အဆာဟိမှာ ပါတဲ့ ဗိုလ်ခင်ညွန့်အကြောင်း

Monday, March 26, 2012

ဓာတ်ပုံ - AP

အဆာဟိရှင်ဘွန်းက နာမည်ရ ဂျပန်သတင်းဌာနတခု ဖြစ်ပါတယ်။ အခု သူတို့အွန်လိုင်းမှာ ဦးခင်ညွန့်နဲ့ဗျူးရေးထားတဲ့ ဆောင်းပါးတပုဒ် တွေ့ရပါတယ်။ မတ်လ ၂၂ ရက်စွဲနဲ့ http://ajw.asahi.com/article/asia/south_east_asia/AJ201203220067 မှာ AKESHI FUJITANI က ရေးထားတာပါ။

အရပ်သားအစိုးရရဲ့ လုပ်ရပ်တွေက ဒီမိုကရေီအပြောင်းအလဲ ဖြစ်လာမလား ဆိုတာကို ပြောဖို့ စောနေသေးပါတယ် ဆိုတဲ့ သူ့စကားနဲ့ ဆောင်းပါးကို အစချီ ထားပါတယ်။

ဗိုလ်သန်းရွှေက သူ့ကို ထောင် ၄၄ နှစ် ချခဲ့တာပါ။ အခု သူ့ကို လွှတ်ပေးတာဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ အစီအစဉ်လား ဆိုတဲ့ မေးခွန်းကိုတော့ သူက I don't know လို့ ဖြေပါတယ်။

"အခြေအနေကို ကျနော် သေချာ မသိဘူး၊ ဟိုတုန်းကတော့ ကျနော်တို့က ရဲဘော်ရဲဘက်တွေပါ" တဲ့။

သူလွတ်လာပေမယ့် သူ့လက်ထောက် ထောက်လှမ်းရေးအရာရှိဟောင်း ၂၀ ထက်မနည်း လွတ်မလာသေးပါဘူး တဲ့။ သူ့သားမက်တယောက်လည်း လွတ်မလာသေးလို့ ဆိုပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးတဲ့နောက် အစိုးရက သူ့ကို တားတာ ဆီးတာ မလုပ်ပေမယ့် သူက အနေအထိုင် ဆင်ခြင်ပါတယ် လွတ်မလာသေးတဲ့ သူ့ရဲဘော်တွေရဲ့အကျိုးအတွက်ပါ တဲ့။

အထိန်းသိမ်းခံကာလ ၇ နှစ်တာအတွင်း ဇနီး၊ သမီး၊ သမီးရဲ့ ကလေး ၂ ယောက်တို့နဲ့ အတူနေခဲ့ရပါတယ် တဲ့ ဦးခင်ညွန့်က ဆိုတယ်။

မြေး ၇ ယောက်ရဲ့ ဘိုးဘိုး ဦးခင်ညွန့်က သီးခြားစီနေတဲ့ တခြား မြေး ၅ ယောက်ကို မတွေ့ခဲ့ရဘူး၊ ကျန်းမာရေးကိစ္စအတွက်ပဲ အပြင်ထွက်ခွင့်ရတယ်လို့ ဆိုတယ်။ သွားဆရာဝန်ဆီကို ၂ ကြိမ် သွားဖြစ်တယ်၊ ဇနီးဒေါ်ခင်ဝင်းရွှေက မျက်စိကုဖို့ အပြင်ထွက်ခွင့်ရတယ် တဲ့။

အိမ်ပြင်မထွက်ရတော့ ဘုရားတရား လုပ်ဖြစ်တယ်၊ တရားထိုင်ဖြစ်တယ်တဲ့။ ဟိုစဉ်က အချိန်မပေးနိုင်လို့ မလုပ်ဖြစ်ခဲ့၊ လုပ်ချင်ခဲ့တာတွေပါ တဲ့။

သတင်းရဖို့၊ ပြင်ပကမ္ဘာနဲ့ ထိတွေ့ဖို့အတွက် အစိုးရထုတ်လွှင့်တဲ့ ရုပ်သံ ကြည့်တယ်၊ ဘီဘီစီ ဗွီအိုအေတို့လည်း နားထောင်တယ်လို့ ဆိုတယ်။

ဂြိုလ်တုစလောင်း ရုပ်သံတော့ ကြည့်ဖို့ အခြေအနေ မပေးပါဘူး၊ အာဏာပိုင်တို့က ကြည့်လို့မရအောင် လုပ်လိုက်လို့ပါ။ သူ နားထောင်လို့ ရတဲ့ ရေဒီယိုတွေကတဆင့်ပဲ ၂၀၀၇ သံဃာ့လှုပ်ရှားမှု၊ ၂၀၀၈ နာဂစ်မုန်တိုင်းဖြစ်ရပ်များကို သိခွင့်ရခဲ့သူပါ။

