ကျော်ဇင်ဝင်း ဘယ်ရောက်နေလဲ
Sunday, March 11, 2012
ဓာတ်ပုံ - NLD Facebook
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကလောမြို့ ခရီးစဉ်မှာ စစ်သားတယောက်က ပုံမှာ တွေ့ရတဲ့အတိုင်း သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။ သူ့နာမည်က ကျော်ဇင်ဝင်း ဖြစ်တယ်၊ ဒီလို နှုတ်ဆက်လို့ ထိန်းသိမ်း နှိပ်စက်ခံရတယ် ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူး ကိုယ်တိုင် လွှတ်ပေးလိုက်ပြီဟု ကြားသိရ၍ ကလော NLD လူငယ်များက သွားရောက်တွေ့ဆုံရာ မတွေ့ရှိခဲ့ရပဲ တပ်သား ကျော်ဇင်ဝင်းအား အင်းကောင်း အမြောက်တပ်၏မြေအောက်ခန်းထဲတွင် ပြောင်းရွှေ့ ချုပ်နှောင်ခံထားရပြီးအသက်အန္တရာယ်ပါ စိုးရိမ်ရသည့် အခြေအနေဖြစ်နေသည်ဟု စုံစမ်းသိရှိခဲ့ရသည်" ဆိုပြီး YPI သတင်းဌာန Facebook - http://www.facebook.com/ygnpress မှာ ဖော်ပြခဲ့ပါတယ်။
နောက်ဆက်တွဲသတင်းတွေ ထပ်ထွက်မလာသေးပါဘူး။
7 comments :
  1. Anonymous said... :
    တပ်မတော်သားလဲပြည်သူပဲ တပ်မတော်သား အနေနဲ ဒေါ်စု ကိုနူတ်ဆက်ခွင့် မရတော့ဘူလား၊
  1. Anonymous said... :
  1. Anonymous said... :
    ဒီမိုကရေစီဆို . . .ဒီမိုကရေစီဆို . .ဘာလဲဗျ . .
    လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့်က မရှိတော့ဘူးလား . .စစ်သားလဲ စစ်သားလွတ်လပ်ခွင့်၊ ဘုန်းကြီးလဲ ဘုန်းကြီးလွတ်လပ်ခွင့်၊ ကျောင်းသားလဲ ကျောင်းသား လွတ်လပ်ခွင့်၊ ပြည်သူလဲ ပြည်သူ့ လွတ်လပ်ခွင့် မရှိရတော့ဘူးလား။
    သူ့ဟာသူ လေးစားလို့ နှုတ်ဆက်တာ တပ်မတော်ရဲ့ စည်းကမ်းကိုဖောက်ဖျက်နေလို့လား။ ပြစ်မှု့တစ်ခုကို ကျူးလွန်လိုက်တာလား၊ အံ့ပါရဲ့ဗျာ . . ဘာပဲဖြစ်ဖြစ်.. ရဲဘော်ကျော်ဇင်ဝင်းကို လေးစားတယ်ဗျာ..သူလို တပ်မတော်သားတွေ အများကြီးရှိပါစေလို့ ဆုတောင်းတယ် .။
  1. ဒါမှဒို့ စစ်သား။ ဓါတ်ပုန်ကလဲမိုက်တယ်။ ဓါးပြတွေက
    တော့မိုက်၇ိုင်းတာလွန်နေပြီ။ မီဒီယာတွေ လုပ်ကြပါဉီး
  1. တပ်မတော်ကို..တရုတ်ခိုင်းနွားအဖြစ်သွတ်သွင်းနေကြ
    တယ်...တရုတ်ခိုင်းနွား.အဖြစ်မခံချင်ရင်တော့..မြန်မြန်
    ပြန်ချကြဟေ..
  1. MON said... :
    Please do something!!! What about THein Sein? What is he doing??? Before Kyaw Zin Win dies due to the torture, please help find him, please...
  1. Anonymous said... :
    စစ်မှန်တဲ့ခံစားချက်ကို ခံစားတဲ့သူများ ခံစားနေရဘီ
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved