ကချင်ဒုက္ခသည်တွေဆီသွားတဲ့ ရဲတိုက်ဖောင်ဒေးရှင်း

Saturday, April 21, 2012

.



ဝိုင်းမော်မြို့နယ် နှစ်ခြင်းဘုရားကျောင်းရှိ စစ်ပြေးဒုက္ခသည်များ

( သတင်းဓါတ်ပုံ- ဆိုင်းဆွတ် - Yangon Press International http://www.facebook.com/ygnpress )


ယခုလ ၈ရက်နေ့မှ ၁၃ရက်အထိ ရဲတိုက်ဖောင်ဒေးရှင်းက ကချင်ပြည်နယ် ရှိ စစ်ပြေးဒုက္ခသည်များကို အလှုငွေ သိန်း ၃၀၀ ကျော် သွားရောက် လှူဒါန်း ခဲ့သည်။

ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်းများမှ တရုတ်ပြည်နယ်စပ်ရှိ ဒုက္ခသည်စခန်း ၊ ၀ိုင်းမော် မြို့ရှိ ဒုက္ခသည် စခန်းနှင့်မြစ်ကြီးနား မြို့ရှိ ဒုက္ခသည် စခန်း ၁၁ ခု တို့တွင် ခိုလှုံ နေထိုင်လျက်ရှိသူများကို လှူဒါန်းသွားသည်။

သို့သော် ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်းများက လိုအပ်ချက် များပြားနေသေးသောကြောင့် ထိထိရောက်ရောက် ကူညီမူ မပေးနိုင်သောကြောင့် အားမလို အားမရ ဖြစ်သည်ဟု ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်က ပြောသည်။

“အားမရဘူး။ ဒီထက်ပိုပြီး ကူညီချင်တယ်။ ဒီထက်ပိုပြီး ထိထိရောက်ရောက် လုပ်ပေးချင်တယ်။ ဒုက္ခသည် စခန်းတိုင်းမှာ လိုအပ်ချက်တွေ ရှိနေတုန်းဘဲ။ ဒီထဲကမှာ ကိုယ်နိုင်တာလေးကို ရွေးပြီး ကူညီရတာ ဆိုတော့ တခြား လိုအပ်နေသေးတဲ့ နေရာတွေ အတွက် စိတ်မကောင်းဘူး ဖြစ်မိပါတယ်” ဟု YPI သို့ပြောသည်။

မြန်မာစစ်တပ်နှင့် ကေအိုင်အို အကြား စစ်ဖြစ်ပွားမူကြောင့် စစ်ပြေး ဒုက္ခသည်များ ၇၀,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ကူညီရေး အဖွဲ့ အစည်းများက ကောက်ယူထားသည့် စာရင်းများအရ သိရှိရသည်။

ရဲတိုက် နဲ့ ဂျန်မိုင်ကောင်း စစ်ပြေးဒုက္ခသည် စခန်းရောက် ကလေးငယ်များ

ဂါလိလဲဘုရားကျောင်းမှာ ခိုလှုံနေသူများ နဲ့ ရဲတိုက်

ရဲတိုက် နဲ့ ၀ိုင်းမော် မြိုနယ် စိန့်ဂျိုးဇက်ဘုရားကျောင်းရောက် ဒုက္ခသည်များ

သာဂရ သရက်တော ဘုန်းကြီးကျောင်းရောက် ရဲတိုက် နဲ့ စစ်ပြေးဒုက္ခသည်များ



.

2 comments :

  1. Hana said... :

    I salute you guys... All the best of luck...
    This images will be great honor of your life one day and it will be the brightest day for you.
    Bravo... Congrass, Keep it up

  1. TT9 said... :

    Nyi lay YE TIKE

    truly appreciated you for your doing very good

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved