ကြံ့ခိုင်ရေးမဲဆွယ်ယာဉ်တန်း ဖိနပ်ဖြင့်ပေါက်ခံရ

Saturday, March 31, 2012

ဓာတ်ပုံများ နှင့် သတင်း - မန်းသားလေး/ဧရာဝတီ

ယမန်နေ့ ညနေ ၅ နာရီခန့်က မန္တလေးတွင် မဲဆွယ်နေသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ယာဉ်တန်း တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

၃၅လမ်း၊ ၈၅လမ်းနှင့် ၈၆လမ်းကြားရှိ မြတောင်ဘုန်းကြီးကျောင်းရှေ့ အရောက်တွင် ကားတစီး စက်ချို့ယွင်းသွားသည့်အတွက် ယာဉ်တန်း ခေတ္တ ရပ်နားချိန်တွင် ကျောင်းအတွင်းရှိ သံဃာတချို့က ဖိနပ်များ၊ ရေဘူးများဖြင့် ပစ်ပေါက်ခဲ့သည်။

ယာဉ်တန်းတွင် လိုက်ပါလာသူများက ထိုသို့ ပစ်ပေါက်ခြင်း မပြုရန် အသံချဲ့စက်ဖြင့် တောင်းပန်ရသည် ဆိုသည်။

မန္တလေးတွင် ကြံ့ခိုင်ရေးပါတီက ဖျော်ဖြေရေးယာဉ်တန်းများဖြင့် မဲဆွယ်စည်းရုံးလျက် ရှိသော်လည်း ဒေသခံပြည်သူများက အားပေးကြခြင်း မရှိပေ။

ယာဉ်တန်းတွင် လိုက်ပါသည့် ဆိုင်ကယ်ကယ်ရီသမားများသည် စရိတ်ငြိမ်း ငွေကျပ်တစ်သောင်း ရရှိကြောင်း၊ ဆိုင်ကယ်များတွင် ပါတီအမှတ်တံဆိပ် စတေကာများ ကပ်ပေးကြကြောင်း သိရသည်။

ယာဉ်တန်းကားပေါ်တွင် လိုက်ပါသူများအတွက်လည်း ပါတီက စားစရိတ်ငြိမ်း စီစဉ်ပေးထားပြီး ငွေကျပ်သုံးထောင်စီ ပေးသည်ဟု ဆိုသည်။

ဆိုင်ကယ်ကယ်ရီသမားတချို့က ပိုက်ဆံ တစ်သောင်းယူပြီးနောက် ဆီထည့်မည်ဟု ဆိုကာ လစ်ထွက်သွားကြကြောင်း၊ ထိုနောက် ကြံ့ခိုင်ရေးပါတီတံဆိပ်ပါ စတေကာများခွာလိုက်ကြကြောင်း ဆိုင်ကယ်ကယ်ရီသမားများထံမှ သိရသည်။





ဖျော်ဖြေရေးယာဉ်


6 comments :

  1. g|-|0$7 said... :

    ဘယ်ဘက်ကပဲဖြစ်ဖြစ် မလုပ်င့်ပါဘူးဗျာ

  1. Anonymous said... :

    ဘယ်လိုပဲဖြစ်ဖြစ်ဒီမိုကရေစီမှာဒါမျိုးမလုပ်သင့်ပါ။
    နှစ်ဖက်စလုံးပါ။အားလုံးမြန်မာနိုင်ငံသားတွေဆိုတာ
    မမေ့ကြပါနဲ့။

  1. Anonymous said... :

    သြော် ... သနားစရာပဲ။
    လိုက်လာတဲ့လူတွေမျက်နှာကလည်း မသာမယာနဲ့။

  1. ကိုယ်လူမျိုးအချင်းချင်း ဒီလိုတော့မလုပ်သင့်ပါဘူး...အားလုံးဟာမြန်မာနိုင်ငံထဲ့က မြန်မာလူမျိုးတွေပါ...NLDရယ်ကြံခိုင်ရယ်နဲ့ကိုယ့် လူမျိုးချင်းချင်းတွေ ပြောဆို ရန်မူနေ ကြတာ စိတ်မကောင်းစရာပါပဲ..

  1. Kyi Thar said... :

    နိုင်ငံကြီးသား ပီသ သင့်တယ်။ ဘောလုံးပွဲ တုန်းကလိုအရှက်မျိုးထက်မရအောင်ချင့်ချိန်သင့်တယ်။မကြိုက်ရင်ကင်းကင်းရှင်းရှင်းနေရင်ပြီးတာပဲ။လုပ်တဲ့လူတော့မသိဖတ်ရတဲ့လူတော့
    တော်တော် ရှက်တယ်။
    မြန်မာဆိုတာဒါမျိုးစိတ် လား......။

    '' ဒီမိုကရေစီမှာ မိမိစိတ်ကြိုက်ကို လွှတ်လပ် စွာရွှေးချယ်ခွင့်ရှိတယ်။ ဒါပေမယ့် စည်းကမ်း
    တော့ရှိဖို့လိုတယ်။ (အန်တီစု) ''

  1. Anonymous said... :

    ၃၅လမ်း၊ ၈၅လမ်းနှင့် ၈၆လမ်းမှာ မြတောင်ကျောင်းတိုက် ရှိတာလည်း မှန်တယ်၊
    အဲဒီလမ်းဒေါင့်မှာ (၃၅)မီးပွိုင့် ရှိသလို၊ အဲဒီလမ်းဒေါင့်မှာ (၃၅)ဗလီလည်း ရှိတယ်ဗျ။

    ပို့စ်ထဲကိုက ပြောထားပြီးသားပါ....
    မြတောင်ကျောင်းတိုက်က သံဃာတော်တွေက ပစ်ပေါက်တာလို့။

    ပို့စ်ဖတ်လိုက်ယုံ, ပစ်ခံရတဲ့ နေရာ ကြည့်လိုက်ယုံနဲ့တင် NLD-နဲ့ မဆိုင်ဘူး ထင်ရှားနေတယ် ထင်တယ်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved