NLD ရဲ့ နှစ်ကူးကန်တော့ပွဲ

Thursday, April 19, 2012


အိမ့်သံစဉ် ရေးသားသည်)

(ဓာတ်ပုံများ - NLD)


ဂါရဝေါစ နိဝါတောစ ဆိုတာ ရိုသေထိုက်သူကို ရိုသေလေးစားပြီး မိမိကိုယ်မိမိ နှိမ်ချခြင်းသည် မင်္ဂလာ တစ်ပါးပါ။

ယနေ့ (ဗုဒ္ဓဟူးနေ့) နေ့လည် ၁၂ နာရီက စတင်ပြီး ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးမျာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး သက်ကြီးပူဇော်ပွဲကို ကျင်းပခဲ့ပါတယ်။

ဘဘ ဦးတင်ဦး(၈၅ နှစ်)၊ ဘဘ ဦးဝင်းတင် (၈၂ နှစ်) အစရှိတဲ့ သက်ကြီး ပါတီဝင်များကို ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ NLD ပါတီဝင်များက ရှိခိုးဦးချကာ ဂါရ၀တရားဖြင့် ကန်တော့ပစ္စည်းများလည်း လှူဒါန်းခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးမှာ ခိုင်မာစွာ ရပ်တည်ပေးနေကြတဲ့ အဆိုပါ သက်ကြီးရွယ်အိုများရဲ့ စိတ်ကတော့ မြန်မာပြည်ကို ချစ်ခြင်းနဲ့ နုပျိုနေဆဲလည်းဖြစ်ပါလိမ့်မယ်။

ဘဘ ဦးဝင်းတင်အား ဒေါ်အောင်ဆန်းစုကြည်က ကန်တော့ပစ္စည်းဖြင့် ပူဇော်စဉ်
ပါတီ ဥက္ကဌရယ်လို့ မာန်၊ မာန မထားဘဲ အခုလို ရို့ရို့လေး ရှိခိုးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved