သမီးလေးကို စိတ်ချမ်းသာအောင်ထားပါ တဲ့
Tuesday, April 3, 2012
ကော့မှူးကို စိတ်ချမ်းသာအောင်ထားဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြိုင်ဘက်ဟောင်း တိုက်တွန်း
မိုးမခအထောက်တော် အမှတ် ဝဝ၇
ဧပြီ ၃၊ ၂ဝ၁၂
ကော့မှူးမြို့ဒေသခံများ စိတ်ချမ်းသာရေး လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်အား ပြိုင်ဘက်အမတ်လောင်း ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာစိုးမင်းက ယနေ့နံနက်ပိုင်း ထုတ်လွှင့်သွားသည့် ဘီဘီစီသတင်းဌာနနှင့် မေးမြန်းခန်းတွင် တိုက်တွန်းလိုက်သည်။
ဒေါက်တာစိုးမင်းက ကော့မှူးမြို့အား သူ၏ သမီးအဖြစ် တင်စား ပြောဆိုလိုက်သည်။
"ဆရာ့မှာ ကော့မှူး ဆိုတဲ့ သမီးပျိုလေးတစ်ယောက် ရှိတယ်၊ ဒီသမီးပျိုလေးဟာ သူ အိမ်ထောင်ပြုချင်တဲ့ဆန္ဒနဲ့ အိမ်ထောင်ပြုသွားတယ်၊ သူ ပိုယုံလို့ အိမ်ထောင်ပြုသွားတာလေ။ ဆရာ့ရဲ့ သမီးပျိုလေးကို စိတ်ချမ်းသာအောင်ထားပါလို့ ပြောချင်ပါတယ်"
ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာစိုးမင်းသည် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ ကိုယ်စားလှယ်အဖြစ် ဧပြီ ၁ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။
မဲဆွယ်သည့် ကာလအတွင်း ဒေါက်တာစိုးမင်းသည် ဒေသခံအများအပြားကို အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း ရွေးကောက်ပွဲ ကာလတွင် ကော့မှူးမြို့သူ မြို့သား တို့၏ မဲအပြားအများကို ဒေါ်အောင်ဆန်းစုကြည်က ရရှိခဲ့သည်။
ညွှန်း - မိုးမခ - http://moemaka.blogspot.com/
27 comments :
  1. Anonymous said... :
    ခင်ဗျားစိတ်ထဲရှိလို့  အခမဲ့ဆေးကုတာမှ မဟုတ်တာ...ခင်ဗျားမဲရချင်လို့  ဆေးကုတဲ့ဟာကို ခင်းဗျားတို့ ကို ပြောပြန်ရင်လဲ အောင်မင်းလွန်ရာကျမယ်ဆိုသလိုဖြစ်နေပြီ
  1. Anonymous said... :
    Dear Dr Soe Min,
    Please ask your self and your militry back ground goverment for not killing our monther land and Irrawaddy. Who is selling our mother land to China????? You answer first this question before you ask any things.
    You are saying like funniest joke that adking Amay Su like that.
    All of you don't ashame.
  1. Demo Mike said... :
    အကျိုးလိုလို့  ညောင်ရေသွန်းတာကိုများ
    အခုမှ မနှဲလေးလေသံနဲ့ 
    ရွေးကောက်ပွဲ မတိုင်ခင်ကတည်းကပြောထားရင်တော့ ထားပါတော့
    လူမလစ်လို့ မဲမခိုးလိုက်ရတော့ ရှုံးသွားမှ ဒီစကား ထွက်လာတယ်
    ထွီး
  1. Anonymous said... :
    I am pretty sure this man is ' self important '
    ' overvalued'
    ' arrogant '
    ' no experience except in Military Medicine '
    ' Ho Pyaw De Pyaw '
    He changed a lot of tunes . If you all guys listen to what he said a few weeks before.
    At first, I was thinking of possibility to educate and train him.
    His brain is implanted with ' stupid ideas ' . He even not a good candidate for U S D P.
    If you all guys study his three video interviews with his body language and his involuntary movements, you all will noticed how he was immature and inexperienced.
    Overall assessment of the way he respond to ' concession of by-election'.
    He does need to learn a lot of ethics of election ( as candidate ) and general knowledge of ' the world and history ' .
    all he stated is ' villagers like LuSu LuWay' , ' then ' Daw Su is my elder sister , and she is not experienced and I am experienced in this KawtHmu' . she is good in theory . I am good in practical .
    Now he changed it is because of ' economic reasons' . and then ' Foreign Influence'
    He was taught by Aung Ye Lin, two days ago on 1 April 12 when he was in Yangon City.
    His words reflect that he is ' bilious ' he does have a lot of ' bile ' in his gut.
    In U S D P , there are a lot of good candidates - I am pretty sure.
    Well..To U S D P , try to replace him with someone better and more open-minded and let this gentleman to emphasize more on his clinical work.
    Message
    You'd better focus on your own works. If you want to get into Political life, you'd better quit ur doctor job and get trained by your good seniors to become ' good candidate' . To lure the people with ' Free of charge ' medical practice is ' bloody out of date', especially in this period - as a lot of your ancestors bullied, corrupted, neglected, and ripped off own country people ( you own daughter - Ta Mee Lay ) for long time and great extent. The country people had had enough. So they have no feeling of your ancestors.
    On top of that,your behaviour and words chosen during the interviews.
    There is no better news for the time being for you.
    Remember, when you lose, you have to appreciate the winner so also to all voters.
    You need to go out of Myanmar for western/eastern country for 3-4 months to learn international experience - not for shopping,pubs and clubs. But for learn from community and library and books.
    Ask Aung Thein Lin to sponsor you with his own money. Not from public revenue stolen from years.
    Don't let your jealousy burn!
  1. Anonymous said... :
    တော်သေးတာပေါ့..ဒီတစ်ခေါက်ဖွတ်တွေအတင်းအဓမ္မ ခိုးမပြေးလို့။ ခိုးပြေးရင်ရေတိမ်နစ်အုံးမှာ..
  1. Myo Myanmar said... :
    ကော့မှူးမြို့ဒေသခံများ စိတ်ချမ်းသာရေး လုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်အား ပြိုင်ဘက်အမတ်လောင်း ဒုဗိုလ်မှူးကြီးဟောင်း ဒေါက်တာစိုးမင်းက ယနေ့နံနက်ပိုင်း ထုတ်လွှင့်သွားသည့် ဘီဘီစီသတင်းဌာနနှင့် မေးမြန်းခန်းတွင် တိုက်တွန်းလိုက်သည်။
    ဒေါက်တာစိုးမင်းက ကော့မှူးမြို့အား သူ၏ သမီးအဖြစ် တင်စား ပြောဆိုလိုက်သည်။
    "ဆရာ့မှာ ကော့မှူး ဆိုတဲ့ သမီးပျိုလေးတစ်ယောက် ရှိတယ်၊ ဒီသမီးပျိုလေးဟာ သူ အိမ်ထောင်ပြုချင်တဲ့ဆန္ဒနဲ့ အိမ်ေ...ထာင်ပြုသွားတယ်၊ သူ ပိုယုံလို့ အိမ်ထောင်ပြုသွားတာလေ။ ဆရာ့ရဲ့ သမီးပျိုလေးကို စိတ်ချမ်းသာအောင်ထားပါလို့ ပြောချင်ပါတယ်"
    ( ကော့မှူးမဲဆန္ဒနယ်ကို သမီးပျိုလေး တစ်ယောက်လို တင်စားပြီး ပြောသွားတာ အရမ်းလှတယ်
    ဒါပေမယ့် ဒေါက်တာ့သမီးမှာ သက်ဆိုင်သူက တစ်ယောက်တည်း မ က ဘူးလေ၊ ကော့မှူးမဲဆန္ဒနယ်ကို ကိုယ်စားပြုတဲ့ ပြည်သူ့ လျွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ရှိတယ်၊ အမျိုးသားလျွှတ်တော်မှာလည်း တစ်ယောက်ရှိတယ်၊ ရန်ကုန်တိုင်းဒေသကြီးလျွှတ်တော်မှာဆို နှစ်ယောက်တောင် ရှိတယ်၊ အဲသည် (၄)ယောက်လုံးက ကော့မှူးမြို့ နယ်နဲ့ ဆိုင်ပါတယ်၊
    ကော့မှူးနယ်သားတွေက သူတို့ ((၄)ဦးလုံးကို မဲပေးခဲ့ရတာပါ။ ၂၀၁၀ မှာ ရွေးချယ်ပြီးသား
    ၄ ဦးအနက် လစ်လပ်သွားတဲ့ ပြည်သူ့ လျွှတ်တော် နေရာမှာသာ ဒေါ်စု က အရွေးချယ်ခံပြီး
    အမတ်ဖြစ်လာတာပါ၊
    တကယ်တော့ ပြည်သူ့ လျွှတ်တော် အမျိုးသားလျွှတ်တော် ကိုယ်စားလှယ်တွေဟာ သူတို့ ကို ရွေးချယ်ပေးလိုက်တဲ့ ဒေသအကျိုးကို ဆောင်ရွက်ရမှာ သဘာဝကျပေမယ့် အဲသည်ထက် ပိုအေ၇းကြီးတာက ကိုယ့်မဲဆန္ဒက ပြည်သူတွေ အပါအ၀င် တစ်နိုင်ငံလုံးက ပြည်သူတွေနဲ့ 
    ဆိုင်တဲ့ ကိစ္စတွေ ဥပမာ ပြည်သူတွေ အတွက် အကျိုးမရှိတဲ့ ဥပဒေတွေ ဖျက်သိမ်းဖို့ ၊
    အကျိုးရှိမယ့် ဥပဒေတွေ ပြဌာန်းဖို့ ၊ စီးပွားရေးပေါ်လစီတွေချဖို့ ၊ နိုင်ငံတော် ရှေ့ ရေးအတွက်
    အားလုံး သဘောတူညီနိုင်မယ့် ဘုံရည်မှန်းချက် တစ်ခုပေါ်ထွန်းလာဖို့ ကို ပိုမို အားထည့်ပြီး
    လုပ်ဆောင်ဖို့  ဖြစ်ပါတယ်၊
    ဒေသဖွံ့ ဖြိုးရေးကိစ္စတွေကို တော့ သက်ဆိုင်ရာ ပြည်နယ်။တိုင်းဒေသကြီးလျွှတ်တော်
    ကိုယ်စားလှယ်တွေက အဓိက အာရုံစိုက်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်၊ သက်ဆိုင်ရာ
    တိုင်းဒေသကြီး အစိုးရအဖွဲ့ တွေနဲ့  ညှိနှိုင်းပြီးတော့ပေါ့၊
    အခုအချိန်မှာ တိုင်းဒေသကြီးအဆင့်၊ လျွှတ်တော်တွေ အစိုးရအဖွဲ့ တွေရဲ့ လုပ်ဆောင်မှုတွေက
    ပြည်ထောင်စုအစိုးရအဖွဲ့ ကြီးရဲ့  လောင်းရိပ်မိနေပြီး အချို့ သော တိုင်းဒေသကြီးနဲ့  ပြည်နယ်
    တွေက လွဲရင် ပီပြင်မှု မရှိသေးတာကို တွေ့ ရပါတယ်၊ တကယ်တော့ အခြေခံဥပဒေပါ ပြည်ထောင်စုအစိုးရအဖွဲ့ က လုပ်ဆောင်ရမယ့် လုပ်ငန်းများက လွဲရင် ကျန်ုလုပ်ငန်းများကို
    မိမိတို့  လျွှတ်တော်သဘောတူညီချက်နဲ့  ဆောင်ရွက်ခွင့်ရှိပါတယ်။
    တိုင်းဒေသကြီးနဲ့ ပြည်နယ်လျွှတ်တော်တွေမှာ ကိုယ်စားလှယ်အများစု အနိုင်ရတဲ့ ပါတီဟာ
    အဲသည်တိုင်းနဲ့ ပြည်နယ်တွေမှာ အစိုးရဖွဲ့ နိုင်ဖို့ အလားအလာရှိတာကြောင့် နောင်လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် နိုင်ငံရေးပါတီတွေဟာ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်
    လျွှတ်တော်ရွေးကောက်ပွဲတွေကိုလည်း ပြည်သူ့ လျွှတ်တော် အမျိုးသားလျွှတ်တော်လိုဘဲ အထူး အာရုံစိုက်ပြီး ယှဉ်ပြိုင်အရွေးခံလာကြဘွယ်ရှိပါတယ်၊
    အဲသည်အခါမှာလည်း မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့  ကိုယ့်ရဲ့ အသည်းကြားက မဲတစ်ပြားကို
    ဘယ်ပါတီ ဘယ်ပုဂ္ဂိုလ်ကို ပေးမလဲဆိုတာ ဥာဏ်အမြော်အမြင်ရှိရှိနဲ့  ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့  မျှော်လင့်ပါတယ်၊)း))
  1. Thein Kyaw said... :
    khin byar thami lin lo chin lo lite twarr tar ne' de ka vote pay tar ne' bar sine lo lal- why you saying like that nonsense words. i think your party really stupid. lack of education, how do you get degree
  1. Anonymous said... :
    ဒေါက် တာကြီး ခင် ဗျာ၊
    ဒေါက် တာကြီး အခမဲ့ ဆေး ကု တာ ဆို တော့ အ ခ မဲ့ စမ်းသပ် ပေး တာ လား?ဆေး ဘိုးဝါး ခ ပါ ဒေါက် တာကြီး က အခမဲ့ ထုတ် ပေး တာ လား မ သိ လို့ မေး တာ နော်၊
    အဲဒီ လို အ ခ မဲ့ ဆို တော့ ဒေါက် တာကြီး ရဲ့ စား
  1. Unknown said... :
    ရှူံးရင်လဲ အေးအေး ဆေးကုပါကွာ။
    တောင်ပြောမြောက်ပြော လျှောက်ပြောမနေနဲ့။
  1. Anonymous said... :
    မောင်ဆိုးမင်းရေ - မင်းကတော့ လုပ်ချလိုက်ပြန်ပြီး၊ ဒါလားကွ ဆရာဝန်၊ ပညာဆိုတာ မသိရင်တောင်မှ ၊ အသိတရားလေး တော့ နည်းနည်းရှိသင့်တယ်နော် ။ ကိုယ်ပြောတဲ့ စကားဘာအဓီပ္ပါယ်လဲဆိုတာ ငါစကားနွားရ ဆိုပြီး ပြောလို့ မသင့်ဘူး ။ စကားထဲက ဇာတိပြနေတယ်။ ဗိုလ်ချုပ်အောင်ဆန်း နဲ့ သခင်သန်းထွန်းတောင် ဘာတော်မှန်းမသိဘဲ ရမ်းရွှီးတယ်။ မင်းပြောသလို ... မင်းသာ ဗိုလ်ချုပ် သားဖြစ်ရင် ဦးအောင်ဆန်းဦးထက် ဆိုးမယ် မောင်ဆိုးမင်းရေ ။ ရပ်ကွက်ထဲမှာ ပေါ်တာဆွဲခံရမှ ကြောက်လို့ ညဘက် နင်းတဲ့ ဆိုက်ကားသမားတွေ ကြံဖွံ ထဲ ၀င်တာ၊ ကိုယ်ကြိုးအတွက် လူတွေကို ဒုက္ခပေးခြင်လို့  ကြံဖွံထဲဝင်တာ မင်းအသိ၊ ငါအသိ တစ်တိုင်းပြည်လုံးသိတတာယ်။ မင်းလည်း ဆရာဝန် စွမ်းအားရှင် ဖြစ်ချင်လို့ ဝင်တာငြင်းရဲ လို့ လား မောင်းဆိုး ရယ် ..
  1. Anonymous said... :
    ဒေါက်တာစိုးမင်းဟာ ရပ်ကွက်အကျိုးဆောင် ကျေးရွာအကျိုးပြု ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီးမှ ကြံ့ဖွံ့က အဲဒီအရှိန်ကို သုံးချင်လို့ သူ့ကို အမတ်အဖြစ်ရွေးချယ်တာပါ.. သူများတွေလို ထင်ပေါ်ကျော်ကြားချင်လို့ လူမှုရေးလုပ်ပြနေတာမျိုး မဟုတ်သလို ကိုယ်တတ်နိုင်သလောက် ကိုယ့်ဒေသကိုယ် အကျိုးပြုနေတဲ့ လူပါ.. ရှင်းရှင်းပြောရင် ဒေါ်စုလိုတောင် တစ်ညလောက် ရွာရဲ့ အကောင်းဆုံးအိမ်မှာ လာအိပ်ပြသွားတဲ့ လူမဟုတ်ပါဘူး.. ထားပါ.. နိုင်ငံအတွက် ဒေါ်စုမဲရသင့်သလို နိုင်လဲနိုင်သင့်ပါတယ်.. ဒါပေမဲ့ အွန်လိုင်းကနေ ဘာမှလဲ မသိပဲနဲ့ ပုတ်ပုတ်ခတ်ခတ်ပြောရလောက်အောင် ဒေါက်တာ စိုးမင်းအကြောင်းဘယ်လောက်သိသလဲ.. သူလုပ်သလောက် ကိုယ်ကရော လုပ်နိုင်နေလို့လား..
  1. Anonymous said... :
    သမီးတော့သမီး မွေးစားသမီး
    ငယ်ကတည်းက ဂရုမစိုက်ပဲနေလာတာ
    အရွယ်ရောက်ပြီး အပျိုပေါက်ဖြစ်လာမှ
    တဏှာစိတ်နဲ့ ထဂရုစိုက်တာ
    ဖအေအရင်းစိတ် မရှိပါဘူးကွာ
    တော်သေးတာပေါ့ အချိန်မှီအိမ်ထောင်ကျလို့
    နို့မိုဆို ပထွေးလက်ချက်မိတော့မလို့
  1. 007 jambom said... :
    shot u doctor, let me say silence stay
  1. kyaw said... :
    tကြံ့ဖွံ့ပါတီဝင်တွေ လူမှုရေးလဲနားမလည်ဘူး။ နိုင်ငံရေးလဲနားမလဲဘူး။ ပြောလိုက်ရင် တောင်ပြောမြောက်ပြောနဲ့။ လုပ်လိုက်ရင်လည်းသောက်တလွဲချည်းပဲ။ မီဒီယာကိုဘက်မလိုက်ဖို့ပြောတယ်။ မီဒီယာကမေးပြန်တော့လည်းမဖြေဘူး။ ဖြေပြန်တော့လဲဘာတွေဖြေနေမှန်းမသိအောင်ကိုရှုပ်တယ်။ စကားတောင်ကောင်းကောင်းမပြောဘူး။ ကော့မှူးမှာရှိတဲ့သူတို့ရုံးကိုရွေးကောက်ပွဲအခြေအနေသွားမေးတာ အပေါ်ကပိတ်ထားလို့ မဖြေနိုင်ပါဘူးတဲ့။ ကောင်းရော။ အလကား ဆန်ကုန်မြေလေးတွေ။
  1. ဆရာရယ် ဘာဖြစ်လို့ များကော့မှုးတစ်မြို့ နယ်ထဲဆရာ့ ရဲ့ သမီးပျိုလေးဖြစ်ရပြန်တာလဲဗျာ၊အခြား အခြား သော မြို့ နယ်တွေကို ကြတော့ သားသမီးလိုသဘောမထားနိုင်တော့ ဘူးလား၊ကျွန်တော်တို့ တွေကိုလည်းမြေး၊မြစ်တွေလို့ သဘောမထားနိုင်တော့ တာလား၊အဲဒီလိုမှ မခံယူနိုင်ရင်တော့နိုင်ငံရေးအိမ်ထောင်ဦစီးကောင်းတစ်ယောက်ဖြစ်ဖို့ အီမ်မက်မမက်စေခြင်ပါ၊ဆရာ့သမီးပျိုလေး ဆရာရည်မှန်းသူနဲ့ ရမသွားရှာတဲ့ အတွက် သူ့ ယောင်္ကျားဖက်ကအကျိုးစီပွားတွေဆရာမရလိုက်ပေမဲ့ ကျန်တဲ့ ညီအစ်ကိုမောင်နှစ်မတွေနဲ့ အတူကျွန်တော်တို့ ပြော်ရွှင်နေတာကိုတော့ မုဒိတာပွားပေးပါလို့ တောင်းပန်ပါရစေ။ဆရာ့ စိတ်ဓါတ်နှင့်လုပ်ရပ်(ကုသိုလ်) ကိုလေးစားလျက်။
  1. Anonymous said... :
    တစ်နိုင်ငံလုံးကို စိတ်ချမ်းသာအောင်ထားချင်လို့ ရွှေးကောက်ပွဲဝင်တာကွ
    ကော့မှူးလေးလောက် သူများခိုင်းတာလုပ်ရင်း သိလာတဲ့ အကောင်ရဲ့
  1. NLD said... :
    ဟုတ်ကဲ့ပါ ယောက္ခမကြီးရဲ့
  1. Anonymous said... :
    ပြောလိုက် လုပ်လိုက်မှဖြင့် တလွဲပဲကွယ်
    ခင်ဗျားက ကိုယ့်ကိုယ်ကို ကော့မှူးသမီးပျိုလေးရဲ့ မိဘလို့သုံးနှုန်းထားတယ်
    ကော့မှူးသမီးပျိုလေးက တခြားသူနဲ့ အိမ်ထောင်ပြုသွားတယ်ဆိုတော့ ခင်ဗျားသာ ရွေးကောက်ပွဲမှာ နိုင်သွားခဲ့ရင် ကော့မှူးသမီးပျိုလေးက ခင်ဗျားနဲ့လက်ဆက်ရမှာလေ
    အဲဒီတော့ ဖအေနဲ့သမီး ပြန်ယူရအောင် ခင်ဗျားက ကိုယ့်သမီးကိုယ် ပြန်ကြံတဲ့ဖအေပဲ
    အဲဒီလိုဖအေမျိုးနဲ့ နေမဲ့အစား တခြားသူနဲ့အိမ်ထောင်ပြုသွားတဲ့ ကော့မှူးသမီးပျိုလေးက ပိုပြီး ဘေးကင်းလုံခြုံမှာပါ
  1. Anonymous said... :
    ဒေါက်တာ စိုးမင်းအကြောင်းဘယ်လောက်သိသလဲ.. သူလုပ်သလောက် ကိုယ်ကရော လုပ်နိုင်နေလို့လား.. လို့မေးတဲ့ ဦးဆိုးမင်း ယောက်ဖခင်ဗျား။ သူဟာ ကျပ်မပြည့်ပဲ ပြောချင်ရာလျှောက်ပြောတတ်သော အရူးသာသာလူတစ်ယောက်လို့ သိထားပါတယ်ခင်ဗျ။ ကျွန်တော်က အထက်က ခိုင်းသမျှ တာဝန်ကျေအောင် အကုန်လုပ်မှာပါဆိုသော သူရဲ့ စကားအရ ခိုင်းသမျှလောက်ပဲ လုပ်တတ်တဲ့ ကြိမ်ကိုင်ပြီးတို့မှ ရုန်းတတ်သူ တစ်ယောက်သာသာဖြစ်ပါတယ်။ သူ့ရဲ့ အခမဲ့ဆေးကုသမှုလုပ်ငန်းဟာဆိုရင်ဖြင့် ရွေးကောက်ပွဲစခါနီးမှ ကောက်ခါငင်ခါ ကောက်ရိုးမီးကဲ့သို့ စလုပ်ခြင်းကို ကြည့်ခြင်းအားဖြင့် သူ့ရဲ့ ရပ်ရွာအပေါ် အနစ်နာခံမှုများကို ခံစားသိရှိရပါတယ်ခင်ဗျ။ ဦးဆိုးမင်းဟာ ရပ်ရွာအပေါ် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး ခေါင်းဆောင်ကောင်း ပီသစွာ ရဲရဲဝန့်ဝန့် မေတ္တာစေတနာ အရင်းခံပြီး ဆောင်ရွက်ခဲ့ပါလျှင် ပြည်သူတို့ရဲ့ မေတ္တာကို ရောင်ပြန်ဟပ်ခံစားရပြီး သိကြားမင်း ဆင်းပြီး ပြိုင်လျှင်လည်း သိကြားမင်းရှုံးမှာပါခင်ဗျ။ ယခုကဲ့သို့ အတိအလင်း ရှုံးသည့်နောက်ပိုင်းတွင် သူ၏အခမဲ့ဆေးကုသခြင်းလုပ်ငန်းများ သူ၏သမီးပျိုလေးအတွက် ဆက်လက်လုပ်ကိုင်သွားမှာလားကို သိလိုပါတယ်ခင်ဗျ။ အဆင်ပြေ လမ်းကြုံရင် မေးပေးပါ ဦးဆိုးမင်းယောက်ဖ ခင်ဗျား။ ကျွန်တော်ရှုံးပါတယ်၊ ထိုက်ထိုက်တန်တန် အနိုင်ရရှိသူဟာလည်း ရပ်ရွာအကျိုးကို စွမ်းစွမ်းတမံလုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ဦးဆိုးမင်းလဲ ရွေးကောက်ပွဲမှာ မနိုင်ပေမဲ့ ရပ်ရွာအကျိုးအတွက် အရင်ထက် မလျှော့ပဲ ကောင်းသထက်ကောင်းအောင် ကျိုးစားရင် အနိုင်ရသူကို တဖက်တလမ်းက ပံ့ပိုးကူညီသွားပါ့မယ်လို့ ပြောရဲတဲ့ ယောကျာ်းကောင်း ခေါင်းဆောင်ကောင်းတို့ရဲ့ ခံယူတဲ့ စိတ်ထားများမရှိပဲ တောပြောတောင်ပြော လျှောက်ပြောတတ်တဲ့ သူရဲ့ စိတ်ဓါတ်ကို အထူးပင် အံ့အားသင့်ပါကြောင်း ဦးဆိုးမင်း ယောက်ဖခင်ဗျား။
  1. HtetNWin said... :
    ခုထဲက ၂၀၁၅အတွက် မဲဆွယ်တဲ့အနေနဲ့ အခမဲ့ဆေးကုပေးဘို့ အကြံပြုပါတယ်..ဟိဟိ
  1. Anonymous said... :
    သီအိုရီအပိုင်းကို သူပိုသိတယ်၊ ကျနော်က လက်တွေ့ပိုင်း ပိုသိတယ် ဆိုပေမယ့် လက်တွေ့ မဲခိုးလို့ မရတဲ့အခါ လူတွေ သိထားတဲ့ သီအိုရီအတိုင်း NLD ကို ဘယ် USDP မှ မနိုင်ဘူး ဆိုတာ ဖြစ်သွားတာပဲ။
  1. Anonymous said... :
    သမီးလေး ဘုရားဘုရား အမေစု နိုင်လို့သာပ။ သူသာနိုင်ရင် သူ့သမီးက သူ့ကို ပြန်ယူရမဲ့ အဖြစ်ပါလား။ ကိုယ့်သမီး ကိုယ်ပြန်ယူဖို့ မဲဝင်ပြိုင်သေးတယ်ပေါ့ .... ကိုယ်ပြောတဲ့ စကား ကိုယ်ဘယ်ရောက်မှန်းမသိ ..
  1. အေတူကန် said... :
    သူလုပ်သလောက် ကိုယ်ကရော လုပ်နိုင်နေလို့လား..လို့ မေးထားတဲ့ကောင်။ မင်းသိထားဖို့ က ကြံ့ဖွတ်ပါလည်းဆိုတာ တစ်နိုင်ငံလုံး ဆိုတာထက် တစ်ကမ္ဘာလုံးသိတယ်ဆိုတာပဲ။ မင်းပြောသလို သူက အဲဒီကြံ့ဖွတ် ဆွဲစားတာကို ခံတယ်ဆိုရင်လည်း သူ့ အတွေးအခေါ်နဲ့ အရည်အချင်းက ဘာလဲဆိုတာ မင်းရှေ့  နေလိုက်ပြစရာမလိုအောင် ရှင်းနေပြီ။
  1. Anonymous said... :
    ဒေါက်တာစိုးမင်းဟာ ရပ်ကွက်အကျိုးဆောင် ကျေးရွာအကျိုးပြု ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီးမှ ကြံ့ဖွံ့က အဲဒီအရှိန်ကို သုံးချင်လို့ သူ့ကို အမတ်အဖြစ်ရွေးချယ်တာပါ.. သူများတွေလို ထင်ပေါ်ကျော်ကြားချင်လို့ လူမှုရေးလုပ်ပြနေတာမျိုး မဟုတ်သလို ကိုယ်တတ်နိုင်သလောက် ကိုယ့်ဒေသကိုယ် အကျိုးပြုနေတဲ့ လူပါ.. ရှင်းရှင်းပြောရင် ဒေါ်စုလိုတောင် တစ်ညလောက် ရွာရဲ့ အကောင်းဆုံးအိမ်မှာ လာအိပ်ပြသွားတဲ့ လူမဟုတ်ပါဘူး.. ထားပါ.. နိုင်ငံအတွက် ဒေါ်စုမဲရသင့်သလို နိုင်လဲနိုင်သင့်ပါတယ်.. ဒါပေမဲ့ အွန်လိုင်းကနေ ဘာမှလဲ မသိပဲနဲ့ ပုတ်ပုတ်ခတ်ခတ်ပြောရလောက်အောင် ဒေါက်တာ စိုးမင်းအကြောင်းဘယ်လောက်သိသလဲ.. သူလုပ်သလောက် ကိုယ်ကရော လုပ်နိုင်နေလို့လား..