ဒါဆို ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ခဲ့တာပေါ့ လို့ ပြောလိုက်တော့ ဦးခင်ညွန့်က ခပ်ပြုံးပြုံ ငြိမ်နေပါတယ် ဆိုပြီး ဆောင်းပါးကို အဆုံးသတ်ထားပါတယ်။

10 comments :

  1. Anonymous said... :

    ဒါဆို ခင်ဗျားက ဒေါ်အောင်ဆန်းစုကြည်လို ဖြစ်ခဲ့တာပေါ့ လို့ ပြောလိုက်တော့ ဦးခင်ညွန့်က ခပ်ပြုံးပြုံ ငြိမ်နေပါတယ်

    Retribution will keep coming for evil done

  1. အော် တရားကျဖို့ ကောင်းလိုက်တာ တချိန်က ဘုန်းကြီးတွေသတ် ပိဋ္ဋကတ်သုံးပုံဆောင်ဆရာတော်ကိုတောင်ဖမ်း လူဝတ်အတင်းလဲ နောက် ကျောင်းတွေကို ပြောင်း လုပ်ချင်တာလုပ်ခဲ့တဲ့ ခင်ညွန့် အကျယ်ချုပ်မှာ တရားထိုင်ဖြစ်တယ်ဆိုဘဲ မင်းသေလဲ မကျွတ်ဘူး ခင်ညွန့် ရေစောင့်သာကြည့်နေပါ။

  1. အေတူကန် said... :

    You're a professional liar. You know what you did. If you understand Buddha's teaching, you must know you'll never escape from kammic results, the consequences of kamma what you did in the not-so-distant past. You're one of those who destroyed the country and killed countless number of innocent people. Hell awaits you.

  1. Anonymous said... :

    ARr lone , Ah Tu tu neth Ah Nuu Nuu Chee Pae.

    YOu all are the same more or less. in cruelty, dishonesty, atrocity, stealing, and foxiness.

    All the same.

    Don't try to abuse the words ' Kan ....Kan eet Ah Kyoe ' ..

  1. Anonymous said... :

    ပညာရေး စနစ် ကြီးကို ဖျက်ဆီး ပစ်တာလေ
    တက္ကသိုလ်တွေ ကို ဝေးဝေးကြီး ရွှေ့ပစ်
    တမြို့ တခု

  1. Anonymous said... :

    လေသံက အရင်အတိုင်းပဲ
    ကိုယ်တိုင်ခံရမှ ဘုရားတရားသတိရတယ်
    အရင်ကတည်းကလုပ်ချင်နေတဲ့ အလုပ်တဲ့
    ကဲ .လုပ်လေ အခုပိုလုပ်လို့တောင်ရနေပြီ
    အခုကျ လူမှု့ရေးလိုလို ပရဟိတလိုလိုနဲ့
    လူငယ်ကျောင်းသားတွေ ဘဝနဲ့အနာဂတ်ကိုရိုက်ချိုး
    ပြည်သူတွေ မျက်ရည်ပေါက်ကြီးငယ်ကျ
    စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဒုက္ခတွေခံစားရ
    အများအကျိုးတွေ ဘာတွေလုပ်မနေပါနဲကွာ
    ကိုယ့်အကုသိုလ်ကြွေးတွေသာ ကျေအောင်လုပ်ပါ

  1. Anonymous said... :

    ပေါ်လာပြန်ပြီ ဒီ.....ခွက်။

  1. Anonymous said... :

    တစ်သက်မကျေဘူး
    ဆဲချင်နေတာတော့ အရမ်းဘဲ

  1. Anonymous said... :

    VOA,BBC တွေနားထောင်တယ်ဆိုတော.ဒီသတင်းတွေကိုယုံကြည်သွားပြီလား သူလက်ထက်တုံးကပြောခဲ.တာလေ မိုးလုံးပြည်.မုသာဝါးဒတွေဆို တတ်လည်းတတ်နိုင်တယ်

  1. Anonymous said... :

    လူသတ်သမား ပါးစပ်က တရားစကားပြောတာ မယုံဘူးတော့.....။ အခု အာဏာပေးလိုက်ပါလား ရင်လိုပြန်ဖြစ်သွားမှာပေါ့။ ဒီပုတ်ထဲ ဒီပဲ ပါပဲ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved