တူတံစဉ်အလံနဲ့ ပြည်သူ့ပါတီ

Tuesday, March 13, 2012

ဒေါက်တာသန်းထိုက်ဦး၊ ဥက္ကဋ္ဌ၊ ပြည်သူ့ဒီမိုကရေစီပါတီ

ကြားဖြတ်ရွေးကောက်ပွဲမှာ
PDP ကို မဲပေးကြဖို့ ဟောပြော ထုတ်လွှင့်ချက်ကို ဒီနေ့ အစိုးရသတင်းစာများမှာ ဖော်ပြထားပါတယ်။ တခြားသော ပါတီများရဲ့ ဟောပြောချက်များထက် ပိုပြီး ဖတ်လို့ကောင်းတာ တွေ့ရပါတယ်။

http://1.bp.blogspot.com/-d_yWG6dFUrI/T17sWZ-_Z-I/AAAAAAAAE9o/ReBVWbqVcvs/s1600/than%2Bhtike%2Boo.jpg မှာ ဖတ်နိုင်ပါပြီ။

ပါတီအလံက တူတံစဉ်ပုံတွေ ပါပေမယ့် ကွန်မြူနစ်ပါတီမဟုတ်ဘူးလို့ ဆိုပါတယ်။

ဒီပါတီက အွန်လိုင်းစာဖတ်သူများနဲ့ ရင်းနှီးပြီးသားပါ။ နိုဝင်ဘာလကုန်ပိုင်း ပါတီတွေ့ဆုံပွဲတခုမှာ ဘီယာနဲ့ဧည့်ခံလို့ သတင်းထောက်တယောက်က ဓာတ်ပုံရိုက်ပြီး Facebook မှာ ဖော်ပြခဲ့တဲ့အတွက် အွန်လိုင်းပရိသတ်နဲ့ ရင်းနှီးနေတာပါ။

ပါတီတွေ့ဆုံပွဲ မှတ်တမ်းပုံ - http://4.bp.blogspot.com/-8OcQwn5xTZI/TtIlV1T4TwI/AAAAAAAACP8/UmXLVrkAZtQ/s1600/12wwww.jpg

1 comments :

  1. Anonymous said... :

    ဒီမိုကရေစီဆိုတာ လူသားဝါဒပါ၊
    ပြည်သူ့ဒီမိုကရေစီဆိုတာ ဒီမိုကရေစီမဟုတ်ပါ၊
    ပြည်သူလူထုဆိုတာ ပြည်သူပြည်သားအာလုံး မပါပါ၊
    ကြယ်ငါးလုံးမှာ လက်လုပ်လက်စား သူတောင်းစား မပါပါ၊
    လူ့အခွင့်အရေးကို လူသားအားလုံးအတွက် ကာကွယ်မယ်ဆိုမှ ဒီမိုကရေစီလို့ပြောပါ၊
    ကွန်မြူနစ်နောက်ဆွဲ ဒီမိုကရေစီလို့သာ မြင်ပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved