ဓာတ်ပုံ - NLD Facebook
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကလောမြို့ ခရီးစဉ်မှာ စစ်သားတယောက်က ပုံမှာ တွေ့ရတဲ့အတိုင်း သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။ သူ့နာမည်က ကျော်ဇင်ဝင်း ဖြစ်တယ်၊ ဒီလို နှုတ်ဆက်လို့ ထိန်းသိမ်း နှိပ်စက်ခံရတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူး ကိုယ်တိုင် လွှတ်ပေးလိုက်ပြီဟု ကြားသိရ၍ ကလော NLD လူငယ်များက သွားရောက်တွေ့ဆုံရာ မတွေ့ရှိခဲ့ရပဲ တပ်သား ကျော်ဇင်ဝင်းအား အင်းကောင်း အမြောက်တပ်၏မြေအောက်ခန်းထဲတွင် ပြောင်းရွှေ့ ချုပ်နှောင်ခံထားရပြီးအသက်အန္တရာယ်ပါ စိုးရိမ်ရသည့် အခြေအနေဖြစ်နေသည်ဟု စုံစမ်းသိရှိခဲ့ရသည်" ဆိုပြီး YPI သတင်းဌာန Facebook - http://www.facebook.com/ygnpress မှာ ဖော်ပြခဲ့ပါတယ်။
နောက်ဆက်တွဲသတင်းတွေ ထပ်ထွက်မလာသေးပါဘူး။
တပ်မတော်သားလဲပြည်သူပဲ တပ်မတော်သား အနေနဲ ဒေါ်စု ကိုနူတ်ဆက်ခွင့် မရတော့ဘူလား၊