မိုးညှင်းမြို့နယ်တွင် ရထားလမ်း မိုင်းကွဲ

Sunday, April 29, 2012



ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ထဲမှာ
ဒီနေ့မနက် ၁ နာရီ ၁၅ မိနစ်မှာ၊ ရထားသံလမ်း မိုင်းကွဲတာကြောင့် မန္တလေး-မြစ်ကြီးနား အဆန်ရထား အမှတ် ၃၃ ဟာ  ရထားသံလမ်းချော်ပြီး ရထားတွဲ ၈ တွဲ တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံတွေက ဧရာဝတီကို ပြောပြပါတယ်။

သံလမ်းမိုင်းထိတဲ့နေရာကတော့ မိုးညှင်းမြို့မရောက်ခင် ၁၆ မိုင်အလို၊ မော်ဟန် ဘူတာအလွန် စင့်ကြည်ရွာနားမှာလို့ သိရပါတယ်။

ကိုရင်တပါး၊ ဘုန်းတော်ကြီးတပါးနဲ့ လူတယောက် ဒဏ်ရာရပြီး မိုးညှင်းဆေးရုံကို ပို့ထားရတယ်လို့ ဆိုပါတယ်။ သံလမ်း မိုင်းကွဲတဲ့အချိန်နဲ့ တဆက်တည်းမှာ သေနတ်ဖောက်သံ လေး၊ ငါး ချက် ကြားလိုက်ရတယ်လို့လည်း စင့်ကြည်ဒေသခံတွေက ပြောပါတယ်။

ဒီလို သေနတ်သံတွေ ကြားခဲ့ရတာကြောင့် အဲ့ဒီဒေသမှာ တိုက်ပွဲများ ဖြစ်သလား၊ ရထားလမ်းမိုင်းကွဲမှု တရားခံက ဘယ်သူလည်းဆိုတာကိုတော့ မသိရသေးဘူး၊ စုံစမ်းနေဆဲပဲလို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။

ကချင်ပြည်နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေနဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေသလို ကချင်ပြည်နယ်တွင်းမှာ ရထားလမ်း မိုင်းခွဲခံရတာတွေ၊ မြို့တွေထဲမှာ ဗုံးပေါက်ကွဲမှုတွေ ရံဖန်ရံခါ ကြုံတွေ့နေရပါတယ်။

4 comments :

  1. Unknown said... :

    ဘန်ကီမွန်း ကုလအတွင်းရေးမှူးချုပ် လာမဲ့အချိန်။ဒီနေ့ဗိုလ်ချုပ်အောင်မင်းက ကေအင်ယူလုပ်တာလို့ သတင်းစာရှင်းတယ်။
    ရထားလမ်းတစ်လျောက် တပ်က လုံခြုံရေးယူထားတယ်။
    ဓါတ်မီးနဲ့သွားလာယင်တောင် ပစ်မယ်ခတ်မယ်ကြော်ငြာတယ်။လူမသေဘဲ ရထားလမ်း ချော်အောင် အပျော့စားယမ်းနဲ့တင် သံလမ်းပြဲ တွဲကျနိုင်တယ်။ကေအင်ယူကသာ ထောင်ယင် သေလိုက်မဲ့
    ခရီးသည်တွေ။တွေးတော ချင့်ချင် ယုံကြပါ။
    သမိုင်းကြောင်းက သိတဲ့အတိုင်း။

  1. pamoikchan said... :

    ပြည်ပ နှင့် ပြည်တွင်းတိုင်းရင်းသားများသို့​ ခင်ဗျာ၊ မြန်မာပြည်တွင်း ပြည်ပမီးဒီးယားများဟာ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကျူကျော်မူတိုက်ပွဲဟာ စိတ်ဝင်စားမူနည်းတာဟာ ရန်ကုန်မှာ ရွှေမိုးငွေမိုးရွာနေလိုလား? ဒါမှမဟုတ် တိုင်းရင်းသားတို့ရဲ့ အရေးကိစ္စဟာ တကယ်အရေးမပါဘူးလို ဆိုရမလား? ဒါတွေဟာ တစ်ခါတစ်ရံ မေးခွန်ထုတ်စရာကေါင်းတဲ့အကြောင်းကိစ္စလား စဉ်းစားနေမိတယ်။

  1. Anonymous said... :

    To unknown: KNU? Oh, really?

  1. Anonymous said... :

    ပာုတ်တယ်ဗျ Unknown ရKNUလုပ်တယ်တော့ကျွန်တော်မထင်ဘူးဗျ။KIA လုပ်တာလားမသိဘူးနော်:)

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved