"အပြောင်းအလဲနှင့် ၀ိရောဓိ"

Wednesday, April 18, 2012

အပြောင်း အလဲတွေ ပေါ်ထွက် လာနေပြီ ဆိုပေမယ့်လည်း မြန်မာတွေ အတွက် မပြောင်းလဲတာ တွေပဲ မြင်နေ မိတယ်။ အဆိုးမြင်ဝါဒီ များအား ဆန့်ကျင်ကြ ဆိုတဲ့ဆောင်ပုဒ် လက်ကိုင် ရှိထားသူများ အတွက် မရည်ရွယ်ပါ။ ၀ိရောဓိ ဆိုတာ ရှေ့နောက် မညီတဲ့ လုပ်ရပ်တွေ အတွက် သုံးနှုန်းတယ်လို့ သိထား ပါတယ်။

၁. မြန်မာပြည်ရဲ့ အင်တာနက် ကော်နက်ရှင်ပင်လယ် ရေအောက် ကေဘယ်လ်

တရုပ်ဘက်က သွယ်တန်း ထားတဲ့ ကုန်းတွင်း ဆက်လိုင်း ဒါတွေ မကောင်း လို့ ကော်နက်ရှင် မကောင်းပါဘူး.. ဘာညာနဲ့ ဟိုနေရာ ပျက်လိုက် ဒီနေရာ ပျက်လိုက်နဲ့ ဘယ်အချိန် အထိ ဒီအတိုင်း ဆက်ဖြစ် နေဦးမှာလဲ။ အင်တာနက် ပေးတဲ့ ဂိတ်ဝေးတွေ ၀က်ပေါ်တယ်တွေ ဆာဗာ တွေမှာ အသုံးပြု နေတဲ့ ပစ္စည်းတွေ လိုင်စင်ဗားရှင်း တောင်မဟုတ်တဲ့ ၀င်းဒိုးတွေ၊ မီးကျိုး မောင်းပျက် ပစ္စည်းတွေနဲ့ သက်ဆိုင်ရာ ၀န်ထမ်း တွေလည်း ပင်ပင် ပန်းပန်းနဲ့ အလုပ်လုပ် နေရတုန်းပါပဲ။

သောမတ်စ် ဖရိုင်းမင်း ရေးတဲ့ လပ်ဆပ်ကားနဲ့ သံလွင်ပင် စာအုပ်ထဲကလို ရွှေရောင် ကိုယ်ကျပ် အကျီ ကို ၀တ်ပေးဖို့ လူကြီးတွေ သေသေ ချာချာ မစဉ်းစား ကြသေးဘူး ထင်ပါရဲ့။

ရွှေရောင် ကိုယ်ကျပ် အကျီဆိုတာက အင်တာနက် ကော်နက်ရှင် ကောင်းကောင်း ချိတ်ဆက် ပေးနိုင်မှု့ပဲ။ လက်ရှိ မြင်ရသမျှ အော့ဖ်ရှိုး လုပ်ငန်းတွေ အောက်ဆို့စ် အလုပ်တွေ ရှိတယ်။ အဲ့လုပ်ငန်းတွေ အဆင်ပြေပြီး ဖွံဖြိုးလာအောင် အင်တာနက် ကော်နက်ရှင် ကောင်းကောင်းကို မရှိမဖြစ်လိုအပ်တယ်။

မိတ်ဆွေ တစ်ယောက် ပြောသလိုပဲ ပြတ်ကျန်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းပြည် အတွက် IT နဲ့ အမှီလိုက် နိုင်မယ်လို့ လူငယ်တွေ လုံးဝ ယုံကြည် နေကြတယ်။ ဘာကြောင့် မလုပ်နိုင် ရသေးတာတုန်း ဆိုတာ လူတွေ သိချင် နေကြတယ်။

ချောဆီ နဲ့ အလား သဏ္ဍန်တူတဲ့ မီဒီယာ ၀ုန်းခနဲ ခုန်ထ လာမှုကို ကြောက်ရွံ့  လိုလား။ ကျင့်ဝတ် သိက္ခာ ပိုင်းနဲ့ ယဉ်ကျေးမှု့ ထိန်းသိမ်းချင်တဲ့ အတွက်ကြောင့် လို့အကြောင်း ပြနေရင် ဘယ်သူမှ လက်မခံပါဘူး။

၂. ဆက်သွယ်ရေး မိုဘိုင်းဖုန်း

၁၅ သိန်းခွဲနဲ့ စတင်တဲ့ ဖုန်းတွေ ၂ သိန်းအထိချ ပေးပြီးသွားပြီ။ ဒါပေမယ့် သူများနိုင်ငံမှာ ဈေးပေါပေါနဲ့ သာမန် လူတွေတောင် သုံးနိုင်တဲ့ဖုန်းအဆင့်ထိ ဖြစ်လာဖို့ လိုအပ် နေသေးတယ်။ ဈေးသက်သာတဲ့ ဆက်သွယ်ရေး စနစ် စတင်ပြီးတဲ့ အခါမှာလည်း ကုန်စည် စီးဆင်းမှု့တွေ ဈေးထိန်းညှိမှု့တွေ မြန်ဆန် လွယ်ကူ လာမှာ အသေ အချာ ပါပဲ။ ၅၀၀၀ တန် ဆင်းကဒ်ပဲ ဖြစ်ဖြစ် အလကားရတဲ့ ဆင်းကဒ်ပဲ ဖြစ်ဖြစ် နိုင်ငံ တကာ မှာအသုံးချ နေတဲ့ ဈေးနှုန်းထက် မမြင့်သင့်ပါဘူး။ နည်းပညာ တိုးတက်မှု့တွေနဲ့ ကမ္ဘာကြီး ပြောင်းလဲလာသလို မြန်မာပြည်မှာလည်း ဆက်သွယ်ရေး မိုဘိုင်းဖုန်း ကွန်ယက် တည်ထောင်တာ ခက်ခဲတဲ့ အလုပ် မဟုတ်ပါ။ မခက်ခဲ တာတွေ ကို ခက်ခဲ သလိုနဲ့ အားပြိုင်လွန်ဆွဲ နေကြသူများ ရှိနေတာ နားမလည် နိုင်သေးပါဘူး။

၃. ခရီးသွား သယ်ယူ ပို့ဆောင်ရေး

လူတွေ ခရီးသွား လာရေးတွေ ခက်ခဲ နေတုန်းပဲ။ သယ်ယူ ပို့ဆောင်ရေး စနစ်တွေ ကောင်းအောင် မလုပ်နိုင် သေးဘူး။ ကားတွေ ပြည်ပနိုင်ငံ တွေက ဘုရားတရလောက်အောင် ဈေးတွေ ရှိနေတုန်းပဲ။ အခြေခံ အဆောက် အဦး ဖြစ်တဲ့ လမ်းတွေ ပြင်ဆင်ဖို့ သယ်ယူပို့ ဆောင်ရေးစနစ် ပိုကောင်းအောင်လုပ်ဖို့ က ရွေးကောက်ပွဲနဲ့ မဆိုင်ပါ။ အာဏာရ ချင်တဲ့ လူပဲ ရပါစေ..။ တက်လာတဲ့ အစိုးရအနေနဲ့ ဒါတွေ လုပ်ပေးဖို့ တာဝန်ရှိ နေတာကို နားမလည် ကြသေးပါ။ လက်သင့်ရာ စားတော်ခေါ် ၀ါဒနဲ့ ပြည်သူနဲ့ တိုင်းပြည်ကို မျက်နှာလွှဲခဲပစ် ဆက်လုပ်နေကြတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။

စိုးထက် ကိုယ်တိုင်ရေးတွေ ဖြစ်ပါတယ်။
ကျွန်တော့ဘလော့မှာလည်း တင်ဖြစ်ပါတယ်။
www.myrisingforces.blogspot.com



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved