သင်္ကြန်ရောက်တော့မယ်၊ NLD တံဆိပ်တပ်ပြီး သင်္ကြန်မှာ ပျော်ပါးတာ ဆင်ခြင်ဖို့ မန္တလေးတိုင်း NLD က ပန်ကြားလွှာတစောင် ထုတ်ပြန်ထားပါတယ်။
ရွေးကောက်ပွဲ အောင်နိုင်ပြီး အောင်ပွဲခံ သောင်းကျန်းကြကထဲက မန္တလေး အန်အယ်ဒီဟာ အဖွဲ့ချုပ်ရဲ့ ဂရုတစိုက် ထိန်းပေးရမဲ့ နေရာဖြစ်လာပါတယ်။ ဒါကြောင့်လဲ ကြိုတင်ပြီး ဒီစာထုတ်တားမြစ်တာ လို့ထင်ပါတယ်။ ဒေါ်စုနဲ့ အန်အယ်ဒီကို ချစ်ခင်တယ်ဆိုရင်တော့ သူတို့ပြောတာနားထောင် သူတို့ဖြစ်စေချင်သလို လိမ္မာပြီး ပြည်သူ့အမြင်မှာ မဆိုးဝါးအောင် ထိန်းသိမ်းနိုင်ကြရင် အကောင်းဆုံးပါပဲ။
ကြံ့ဖွတ်တွေက NLD တံဆိပ်နဲ့ လုပ်ရင်ဘယ်လို ဖြေရှင်းမလဲ အလံနဲ့ တံဆိပ်ကို ဥပဒေမဲ့ အသုံးပြု၇င် ကာကွယ်ဖို့ မြန်မာပြည်မှာ ဥပဒေရှိလား
NLD တံ ဆိပ်တပ် ပြီးသက်ြန် မှာ မ ကဲ နဲ့ ဆို ပြီး စာထုတ် ရုံ ဖြင့် မ ပြီး ပါ။ ကဲ ရင် ဘာ လုပ် မည်၊ ညာ လုပ်မည် စသဖြင့် အ မိန့် ဥ ပဒေ ထုတ် ဖို့ လိုပါလိမ့် မည်။ ကြံ့ ဖွတ် က NLD တံ ဆိပ်တပ် ပြီး ကဲ ရင် ဘယ် လို လုပ် မလဲ။