မိုးမခအထောက်တော် အမှတ် ဝဝ၇
ဧပြီ ၃၊ ၂ဝ၁၂
ဒေါက်တာစိုးမင်းက ကော့မှူးမြို့အား သူ၏ သမီးအဖြစ် တင်စား ပြောဆိုလိုက်သည်။
"ဆရာ့မှာ ကော့မှူး ဆိုတဲ့ သမီးပျိုလေးတစ်ယောက် ရှိတယ်၊ ဒီသမီးပျိုလေးဟာ သူ အိမ်ထောင်ပြုချင်တဲ့ဆန္ဒနဲ့ အိမ်ထောင်ပြုသွားတယ်၊ သူ ပိုယုံလို့ အိမ်ထောင်ပြုသွားတာလေ။ ဆရာ့ရဲ့ သမီးပျိုလေးကို စိတ်ချမ်းသာအောင်ထားပါလို့ ပြောချင်ပါတယ်"
ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာစိုးမင်းသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ ကိုယ်စားလှယ်အဖြစ် ဧပြီ ၁ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။
မဲဆွယ်သည့် ကာလအတွင်း ဒေါက်တာစိုးမင်းသည် ဒေသခံအများအပြားကို အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း ရွေးကောက်ပွဲ ကာလတွင် ကော့မှူးမြို့သူ မြို့သား တို့၏ မဲအပြားအများကို ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့သည်။
ညွှန်း - မိုးမခ - http://moemaka.blogspot.com/
ခင်ဗျားစိတ်ထဲရှိလို့  အခမဲ့ဆေးကုတာမှ မဟုတ်တာ...ခင်ဗျားမဲရချင်လို့  ဆေးကုတဲ့ဟာကို ခင်းဗျားတို့ ကို ပြောပြန်ရင်လဲ အောင်မင်းလွန်ရာကျမယ်ဆိုသလိုဖြစ်နေပြီ