ပွဲလုပ်မယ့်နေရာက ကျုံးဟိုမြို့နယ် ဝှါးရှင်းလမ်းမှာပါ။
အဲဒီနေရာကို မြန်မာတန်းလို့လည်း ခေါ်ပါတယ်။
"တရက်ပဲ လုပ်မယ်။ သင်္ကြန်အကလည်း ရှိတယ်။ အများကြီး လာတယ်။ မြန်မာတွေတင် မဟုတ်တောဘူး၊
ထိုမ်ဝမ်သားတွေလည်း လာကစားတယ်။ လူထောင်ကျော်လောက် ရှိတယ်။ အခု ထိုမ်ဝမ်မှာ ဒီပွဲကို လူသိ များလာပြီ။ ၁၃နှစ်လောက်ရှိပြီ။ အစိုးရလဲ အရေးထားလာတယ်။ ဒါကြောင့် မြို့တော်ဝန် ကိုယ်တိုင် ဖွင့်ပွဲလုပ်တယ်" လို့ ထိုင်ဝမ်ရောက် မြန်မာပြည်သားတယောက်က ဧရာဝတီကို ပြောပါတယ်။
မြန်မာသင်္ကြန်ပွဲ ကြော်ငြာ
တိုင်ဝမ်ရောက် မြန်မာပြည်ပေါက်တရုတ်လူမျိုးတွေက တိုင်ဝမ် နိုင်ငံသားခံယူပြီး တိုင်ဝမ်ပတ်စ်ပို့ ကော မြန်မာပတ်စ်ပို့ ပါ နှစ်မျိုး ကိုင်လေ့ ရှိကြတယ်။ တခြားနိုင်ငံသွားရင် တိုင်ဝမ်ပတ်စ်ပို့ နဲ့ သွားပြီး မြန်မာပြည်ပြန်ရင် မြန်မာပတ်စ်ပို့ နဲ့ပြန်လေ့ရှိတယ်။ လုပ်ငန်းလုပ်သူတွေလဲ အဲလိုလုပ်ပြီး အခွန်ငွေကို ရှောင်ကြတယ်။ မြန်မာနိုင်ငံဟာ duel citizenship (နှစ်နို်င်ငံသားအဖြစ်) လက်ခံတဲ့ နိုင်ငံမဟုတ်ပါ။ တိုင်ဝမ်ပတ်စပို့ ကိုင်ရင် မြန်မာပတ်စ်ပို့ ကို လက်လွှတ်ရမှာဖြစ်ပါတယ်။