    စိုးမင်းအကြောင်းသိချင်ရင် ဆေးတပ်ထဲမှာစုံစမ်းကြည့်။
    ဘာကောင်လဲဆိုတာသိလိမ့်မယ်။
    သေချာတာကတော့ ဘာမှမတတ်တာပါဘဲ။
    နောက်သူက ဒုဗိုလ်မှူးကြီး မဟုတ်ဘူး။
    ဗိုလ်မှူးနဲ့ ရာထူးဆက်မတက်တော့လို့ ကြံ့ဖွတ်ကို
    ပြောင်းသွားတာ။
    သူလုပ်သလောက်ကိုယ်ကရောလုပ်နိုင်လားဆိုတော့
    သူ့လို ကြံ့ဖွတ်ပါတီဝင်ပြီး ပြည်သူတွေဆီက ခိုးထားတဲ့
    ပိုက်ဆံနဲ့ ပြည်သူကို အခမဲ့ဆေးကုတာမျိုးတော့၏
    လုပ်မပေးနိုင်ပါဘူး။ ဆေးတပ်ထဲတုန်းကလို ပြည်သူ့ပိုက်ဆံ
    တွေခိုးတာမျိုးလဲ မလုပ်နိုင်ပါဘူး
  1. Anonymous said... :
    ဦးစိုးမင်းသည်လူကောင်းတယောက်ဖြစ်ပါလိမ့်မည်။
    သို့သော်ဒေါ်အောင်ဆန်းကြည်နှင့်ယှဉ်ပြိုင်အရွေးခံဖိုတော့၊သူသေချာစဉ်းစားခဲ့ဖို့ကောင်း
    သည်။ အမြော်အမြင်ကြီးတာလည်းဖြစ်နိုင်သည်။
    လက်ရှိကာလတွင်
်ဒေါ်အောင်ဆန်းစုကြည်နှင့်ယှဉ်ပြိုင်ရန်အတွက်
    အဆင့်မှီသူမြန်မာပြည်တွင်၊မမွေးဖွါးသေးပါ။
    ဦးစိုးမင်းသည်စကားဟောင်ဖွာဟောင်ဖွာပြောတတ်ပြီး၊သူတပါးအခက်အခဲကိုကူညီတတ်သော၊ခပ်ပျော်ပျော်နေတတ်သော၊သာမန်လူတဦးမျှသာဖြစ်ပုံရပါသည်။ဒေါ်အောင်ဆန်းစုကြည်နှင့်မပြိုင်ခင်ကတည်းက၊အရှုံးကိုလည်းမျှော်လင့်ထားပုံရပါသည်။
    သို့သော်ဒေါ်အောင်ဆန်းစုကြည်နှင့်ယှဉ်ပြိုင်ခွင်ရခဲ့သည်ကိုပင်၊ဆုလာဒ်ကြီးတခုရသကဲ့သို့၊ကျေနပ်ကြီးကျေနပ်နေပုံရသည်။လက်ရှိအနေအထားရ ကြံ့ခိုင်နှင့်ဖွံ့ဖြိုးရေးပါတီမှ မည်သူတဦးတယောက်မှ၊ဒေါ်အောင်ဆန်းစုကြည်နှင့်ယှဉ်ပြိုင်ရန်အဆင့်မမှီသေးပါ၊
  1. Anonymous said... :
    ဒီလူကြီး ရပ်ကွက်အကျိုးဆောင် ကျေးရွာအကျိုးပြုဖြစ်ရိုး မှန်ရင်
    ဒီလို အူကြောင်ကြောင်စကား ပြောမလား။
    ဒေါ်အောင်ဆန်းစုကြည် နိုင်သွားလို့ ဝမ်းသာပါတယ်ဆိုပြီး
    ရပ်ရွာကောင်းကျိုးလုပ်နိုင်ပါစေ ဆုတောင်းပေးတယ်
    ဘာညာ ပြောလိုက်ပြီး သိက္ခာရှိရှိ ရှုံးသွားလို့ရတယ်။
    ဒီပုတ်ထဲက ဒီပဲဆိုတာ အလကား စကား မဟုတ်ဘူး။
    စကား အပြင်း အပျော့ နည်းနည်းပဲ ကွာမယ်။
    ဒီလူနဲ့ ဦးအောင်သောင်း၊ ဦးဌေးဦး တလေသံတည်းပဲ။
    ဦးသိန်းစိန်လား။ အခုထိတော့ မျက်နှာဖုံး ကောင်းနေတုန်း။
  1. Anonymous said... :
    ဆေး အလကား ကုပေးတယ်ဆိုတာ အများကြီး အကျိုးပြုနေတာ
    မဟုတ်ဘူး။ နိုင်ငံတိုးတက်ဖို့ဆိုတာ ဆေးကုပေးဖို့ထက်
    မဖြစ်အောင် ကြိုတင်ကာကွယ်ပေးရမှာ။ ဖြစ်မှ အလကား
    ကုပေးတယ်ဆိုတာထက် ပညာပေးရမယ်။ အခုတော့
    ပလိုင်းပေါက်နဲ့ ဖားကောက်။
Post a Comment
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved