ကသာ မီးသတ်ရှေ့ကဈေး မီးလောင်ကျွမ်း

Thursday, March 8, 2012

ဈေးကြီးတွေ မီးလောင်ကျွမ်းမှုသတင်း မကြာခဏ ကြားနေရတဲ့ မြန်မာပြည်မှာ ဈေးတဈေး မီးလောင်ပြန်ပြီ တဲ့။
မနေ့ မနက်က ကသာမြို့ဈေးကြီး မီးလောင်သွားပါတယ်။ ဆိုင်ခန်းပေါင်း ၃၀၀ ကျော်၊ ဈေးနားကအိမ် ၁၀ လုံးထက် မနက် မီးထဲ ပါသွားတယ်လို့ သိရပါတယ်။

ကသာမြို့ဈေးမီးလောင်တာ ကာတွန်းဆရာ ဟာဂျူလီ ကသာရဲ့ ဆိုင်လည်း ပါသွားပါတယ်။ ဒါပေမယ့် ကံကောင်းပါတယ် တဲ့။ ဆိုင်မီးလောင်တာ ကံကောင်းတယ်လို့ ဘာကြောင့် ပြောရတာလဲ၊ သူ့ရှင်းပြချက်ကို ဖတ်ကြည့်ပါအုံး။
ကျွန်တော်တို့ တစ်မိသားစုလုံးကို ရှာကျွေးနေတဲ့ ဆိုင်ကလေး မီးလောင်သွားပြီဆိုတော့ ကျွန်တော်မျက်စိထဲ ပထမဆုံးပြေးမြင်မိတာက ကျွန်တော်ဆွဲခဲ့တဲ့ကာတွန်းကလေး..၊ပြပွဲတွေမှာတောင် ပိတ်ခံရလေ့ရှိတဲ့ကာတွန်း..

တကယ်လို့သာ ကာတွန်းဆိုတာ ပြုပြင်စရာလို့ ယူဆပြီး ခေတ်မှီ မီးသတ်တပ်ဖွဲ့သာဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ ကသာဈေးမီးထဲပါမှာမဟုတ်ပါဘူး၊

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဈေးလေးဟာ မီးသတ်တပ်ဖွဲ့ရဲ့ အရှေ့မှာတင်ရှိနေလို့ပါ၊

ဘာဖြစ်ဖြစ်ကံကောင်းပါတယ်ဗျာ.မီးသတ်ကားတွေသာ မီးထဲပါသွားခဲ့ရင် ကျွန်တော်တို့ မီးဘေးဒုက္ခသည်တွေ မီးသတ်ကားဖိုး ထည့်ဝင်နေရဦးမှာ (ဟာဂျူလီ.ကသာ)

1 comments :

  1. ko thet said... :

    နိုင်ငံဝန်ထမ်းမှတိုင်းပြည်ချစ်တာမဟုတ်ပါဘုး။
    ကိုဟာဂျူလီလိုလူမျိုးတွေလည်းတိုင်းပြည်ချစ်ကြပါတယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved