ကြားဖြတ်ရွေးကောက်ပွဲမှာ PDP ကို မဲပေးကြဖို့ ဟောပြော ထုတ်လွှင့်ချက်ကို ဒီနေ့ အစိုးရသတင်းစာများမှာ ဖော်ပြထားပါတယ်။ တခြားသော ပါတီများရဲ့ ဟောပြောချက်များထက် ပိုပြီး ဖတ်လို့ကောင်းတာ တွေ့ရပါတယ်။
http://1.bp.blogspot.com/-d_yWG6dFUrI/T17sWZ-_Z-I/AAAAAAAAE9o/ReBVWbqVcvs/s1600/than%2Bhtike%2Boo.jpg မှာ ဖတ်နိုင်ပါပြီ။
ပါတီအလံက တူတံစဉ်ပုံတွေ ပါပေမယ့် ကွန်မြူနစ်ပါတီမဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီပါတီက အွန်လိုင်းစာဖတ်သူများနဲ့ ရင်းနှီးပြီးသားပါ။ နိုဝင်ဘာလကုန်ပိုင်း ပါတီတွေ့ဆုံပွဲတခုမှာ ဘီယာနဲ့ဧည့်ခံလို့ သတင်းထောက်တယောက်က ဓာတ်ပုံရိုက်ပြီး Facebook မှာ ဖော်ပြခဲ့တဲ့အတွက် အွန်လိုင်းပရိသတ်နဲ့ ရင်းနှီးနေတာပါ။
ပါတီတွေ့ဆုံပွဲ မှတ်တမ်းပုံ - http://4.bp.blogspot.com/-8OcQwn5xTZI/TtIlV1T4TwI/AAAAAAAACP8/UmXLVrkAZtQ/s1600/12wwww.jpg
ဒီမိုကရေစီဆိုတာ လူသားဝါဒပါ၊
ပြည်သူ့ဒီမိုကရေစီဆိုတာ ဒီမိုကရေစီမဟုတ်ပါ၊
ပြည်သူလူထုဆိုတာ ပြည်သူပြည်သားအာလုံး မပါပါ၊
ကြယ်ငါးလုံးမှာ လက်လုပ်လက်စား သူတောင်းစား မပါပါ၊
လူ့အခွင့်အရေးကို လူသားအားလုံးအတွက် ကာကွယ်မယ်ဆိုမှ ဒီမိုကရေစီလို့ပြောပါ၊
ကွန်မြူနစ်နောက်ဆွဲ ဒီမိုကရေစီလို့သာ မြင်ပါသည်။