Facebook ဘာကြောင့် သန်းတထောင် ဖြုန်းသလဲ

Tuesday, April 10, 2012

ဧရာဝတီ အိုင်တီဆရာ သားကြီးရဲ့ အလုပ်စားပွဲ၊ စမတ်ဖုန်းနဲ့ အင်စတာဂရမ် သုံးစွဲမှု
(ဓာတ်ပုံ - အောင်အောင် / ဧရာဝတီ)


Facebook က ခုတလော ဖြုန်းအားကောင်းနေပါတယ်။
ဓာတ်ပုံရှယ်သူတွေကြိုက်ကြတဲ့ အင်စတာဂရမ်ကို သန်းတထောင်ပေးပြီး ၀ယ်လိုက်တယ် ဆိုတဲ့ တနင်္လာနေ့မှာထုတ်ပြန်တဲ့သတင်းက ဟိုးလေးတကျော် ဖြစ်နေပါပြီ။

(အရောင်းအ၀ယ်သတင်း ဒီမှာ http://www.irrawaddyblog.com/2012/04/facebook_10.html ကြည့်ပါ)

အင်စတာဂရမ်က စမတ်ဖုန်းသုံးသူတွေအကြိုက် ဓာတ်ပုံဆိုင်ရာ ၀န်ဆောင်မှုတွေ ပေးတယ် ဆိုတော့ သူ့ပရိသတ် နည်းမယ် လို့ ထင်ရင် မှားပါပြီ။

ကမ္ဘာအရပ်ရပ် သူ့ပရိသတ် သန်း ၃၀ ၀န်းကျင် ရှိပါသတဲ့။ Android ဖုန်း သုံးသူတွေအတွက် ၀န်ဆောင်မှု ပေးတဲ့နေ့မှာပဲ သူ့အွန်လိုင်းမှာ အသုံးပြုသူအဖွဲ့ဝင် တသန်း တိုးသွားတဲ့အထိ သူ့ရဲ့ ဓာတ်ပုံဆိုင်ရာ အွန်လိုင်းနည်းပညာ အောင်မြင်ခဲ့ပါတယ်။

စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်တာ ခေတ်စားလွန်းတော့ စမတ်ဖုန်းတမျိုး ဖြစ်တဲ့ iPhone နဲ့ ဓာတ်ပုံရိုက်ခြင်းအတတ်ပညာကို ဘာသာရပ် တခုအနေနဲ့ ဗြိတိန်က ကောလိပ်ကျောင်းတချို့ သင်ဖို့ သင်ရိုးညွန်းတန်းတွေတောင် ဆွဲပြီးသွားပြီ လို့ ဆိုတယ်။

လိုရင်း ပြန်ဆက်ရရင် - ၀န်ထမ်း လက်တဆုပ်စာပဲပါတဲ့၊ ၀င်ငွေ မရှိဘူးလို့ ပြောနိုင်တဲ့ ၀က်ဆိုက်တခုရဲ့ ကုမ္ပဏီကို Facebook က ဒေါ်လာသန်းတထောင် ပေးဝယ်တာ ဘာကြောင့်လဲ။

TheWeek.com မှာတော့ အချက် ၄ ချက် ထောက်ပြထားပါတယ်။

၁) Facebook ရင်ဆိုင်နေတဲ့ အန္တရာယ်ကို တားဆီးခြင်း
Facebook ရဲ့ ပြိုင်ဘက်တွေဟာ Google, Twitter တို့ချည်းပဲ မဟုတ်ဘူး။ အခု သူဝယ်လိုက်တဲ့ အင်စတာဂရမ်လည်း ပါတယ်။
အင်စတာဂရမ်က ဓာတ်ပုံတွေ ရှယ်ရာမှာ Facebook ထက် သာတယ်။ ဒါကြောင့် Facebook က သူ့ကို နှိပ်ကွပ်တဲ့အနေနဲ့ ၀ယ်လိုက်တာ၊ အိတ်ထဲ ထည့်လိုက်တာပါပဲ။

၂) Facebook က စမတ်ဖုန်းဈေးကွက်ထဲ ထိုးဖောက်ခြင်း
စမတ်ဖုန်းသုံးသူတွေ အများဆုံး ဒေါင်းလုတ်လုပ်ကြတဲ့ အင်စတာဂရမ်ကို အပိုင်ယူလိုက်တဲ့နည်းနဲ့ Facebook ရဲ့ ပြိုင်ဘက်တွေကို အသာစီးယူလိုက်တာပါပဲ။

၃) ပြိုင်ဘက် Yahoo ကို အလဲထိုးခြင်း
ဒီပွဲမှာ အကြီးအကျယ် ခံရတာကတော့ Yahoo ပါပဲ။ Yahoo မှာလည်း ဓာတ်ပုံရှယ်တဲ့ Flickr ရှိတယ်။
Facebook က ဒေါ်လာသန်းတထောင် ဖြုန်းတာဟာ ဘာနဲ့တူလဲ ဆိုတော့ ဗီဒီယိုတွေရှယ်တဲ့ YouTube ၀က်ဆိုက်ကို Google က ၀ယ်တာနဲ့ အလားတူပါပဲ၊ နယ်မြေသိမ်းလိုက်တဲ့သဘောပါ။
အခုလည်း Facebook အင်စတာဂရမ်ကို ၀ယ်လိုက်တာ (၀ါးမြိုလိုက်တာ) ဟာ ပြိုင်ဘက် Yahoo ရဲ့ ခေါင်းတလားကို နောက်ထပ် သံချောင်းတချောင်း ထပ်ရိုက်လိုက်တာပါပဲ တဲ့။


ဆက်စပ်သတင်း -
Facebook က Yahoo ကို တရားပြန်စွဲ

၎) ရှယ်ယာဈေးတက်ရန် စီမံခြင်း
Facebook က အစုရှယ်ယာတွေ ရှေ့လထဲ ရောင်းမထုတ်ခင် အင်စတာဂရမ်ကို ၀ယ်လိုက်၊ အိတ်ထဲထည့်လိုက်တဲ့နည်းနဲ့ သူ့ကိုယ်သူ ခိုင်ခန့်အောင် တည်ဆောက်လိုက်တာပါပဲ။
ရင်းနှီးမြှုပ်နှံသူတွေအကြိုက် ဖြစ်ပြီပေါ့။

ဒါပါပဲ။ Facebook သန်းတထောင် ဖြုန်းရခြင်းအကြောင်း သုံးသပ်ချက် ၄ ခုကို ဆီလျော်အောင် ဘာသာပြန် ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။

1 comments :

  1. Anonymous said... :

    ဟာတွာ.........နာဝယ်မလို.ပါဆို ဖေ့ဘွတ်က၀ယ်တွားတယ်လဲ့

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved