မြ၀တီနယ်စပ် ဗိုင်းရပ်စ်များ

Wednesday, April 18, 2012

မင်းစစ်သွေး

- မြ၀တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က ဗိုင်းရပ်စ်များ -


လတ်တစ်လော ကုန်သွယ်ရေး လမ်းကြောင်းတွေထဲမှာ ခရီးမိုင် အတိုဆုံးနဲ့ သယ်ယူစရိတ်အသက်သာဆုံးလို့ ယူဆထားရတဲ့ မြ၀တီနယ်စပ်ကုန်သွယ်ရေးစခန်းကြီးဟာ သွားနေတဲ့ နိုင်ငံရေး ပြောင်းလဲမှု စနစ်ကို သွေဖီပြီး လာဘ်ပေးရင် ရန်မလိုဘူး(လာဘ်ပေးရန်မလို) ပုံစံနဲ့ ခေါက်ရိုးကျိုး အရိုးဆွဲနေတုန်းပါပဲ။

သွင်းကုန်လုပ်ငန်းရှင်တွေအတွက် တရားဝင်ကုန်သွယ်လမ်းကြောင်းကို နိုင်ငံတော်က ဖွင့်လှစ်ပေးတာက တစ်ကြောင်း၊ အခွန်အခတွေကို ဖြေလျှော့ပေးလိုက်တာက တစ်ကြောင်း၊ လွတ်လပ်စွာ တင်ပို့ခွင့်ရှိလာတာ တို့ကြောင့် ဒီကုန်သွယ်ရေးလမ်းပိုင်းကို အသုံးပြုကြရာမှာ ဆိုးဝါးတဲ့အဖြစ်တွေ ကြုံတွေ့နေရဆဲဖြစ်တယ်။

ဒီကုန်သွယ်မှုလမ်းကြောင်းပေါ်က စစ်ဆေးရေးအဖွဲ့ဆုံ တာဝန်ယူစစ်ဆေးနေတဲ့ မြ၀တီကုန်သွယ်ရေးဇုန်က အကောက်အခွန် အရာရှိ တချို့ အကောက်ခွန် လုပ်ထုံးလုပ်နည်းကို လူ ကြားကောင်းအောင် ပြောဆိုပြီး ငွေတောင်းယူမူတွေ ရှိနေတယ်လို့ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုတယ်။

===========================
ပြည်သူကြားက ပြည်သူ့အကြောင်း တစေ့တစောင်း
===========================
သူတို့ပြောနေပုံအရဆိုရင် လုပ်ငန်းရှင်တွေက နိုင်ငံတော်ကို တရားဝင်အခွန်ဆောင်တဲ့အတွက် သူတို့ အခွန်ဝန်ထမ်းတွေအနေနဲ့ စိတ်အနှောက်အယှက်ဖြစ်နေရသလို၊ အလုပ်ပဲ ပိုရှုပ်သွားသလို ပုံစံမျိုးတွေ ပြော နေကြတယ်လို့ ကိုယ်တွေ့ကြုံ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ဆိုပြန်တယ်။

“ကျွန်တော်တို့ သွင်းကုန်သွင်းလာတာ မြ၀တီချစ်ကြည်ရေးတံတားမှာ ဆိုင်ကယ်တစ်စီးကို တစ်သောင်း တောင်းတယ်။ အစီး ၅၀ ဆိုတော့ ငွေငါးသိန်းပေးခဲ့ရတယ်။ ဇုန်ရောက်ပြန်တော့ အပြင်ကပဲ စစ်မယ်ဆိုပြီး ငွေသိန်းနှစ်ဆယ် ထပ်တောင်းတယ်။ ကျွန်တော်က ဘာတစ်ခုမှ မမှန်မကန်တာ မလုပ်တာကြောင့် အကျိုး အကြောင်းပြောပြတော့ မရဘူး။ အကုန်လုံးကို ဖောက်စစ်မယ်လို့ ပြောတယ်။ အခွန်ထမ်းအနေနဲ့ အချိန်တွေ ကုန်ငွေတွေကုန်တဲ့အပြင် လူပါစိတ်ညစ်ရတယ်လို့” သူက ဆိုတယ်။

ထို့ကြောင့် နိုင်ငံတော်အပေါ် သွင်းကုန်လုပ်ငန်းရှင်တစ်ဦးအနေဖြင့် မှန်မှန်ကန်ကန် အခွန်ထမ်းဆောင်ရွက် ပါသော်လည်း ယင်းသို့သော ဆိုးဝါးလွန်းသည့် ဗိုင်းရပ်စ်များ ရှိနေသဖြင့် တရားမ၀င်လမ်းကြောင်းမှသွားလျှင် ငွေကုန်တာခြင်းအတူတူ ပိုစိတ်ချမ်းသာလိမ့်မယ်လို့ ပြောပါတယ်။

ယင်းသို့စစ်ဆေးရာမှာ အ ကြောင်းအမျိုးမျိုးပြ ပညာပေးမှုတွေ ရှိနေတာကြောင့် အဆိုပါ ဇုန်ထဲပဲ အချိန်လေးရက်ကြာ ကုန်ဆုံးခဲ့ရ ကြောင်း ကြားသိရသည်။

ပြီးခဲ့သော အပတ်က မုံရွာ ကြေးနီသတ္တူတွင်း စီမံကိန်းအတွက် သွင်းယူလာသော မြေသယ်ယာဉ် ကားကြီး များကို ကုန်သွယ်လုပ်ငန်းခွန် ၂၀% သွင်းကုန်ခွန် ၃% အသီးသီး ပေးဆောင်စေခဲ့ ပြီး ကျွန်တော်တို့ တိုင်းရင်းသားလုပ်ငန်းရှင်များ သွင်းကုန်တင်သွင်းရာ ကုန်သွယ်လုပ်ငန်းခွန် ၂၅% နှင့် သွင်းကုန်ခွန် ၅ % ပေးဆောင်ခိုင်းခြင်းတို့မှာ မည်သို့ ကွာခြားနေသလဲဟု တင်ပြရင်း နိဂုံး ချုပ်အပ်သည်။

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved