အဆာဟိရှင်ဘွန်းက နာမည်ရ ဂျပန်သတင်းဌာနတခု ဖြစ်ပါတယ်။ အခု သူတို့အွန်လိုင်းမှာ ဦးခင်ညွန့်နဲ့ဗျူးရေးထားတဲ့ ဆောင်းပါးတပုဒ် တွေ့ရပါတယ်။ မတ်လ ၂၂ ရက်စွဲနဲ့ http://ajw.asahi.com/article/asia/south_east_asia/AJ201203220067 မှာ AKESHI FUJITANI က ရေးထားတာပါ။
အရပ်သားအစိုးရရဲ့ လုပ်ရပ်တွေက ဒီမိုကရေီအပြောင်းအလဲ ဖြစ်လာမလား ဆိုတာကို ပြောဖို့ စောနေသေးပါတယ် ဆိုတဲ့ သူ့စကားနဲ့ ဆောင်းပါးကို အစချီ ထားပါတယ်။
ဗိုလ်သန်းရွှေက သူ့ကို ထောင် ၄၄ နှစ် ချခဲ့တာပါ။ အခု သူ့ကို လွှတ်ပေးတာဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ အစီအစဉ်လား ဆိုတဲ့ မေးခွန်းကိုတော့ သူက I don't know လို့ ဖြေပါတယ်။
"အခြေအနေကို ကျနော် သေချာ မသိဘူး၊ ဟိုတုန်းကတော့ ကျနော်တို့က ရဲဘော်ရဲဘက်တွေပါ" တဲ့။
သူလွတ်လာပေမယ့် သူ့လက်ထောက် ထောက်လှမ်းရေးအရာရှိဟောင်း ၂၀ ထက်မနည်း လွတ်မလာသေးပါဘူး တဲ့။ သူ့သားမက်တယောက်လည်း လွတ်မလာသေးလို့ ဆိုပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးတဲ့နောက် အစိုးရက သူ့ကို တားတာ ဆီးတာ မလုပ်ပေမယ့် သူက အနေအထိုင် ဆင်ခြင်ပါတယ် လွတ်မလာသေးတဲ့ သူ့ရဲဘော်တွေရဲ့အကျိုးအတွက်ပါ တဲ့။
အထိန်းသိမ်းခံကာလ ၇ နှစ်တာအတွင်း ဇနီး၊ သမီး၊ သမီးရဲ့ ကလေး ၂ ယောက်တို့နဲ့ အတူနေခဲ့ရပါတယ် တဲ့ ဦးခင်ညွန့်က ဆိုတယ်။
မြေး ၇ ယောက်ရဲ့ ဘိုးဘိုး ဦးခင်ညွန့်က သီးခြားစီနေတဲ့ တခြား မြေး ၅ ယောက်ကို မတွေ့ခဲ့ရဘူး၊ ကျန်းမာရေးကိစ္စအတွက်ပဲ အပြင်ထွက်ခွင့်ရတယ်လို့ ဆိုတယ်။ သွားဆရာဝန်ဆီကို ၂ ကြိမ် သွားဖြစ်တယ်၊ ဇနီးဒေါ်ခင်ဝင်းရွှေက မျက်စိကုဖို့ အပြင်ထွက်ခွင့်ရတယ် တဲ့။
အိမ်ပြင်မထွက်ရတော့ ဘုရားတရား လုပ်ဖြစ်တယ်၊ တရားထိုင်ဖြစ်တယ်တဲ့။ ဟိုစဉ်က အချိန်မပေးနိုင်လို့ မလုပ်ဖြစ်ခဲ့၊ လုပ်ချင်ခဲ့တာတွေပါ တဲ့။
သတင်းရဖို့၊ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဖို့အတွက် အစိုးရထုတ်လွှင့်တဲ့ ရုပ်သံ ကြည့်တယ်၊ ဘီဘီစီ ဗွီအိုအေတို့လည်း နားထောင်တယ်လို့ ဆိုတယ်။
ဂြိုလ်တုစလောင်း ရုပ်သံတော့ ကြည့်ဖို့ အခြေအနေ မပေးပါဘူး၊ အာဏာပိုင်တို့က ကြည့်လို့မရအောင် လုပ်လိုက်လို့ပါ။ သူ နားထောင်လို့ ရတဲ့ ရေဒီယိုတွေကတဆင့်ပဲ ၂၀၀၇ သံဃာ့လှုပ်ရှားမှု၊ ၂၀၀၈ နာဂစ်မုန်တိုင်းဖြစ်ရပ်များကို သိခွင့်ရခဲ့သူပါ။
ဒါဆို ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ခဲ့တာပေါ့ လို့ ပြောလိုက်တော့ ဦးခင်ညွန့်က ခပ်ပြုံးပြုံ ငြိမ်နေပါတယ် ဆိုပြီး ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။
ဒါဆို ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ခဲ့တာပေါ့ လို့ ပြောလိုက်တော့ ဦးခင်ညွန့်က ခပ်ပြုံးပြုံ ငြိမ်နေပါတယ်
Retribution will keep coming for evil done