ဟိုချီမင်းဗိမာန် နဲ့ ဦးသိန်းစိန်

Tuesday, March 27, 2012

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဗီယက်နမ်ကိုရောက်ခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်ပုံ ဖြစ်ပါတယ်။

ဗီယက်နမ်အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်း အထိမ်းအမှတ် ဗိမာန်မှာ ပန်းခွေချ အလေးပြုနေတဲ့ပုံပါ။

အိမ်ရှင်နိုင်ငံရဲ့ အစီအစဉ်အရ သွားရောက် အလေးပြုတာဖြစ်နိုင်ပါတယ်။

တခြားနိုင်ငံက ခေါင်းဆောင်တွေ မြန်မာပြည်လာတဲ့အခါတော့ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ အာဇာနည်ဗိမာန်ကို သွားရောက် အလေးပြုဖို့ ဦးသိန်းစိန်တို့က စီစဉ်လေ့ မရှိပါဘူး။

ဟိုတုန်းက ဒီလိုအစီအစဉ် ရှိခဲ့ပေမယ့် တောင်ကိုရီးယားသမ္မတရဲ့ မြန်မာပြည်ခရီးစဉ်နောက်ပိုင်း နိုင်ငံတကာခေါင်းဆောင်များ အာဇာနည်ဗိမာန်ကို မရောက်ဖြစ်တော့ပါဘူး။

မြောက်ကိုရီးယားအကြမ်းဖက်သမားတွေ အာဇာနည်ဗိမာန်ကို ဗုံးခွဲဖျက်ဆီးပြီးနောက်မှာ
အစီအစဉ်တွေ ပျက်သွားတာပါ။

အသစ်ဆောက်ထားတဲ့
အာဇာနည်ဗိမာန်ကိုတော့ လုံခြုံရေးကောင်းမွန်အောင် လုပ်ထားတာ အနှစ် ၃၀ ၀န်းကျင် ရှိပါပြီ။ လုံခြုံရေးကောင်းပေမယ့် ဘယ်ဧည့်သည်တော်ကိုမှ ဗိုလ်ချုပ်အောင်ဆန်းတို့ဗိမာန် ခေါ်မသွားပါ။ နေပြည်တော်ကို တည်ထောင်ပြီး နိုင်ငံရဲ့ မြို့တော်အဖြစ် သတ်မှတ်လိုက်ပြီဆိုတော့ ခေါ်သွားဖို့ ပိုဝေးသွားပြီပေါ့။

ကိုယ့်ဆီက နိုင်ငံ့ခေါင်းဆောင်ရာထူး ယူထားသူတွေ ပြည်ပသွားတိုင်း ဂန္ဒီအထိမ်းးအမှတ်၊ ဟိုချီမင်းအထိမ်းအမှတ် ဗိမာန်တွေကို သွားအလေးပြုကြပါတယ်။

ကိုယ့်နိုင်ငံမှာတော့ အလေးပြုသင့်တဲ့ဗိမာန် မရှိသလို ဖြစ်နေတာကို ဒီလူကြီးတွေ တွေးမိပြီး ရှက်နေမလား ဆိုတာ တွေ့ရင် မေးလိုက်ချင်ပါသေးတယ်။




3 comments :

  1. Anonymous said... :

    အရှက်မရှိတဲ့သူတွေဟာဘယ်လိုပြောပြောမရှက်ပါ။ မြန်မာပြည်မှာအလေးပြုစရာကမ္ဘာကျော်ခေါင်းဆောင်ကြီးတွေရဲ့အထိန်းအမှတ်တွေပေါမှပေါ.. လက်ရှိခေါင်းဆောင်ဆိုသူတွေအမှန်ကိုရဲရဲဝံ့ဝံ့ပြရဲတဲ့နေ့ တိုင်ါ်ပြည်တိုးတက်ပြီမှတ်...

  1. Unknown said... :

    Whatever all of burmes never forgot our leader General Aung San..

  1. Anonymous said... :

    သူရဲကောင်းဆိုတာ သေရှိးမရှိ.........
    အုပ်ချုပ်တဲ့အစိုးရက ဘယ်လောက်ပဲတားတား ပြည်သူရဲ့ရင်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ထာရ၀တည်ရှိနေမယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved