ကာတွန်းဆရာအတွက် Facebook မှာ လှုံ့ဆော်

Saturday, March 10, 2012

သောကြာနေ့ သတင်းစာပါ ကသာဈေးမီးသတင်း

ကသာဈေးမီးလောင်ရာမှာ ကာတွန်းဆရာ ဟာဂျူလီ(ကသာ) မိသားစုရဲ့ ဆိုင်ခန်းများလည်း ပါသွားပါတယ်။

ကာတွန်းဆရာရဲ့ပရိသတ်တဦးဖြစ်တဲ့ ကိုခင်မောင်ထွေးရဲ့ Facebook မှာ ရေးသားထားတာတွေထဲက တချို့ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။

အဲဒီမီးလောင်တဲ့ အချိန်မှာ သူက သင်္ဘောပေါ်မှာ အသည်း(C ပိုး) ရောဂါဖြစ်နေလို့ လစဉ်ပုံမှန်ဆေးထိုးနေရတဲ့ သူ့ဇနီး ဆေးကုဖို့ သင်္ဘောပေါ်ရောက်နေတာ ဖုန်းလိုင်းမိတဲ့နေရာရောက်တော့ မိတ်ဆွေတွေ ဖုန်းဆက်မေးမြန်းကြမှ သူသိရတယ်တဲ့ သူ့ဆိုင်ခန်း ၄ခန်း နှင့်အတူ သူမိခင်ရဲ့ ဆိုင်ခန်းတွေပါ မီးထဲ ပါသွားတယ်လို့ ပြောပါတယ် ။ သူ့ စိတ်ပူနေတာက ဒီဆိုင်ခန်းလေးက ရတဲ့ဝင်ေ...ငွနဲ့ သူ့ဇနီးဆေးကုသနေတာ တစ်လ ၁၅သိန်းလောက် ကုန်တယ်လို့ ပြောပြပါတယ်။ အခု လို ဆိုင်ခန်းမီးလောင်သွားတော့ စားဖို့သောက်ဖို့ အတွက်မပူပေမဲ့ ဇနီးသည်ကို တစ်လ ဆေးကုသစရိတ် ၁၅သိန်းလောက် ကုန်ကျနေတဲ့ ဇနီးကို ဆက်လက်ပြီး ဘယ်လို ဆေးကုသမလည်းဆိုပြီး စိုးရိမ်ပူပန်နေတဲ့အကြောင်းပြောပြပါတယ် ။ နောက်သူ့ဝါသနာပါရာ လုပ်နေနိုင်ခြင်းဟာ နောက်ကွယ်က သူ့ရဲ့ ပါရမီဖြည့်ဖက် ဇနီးသည် က ထောက်ပံ့ ပါရမီဖြည့်ပေး လိုအပ်တဲ့အခါ မိခင်ကြီးဆီက ဆွဲလိုက်ပေါ့ဗျာ ..... အခု မိခင်ကြီးရဲ့ ဆိုင်ခန်းတွေပါ မီးသင့်ကုန် ပျက်စီး ဆုံးရှုံးကုန်တော့ တော်တော်လေးအကြံအိုက်နေတယ်လို့ ပြောပါတယ် ။

အဓိက သူ စိတ်ပူပင်သောက ရောက်နေတာက သူ့ ပါရမီဖြည့်နေတဲ့ ဇနီး အတွက်(C ပိုး) ဆေးထိုးဖို့ ကျန်နေတဲ့ ၅လ ကို ဘယ်လို ဆေးဆက်ကုသ ရမယ်လည်း ဆေးကုသစရိတ် ဘယ်လို ရှာရပါ့မလည်းဆိုတာပါဘဲတဲ့ဗျာ ......။

အဲဒီမှာ ကျွန်တော် စဉ်းစားမိတာက ဆရာဟာဂျူလီ ဖေ့ဘုတ် မိတ်ဆွေ အရောက် 4821 ဦး ရှိနေတာတွေ့ပါတယ် ၊ ကျွန်တော်တို့ တစ်ယောက်ကို အနည်းဆုံး ငွေ ၁၀၀၀ိ/-ကျပ် ပဲ မေတ္တာ ရှေ့ထား ၀ိုင်းဝန်းကူညီပေးမယ် ဆိုရင် ဒီဆေးကုသစရိတ် ကို ပူပန်နေတဲ့ ဆရာဟာဂျူလီ စိတ်အေးချမ်းသာယာ ရမယ်လို့ ထင်ပါတယ် အားလုံး ၀ိုင်းဝန်းကူညီကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

ဆရာဟာဂျူလီ အတွက် ကူညီမယ်ဆိုရင် ဆက်သွယ် ဖို့ ကတော့
ကျွန်တော် ခင်မောင်ထွေး ဖုန်း 09-200 9110 အမှတ် ၂၂၇ ၊ ၂၈လမ်း၊ ၈၀x၈၁လမ်းကြား ၊မန္တလေး ၊ ဦးသန့်ဇော် Thant Zaw Myoma ဖုန်း 09-0991040011 ၁၇လမ်းနှင့်၈၇လမ်းထောင့် (အိဖြူအာလူးခြောက်) ၊ ကိုအောင်မော် Cartoon Aungmaw ၃၄လမ်း ၈၅x၈၆ကြား မလွန်ကတ္တူရပ် ၊ ရှင်ပင်ပက်လက်ဘုရားတောင်ဘက် ၊ မန္တလေးမြို့ ။ ဖုန်း 09-2005055 သို့ လည်း ဆက်သွယ် ပေးပို့နိုင်ပါသည်။

ကိုသူရိန်ထွန်း Stars Colour Separation အမှတ်၁၈၇ ၊ မြေညီထပ် ၊ ၃၃လမ်း(အထက်လမ်း) ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့။
ဖုန်း ၀၁-၂၄၂၉၃၃ သို့ သွားရောက် ပေးပို့နိုင်ပါသည်။

စင်္ကာပူမှ မိတ်ဆွေများ Cartoon Aung Sann Kyaw singapore မှ တာဝန်ယူ ကောက်ခံပေးပါ့မယ်။

Zaw Lin Aung POSB Saving 039-82952-5 ၊ ဒီ Accountကို ငွေလွှဲပြီး လွှဲပြီးပါက Messageလေး ပို့ပေးပါခင်ဗျာ။
ဒီ POSB Account က ကျွန်တော့် သူငယ်ချင်း Bank Accountပါ။
ဆက်သွယ်ရန် ဖုန်းနံပါတ်က ဇော်လင်းအောင် ၉၁၄၄ ၄၅၆၆။

(သို့မဟုတ်)အောင်ဆန်းကျော် ၈၄၂၅ ၂၂၇၈ ဖုန်းနံပါတ်များသို့ ဆက်သွယ် နိုင်ပါသည်။

၉-၃-၂၀၁၂

၁။ ဦးကျော်မြင့် (ပြည်) ၁၀၀၀၀ /- ကျပ်
၂။ ကိုရဲလင်း ရွှေဗဟိုရ် ဗီဒီယိုရိုက်ကူးရေး (မန္တလေး) ၂၀၀၀၀/- ။

၃။ ကိုမျိုးမျိုး Maxtor Computer (မန္တလေး) ၂၀၀၀၀/- ။
၎။ ကိုချမ်းစိန် Cafe House (မန္တလေး) ၃၀၀၀၀/- ။

၅။ ကိုကျော်ဦး မိုးသောက်ပန်း (မန္တလေး) ၁၀၀၀၀/- ။
၆။ ဒေါက်တာ ကျော်ဇင်သန့် (မန္တလေး) ၃၀၀၀/- ။

၇။ ကိုသန့်ထိုက်ဇော်(ကိုဇော်ဇော်) (မန္တလေး) ၁၀၀၀၀/- ။
၈။ ကျားခေါင်းဆေးတိုက် (အင်းတော်)မှ ဆန်အိတ် တစ်အိတ်

၉။ ကိုမိုးစံ (ရန်ကုန်) ၃၀၀၀၀/- ကျပ်
၁၀။ ကိုအောင်ရှင် (မြန်မာတိုင်းမ်) (မန္တလေး) ၁၀၀၀၀/- ။

5 comments :

  1. Min Kha said... :

    လူညံ့တွေ......
    ကိုယ့်ဘဝကိုမကျောင်းနိုင်ဘူး......

  1. Anonymous said... :

    သေ နတ် ၇ှိ ၇င်

    ကြောင်း နိုင် တာ ပေါ.

  1. Anonymous said... :

    TO..
    MinKha....
    what about your self?

  1. သူရိယ said... :

    မင်းခဆိုတဲ့ကောင်
    လောကဓံဘာလဲဆိုတာ မင်းကြုံဖူးရင်ခံစားတတ်လိမ့်မယ်။
    လုပ်တိုင်းဖြစ်နေတဲ့အချိန်မှာတော့ လူဟာကိုယ့်ကိုကိုယ် စိတ်ကြီးဝင်တတ်ကြတာဘဲကွ။ လုပ်ပေမယ့်လဲမဖြစ်တဲ့အပိုင်းလေးတွေလောကကြီးမှာအများကြီးရှိတယ်။ ဘဝင်သိပ်မြင့်မနေနဲ့။ လောကဓံဆိုတာမာပါတယ်ဆိုတဲ့လူကြမ်းကြီးတွေတောင် မျက်ရည်ကျလောက်အောင်သက်ရောက်မှုရှိတယ်ကွ။

  1. Thu said... :

    ko Min Kha,
    I agree with you but helping to needy people is by sometimes, not always.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved