ဒေါ်လာတသောင်း အထိ ယူလာခွင့်ပြု

Thursday, April 5, 2012

မြန်မာနိုင်ငံထဲကို ဒေါ်လာတသောင်း အထိ ယူဆောင်လာခွင့်ရှိတယ်၊ အခွန်ဌာနကို အကြောင်းကြားစရာ မလိုဘူး တဲ့။ (ဒိမတိုင်ခင် နှစ်ထောင်အထိပဲ ယူခွင့်ပြုပါတယ်။ အဲဒါထက်ပိုရင် အခွန်ဌာနကို ပြောရမယ် လို့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားပါတယ်)

ဒီနေ့ သတင်းစာများထဲမှာ ပါဝင်တဲ့ ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်ပါ။
တသောင်းထက် ပိုရင် ကြေညာရမယ့်သဘောပေါ့။

သတိပြုရမှာက ဒါဟာ နိုင်ငံခြားသားအတွက်ပါ။ မြန်မာနိုင်ငံသားတွေအတွက် ထုတ်ပြန်တဲ့ စည်းကမ်း မဟုတ်ပါဘူး။


နောက်ဆက်တွဲ ဖြည့်စွက်ချက် -

မြန်မာပြည်မှာ Visa, American Express, MasterCard and Discover စတဲ့ ဘဏ်ကတ်၊ အကြွေးဝယ်ကတ်သုံးပြီး ငွေထုတ်နိုင်ခြင်း မရှိသေးပါ။ ဒါကြောင့် ဒီကတ်တွေ အမြဲအားကိုးတဲ့ နိုင်ငံခြား ဧည့်သည်တွေ မြန်မာပြည်ရောက်ရင် အခက်တွေ့ကြပါတယ်။ ပိုက်ဆံတော့ ရှိပါရဲ့၊ ရှိတဲ့ပိုက်ဆံက ဘဏ်ကတ်ထဲမှာ ဖြစ်နေတယ် ဆိုပြီး ညည်းနေတဲ့ ခရီးသည်တွေ မနည်းပါဘူး။

အခု ဗဟိုဘဏ်ရဲ့ စည်းကမ်းချက်အသစ်ကလည်း ဒီအခက်အခဲတွေကို မဆိုစလောက် ဖြေရှင်းပေးရာ ရောက်ပါလိမ့်မယ်။

4 comments :

  1. Anonymous said... :

    We don't travel with cash 10000 USD, We usually use VISA CB to travel more save for us during our trips. Can we use CB in Myanmar now?

  1. Anonymous said... :

    ဟာ....ရှင်း ပြရ တာ တယ်ခက်ပါ လား၊

ိုဘယ် ကတ် မှ သုံး မ ရ လို့၊ ငွေ ယူ လာ ခိုင်း တာပေါ့ ကွ။

  1. Anonymous said... :

    နိုင်ငံတကာမှာ အလွယ်တကူလုပ်လို့ရနေတဲ့ ကတ်တွေကို မြန်မာနိုင်ငံမှာ လုပ်နိုင်အောင်ကြိုး စားဖို့လိုနေပါပြီ၊ မြန်မာပြည်တွင်းသုံးကတ်ထုတ်ပေးနိုင်ရင်လည်း နိုင်ငံခြားသားတွေ ၀ယ်ပြီး လုပ်ထား မလားမသိဘူး၊
    သူတို့က VISA ကတ်နဲ့ ထိုင်း၊ စင်ကာပူကနေ ထုတ်လာတဲ့ငွေကို မြန်မာပြည်က လုပ်ထားတဲ့ CB ကတ်ထဲကို လေဆိပ်မှာ ပြောင်းထည့် လိုက်ရင် မြန်မာပြည်တွင်းမှာ ပိုက်ဆံကိုင်စရာမလိုတော့ဘူးပေါ့

  1. Anonymous said... :

    မြန်မာပြည်က လုပ် တဲ့ CB ကတ် က ဖယောင်း သုတ်ထား တော့ ဘယ် နဲ့ လုပ် မ လဲ။?

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved