ဒီ ကန်ပိန်း စကြစို့

Thursday, April 5, 2012




တိုင်းပြည်ရဲ့ တခါသုံးသယံဇာတတွေ... စဉ်ဆက်မပြတ်တဲ့ရေအလျဉ်တွေ... အခြေခံလိုအပ်ချက်ကို ဝယ်ယူဖြည့်ဆည်းပေးနိုင်တဲ့(နိုင်ငံခြားငွေရှာပေးတဲ့) တွင်းထွက် ရတနာတွေ ပေါကြွယ်ဝပါလျက် မိမိတိုင်းပြည်.. အထူးသဖြင့် လျှပ်စစ်ထုတ်လုပ်ရာဒေသတွေ က မှောင်နေတာတွေ ဟာ ဖြစ်သင့် ဖြစ်ထိုက်ပါရဲ့လား...လို့ တွေးမိတဲ့ အတွက် ဒီကန်ပိန်းကို ကြိုဆိုပါတယ်။

ပြောပြဦးမယ်ဗျာ..
အင်းလေးကန်ထဲ စီးဝင်တဲ့ ဘီလူးချောင်းကနေ လောပိတ ရေအားလျှပ်စစ်ကို ဖြန့်စဉ်က မဆလ ပါတီဝင် လူကြီးက သူတို့ အင်းလေး ဘာကြောင့် မီးမလင်းတာ တင်ပြလိုက်တော့.... မီးတော့မလင်းဘူး... သူကတော့ ပြုတ်သွားတယ်...။

ကဲ..... မီးလင်းရေး နှင့် ဓါတ်အားခ လျော့ချရေး ပူးတွဲတောင်းဆိုသင့်သလို.. ကိုယ့်အိမ်မှာ ဘယ်သူမှ ဖုန်တောင် လာသုတ်မပေးတဲ့ မီတာကို စောင့်ရှောက်ခ ၁၀၀၀ ကျပ် ကောက်နေတာ ရပ်တန့်ပေးဖို့..... အားလုံး လက်တွဲညီညီ တွန်းကြပါစို့....။

ညွှန်း - ကိုဝိုင်ဝိုင်ကေ - http://www.facebook.com/photo.php?fbid=419567651403755&set=a.137910152902841.25216.100000515706939&type=1&theater

5 comments :

  1. Unknown said... :

    24နာရီ မီးလင်းရေး ကိုတောင်းဆိုချင်တယ်ဆိုရင် တော့ ရေအာလျှပ်စစ် စီမံကိန်းတွေ ကို လဲ မကန့် ကွက်ကြဖို့ လိုမယ် ထင်ပါတယ် ။ မီးလင်းဖို့ တော့တောင်းဆိုနေကြပြီး ၊ ဧရာဝတီ မြစ်ကြီး ပေါ် ဆည်ဆောက်မှာကိုတော့ကန့် ကွက် ချင်ကြတယ်ဆို ရင် မတရားဘူးလို့ ထင်ပါတယ် ။ ဖယောင်းတိုင် တချောင်းနဲ့  နိုင်ငံ ကိုတည်ဆောက်ဖို့ တော့ မလွယ်ဘူးထင်တယ် ။ဒီနိုင် ငံမှာ နည်းပညာ ကလဲအားနည်းနေတာ ရယ် ကတကြောင်း သဘာဝ အရင်းအမြစ်ကို ထုတ်နိုင်ပေမယ့် မသုံးတတ်တာတွေ ကတကြောင်း ရှိနေတာကြောင့် ကိုတတ်နိုင်တဲ့ ရေအားလျှပ်စစ် ကလေးနဲ့ နိုင် ငံ တိုးတက်ရေးကို မျှော်လင့် ကြပါစို့ .......................။

  1. Anonymous said... :

    မထူးပါဘူးဗျာ..ကြံ့ဖွံ့တွေလည်းသူခိုးတွေပါပဲ..
    ခိုးမရတော့ ဓားပြတိုက်တာပေါ့..

  1. Anonymous said... :

    ထောက်ခံပါသည်။
    တက်ညီလက်ညီတောင်းဆိုဖို့အားလုံးမှာတာဝန်ရှိပါသည်။

  1. hlaing aye said... :

    24- နာရီမီးလိုချင်ပြီး မြစ်ဆုံစီမံကိန်းကိုကန့်ကွက်ကြတဲ့ ပြည်သူတွေကို အပြစ်ပြောချင်တယ်ပေါ့။ ဒါဆို ဥပမာခင်ဗျားရဲ့ အိမ်ခြံဝင်းထဲက လွတ်နေတဲ့မြေကွက်လပ်ကလေးမှာ တခြားလူတစ်ယောက်က ငါးကန်လာတူးပြီးငါးမွေးမယ်။ ငါးဆယ်ကောင်ရရင် ခင်ဗျားကိုတစ်ကောင်ပဲ အလကားပေးမယ်။ကျန်တဲ့ ၉ ကောင်ကိုသူယူသွားမယ်။ ခင်ဗျားလက်ခံနိုင်ပါ့မလား ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါဗျာ။ ။

  1. Mie Mie Mie MIe MIe .. Mie Lar par tawt. said... :

    only for 24 hour electricity Matter

    Everyone in Yangon
    Everyone in Yangon
    Everyone in Yangon

    peaceful demonstration is called for
    x 2 hours near Sule Pagoda

    No violence
    Just voice loud to say ' 24 hour electricity '

    This is essential and basic need.

    to prove that current Kyant Phoot and government is not meeting people basic requirement.

    All media welcome.

    Make this matter known to the world.
    Don't stay quiet .
    Let's go and do it
    before ThinGyan Festival .

    Let's go and do it .

    2 hours only
    All wellcome.
    to have ' 24 hour electricity '
    this is within legal frame.
    Invite all media too.

    Two causes

    1 . 24 hour Electricity
    2. To dismiss ' un responsible persons in the ministry.

    Lu Du Gyee
    Ma Kyaunt Kya Neth .
    get out and demonstrate peacefully
    two hours only for two days .
    two hours only for two days.
    draw media attention and attention from around the world.
    especially A S E A N > No A S E A N country has such electricity breakdown.

    It has beenlong long long time. NOt only this year. Electricity problems been for a long long time.

    Let's go ..

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved