ စာတော်လို့ ရောက်လာတဲ့ ကလေးတွေ အများစု ရှိတဲ့ တက္ကသိုလ်မှာ တစ်ယောက်မကျန် ကျူရှင် ယူရအောင်လုပ်နေတာကို ဆေးဝန်ကြီးက မသိသလို လုပ်နေတာလား။ သိသလောက်ကလေး ပြောရရင် ရန်ကုန်က ၇ မိုင်ခွဲနဲ့ စမ်းချောင်း ရှင်စောပုလမ်းတွေမှာ ဆေးကျောင်းသားတွေကို အကြီးအကျယ် ကျူရှင်ပေးနေကြတာတွေကို သတင်းသမားတွေလည်း အလွယ်တကူ ဖော်ထုတ်နိုင်ပါတယ်။ တခြားလည်း ၀ိုင်းတွေ မှိုလို ပေါက်နေတာပါ။ တက္ကသိုလ်မှာ လုံလောက်အောင် သင်ပေးနိုင်ရင် ဒီကျူရှင်တွေ ဒီလို သောင်းကျန်းနေနိုင်မှာ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် ကျူရှင်ပြနေတာမျိုးမဟုတ်ဘဲ စီးပွားရေးလုပ်နေကြတာမျိုးကတော့ မကောင်းပါဘူး။ လူတွေ လက်မတို့သင့်တဲ့ သာသနာရေးကိစ္စလိုဟာမျိုးကိုတောင် လက်တို့ပြီး သာသနာ သန့်ရဲသေးရင် ဆေးကျောင်းသာမဟုတ်ဘဲ ပညာရေးကဏ္ဍ အသီးသီးမှာ ဒီလို စီးပွားရှာပြီး ပညာရေးအဆင့်ကို နိမ့်ကျအောင်လုပ်နေတာမျိုးတွေကို မီဒီယာတွေက ဖော်ထုတ်သင့်ပါပြီ။ ကလေးရိုက်တဲ့ ဆရာတွေ ဆရာမတွေ ဖော်ပြတာမျိုးလောက် မှုခင်းသတင်းလိုလို ဘာလိုလို လုပ်နေတာမျိုးထက် တန်ဖိုးရှိအောင် လုပ်ကြဖို့ လိုပါပြီ။ ဘယ်အတန်းမှာပဲ ဖြစ်ဖြစ် ကိုယ်သင်ရတဲ့စာကို ကျေပွန်အောင် အချိန်ယူပြီး သင်ပေးရင် ရပါတယ်။ ကိုယ့်အတန်းက ကျောင်းသား ကိုယ် ပြန်ပြီး ကျူရှင်ပေးတာ၊ ကိုယ်မသင်တဲ့အတန်းကကျောင်းသား ကျူရှင်ပေးတာ၊ စာကျက်လို့လွယ်အောင်ဆိုပြီး အလွယ်နည်းတွေနဲ့ ကျူရှင်ပေးတာ ဘာပဲ ဖြစ်ဖြစ် ပညာရဲ့ ရည်မှန်းချက်ကို ဖျက်ဆီးနေတာ မှန်သမျှ မီဒီယာက ထောက်ပြဖို့ လိုနေပါပြီ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved