ယနေ့ နံနက် ၉ နာရီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ် ရိပ်သာလမ်းက ခြံမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပါ တယ်။
ပြည်တွင်း သတင်းထောက်တယောက်က ဒေါ်အောင်ဆန်းစုကြည်ကို မေးတာကတော့ မြန်မာနိုင်ငံမှာ ထင်ရှား ကျော် ကြားသူတွေကပါ ဒေါ်အောင်ဆန်းစုကြည် ၀တ်တဲ့ အ၀တ်အစား အပြင်အဆင်များကို လိုက်လံဝတ်ဆင်နေကြပြီး မြန်မာ အမျိုးသမီးများရဲ့ စံထားရတဲ့ ဖက်ရှင် တခု ဖြစ်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ပြင် ဆင် ၀တ်ဆင်သလဲ လို့ မေးခွန်းမေးတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားတာကတော့-----
“အ၀တ်အစား ကိစ္စက ကျမ ဖြစ်သလို ၀တ်တာပါဘဲ”ဟု ဖြေကြားလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး လူအများ ပြောနေကြတာကတော့ အ၀တ်အစား မထပ်ဘူး လို့ ပြောနေကြတာလဲ ရှိပါတယ်။
ယုံကြည်ချက်နဲ့ အားလုံးအတွက် လုပ်နေတဲ့သူကို
အရေးမဟုတ်တာ အရေးမပါတာ လာမေးနေတယ်။
တော်တော် အရိပ်အကဲနားမလည်တဲ့ သတင်းထောက်ပဲ။
အားနာပါးနာ ပစပ်ထဲတွေသလို ဖြေလိုက်ရတာနေမှာပေါ့ဗျာ။