NLD ရပ်တည်ချက်ကို ကန့်ကွက်ခြင်း

Tuesday, April 24, 2012

မနေ့က တွေ့ရတဲ့ တပ်မတော်သားအမတ်များ (ဓာတ်ပုံ-ဧရာဝတီ)

NLD ကိုယ်စားလှယ်များ လွှတ်တော်မတက်နိုင်သေးတဲ့ သတင်းတွေ ရေးသားချက်တွေအပေါ် စာဖတ်သူများက တုံ့ပြန်ဝေဖန်နေကြပါတယ်။

စာဖတ်သူအသံများထဲက တချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။


NLD အလှုမှာတောင် မတရားစားနေရင် အလှုရှင်စေတနာ ပျက်တတ်တယ်။ ဂျိုင့်ကြီးကြီးနဲ့ပါဆွဲပြန်ခြင်သေးရင်တော့ မှားတော့မပေါ့၊
ပြည်သူအတွက်စဉ်းစားပါ NLD
အခွင့်အရေး ဆိုတာ ရတုန်း ယူထားရတယ်။
လွတ်တော်ထဲခေါင်းမော့ရင်ကော့ဝင်ရမဲ့ဘ၀ကနေ၊ ရှေ့မျက်နှာနောက်ထား၊မျက်နှာငယ်နဲ့မ၀င်စေခြင်ပါ။

...............................................................................

ပြည်သူ့ကိုယ်စားပြောပေးဖို့ အားကိုးတကြီးနဲ့လွှတ်တော်ထဲကိုလွှတ်လိုက်တာပါဗျာ။ ရွေးကောက်ပွဲနိုင်ချင်တာတစ်ခုတည်းနဲ့ ပြည်သူ့ယုံကြည်မှုကိုမယူသင့်ပါဘူး။ ၀မ်းနည်းတယ်ဗျာ။
ဘယ်သူ့ကိုအားကိုးရမှန်းတောင်မသိတော့ဘူး

...............................................................................

NLD တာထွက် မကောင်းပါဘူး။ ဘာမဟုတ်တဲ့ စာသားကို အကြောင်းပြပြီးနိုင်ငံရေး အကြပ်အတည်း ဖန်တီးသလိုပါဘဲ။ ကျနော်မြင်တာက NLD ကွဲနေပြီလို့ပါဘဲ.. နာကြည်းမှု့ကို ရင်ထဲမှာဖွက်ထားတဲ့ သက်ကြားအိုတွေရယ်.. အမေစုနဲ့တက်ကြွတဲ့ နိုင်ငံရေး အမြော်အမြင်ရှိသူတွေရယ်ပေါ့… အမှန်ပြောရရင်တော်တော်ကိုစိတ်ကုန်သွားပါပြီ.. ပေးခဲ့တဲ့မဲကို ဒီလိုလုပ်မယ်သာသိရင် စုတ်ဖြဲပြစ်ခဲ့ပါတယ်… ကနေ့ထိ မြန်မာ့နိုင်ငံရေး နားမလည်သေးသူတွေ ကဘယ်လိုများ တိုင်းပြည်ကို အုပ်ချုပ်ကြမလဲ.. စဉ်းစားလေ စိတ်ကုန်လေပါဘဲဗျာ.. မျှော်လင့်ချက်တွေတော်တော်မဲ့သွားပါပြီ..

...............................................................................

မပြင်ခင် တစ်ဝက် လွှတ်တော်ထဲ အရင်ဝင်လိုက်……
ပြင်ပြီးရင် နောက်တစ်ဝက် ထပ်ဝင်သွား…….
အချိန်က အရေးကြီးတယ်…….
လွှတ်တော်ထဲရောက်မှ ကြံ့ဖွံ့ကို ထိန်းလို့ရမှာ သူတို့ကို အချိန်ပေးသလို ဖြစ်နေတယ်…….
NLD အချိန်နဲ့ လုပ်ပိုင်ခွင့်ကို သူများ သွားပေးသလို ဖြစ်နေတယ်….မြန်မြန်စဉ်းစားပါ

...............................................................................

မတူတာတွေ ခဏဘေးဖယ်ထား တူတာတွေကို အရင်ပူးပေါင်းပြီး လက်တွဲလုပ်ဆောင်သွားမယ်ဆိုတာ အခုအချိန်မှာ မေ့သွားကြပြီလားဗျာ…ပြည်သူတွေ မဲပေးထားတာ လွှတ်တော်ထဲ ပို့ပေးတာပါ..
လွှတ်တော်အ၀ကနေ အရေးမပါတာတွေ ငြင်းခုန်နေဖို့ မဟုတ်ပါဘူး..ပြည်သူတွေစိတ်ပျက်သွားရင်အရင်လိုပြန်ဖြစ်သွားနိုင်တယ်..
အရင်လိုဆိုတာ ဘယ်လိုလဲ သိကြမှာပါ။

...............................................................................

သူတို့က သူတို့လုပ်တာမှ အဟုတ်ထင်နေတာ ထင်တယ်ဗျာ့
ပြည်သူလူထုကို ခုတုံးလုပ်ပြီး နိုင်ငံတော်ကြီး ကို ဂဏန်းလိုပဲ ကန့်လန့်သွားနေတာ
စဉ်းစားကြည့်လေ
တိုင်းပြည်ရဲ့အသက်သွေးကြောဖြစ်တဲ့ ဥပဒေကို မကာကွယ်မစောင့်ရှောက်ဘူးဆိုရင် လွှတ်တော်ထဲ ၀င်မနေတော့နဲ့
ဥပဒေ မလိုက်နာတဲ့သူတွေလိုပဲ ခိုးဆိုးတိုက်စား တော့ပေါ့ဗျာ


...............................................................................

ကာကွယ်စောင့်ရှောက်ပါမည် ဆိုတဲ့စကားက ဥပဒေတွေကို မပြင်ဖို့၊ မပြုဖို့ အဓိပ္ပါယ်မသက်ရောက်ပါဘူး။
အကောင်းဘက်ကမြင်ပြီးတော့ လွှတ်တော်တက်ပြီးတော့ ပြင်စရာရှိတာပြင်ပြီးတဲ့နောက်လည်း ကာကွယ်စောင့်ရှောက်ရမှာပါပဲ။
လေးစားလိုက်နာပါမည် ဆိုတာကမှ ဖွဲ့စည်းပုံကို လေးစားပြီး ဖွဲ့စည်းပုံအတိုင်း လိုက်နာလုပ်ဆောင်ပါမည် ဆိုတဲ့အဓိပ္ပါယ်ကို သက်ရောက်သေးတယ်။

တကယ်တမ်း လိုရာဆွဲပြီးလည်း စကားနှစ်ခွန်းစလုံးက ပြောလို့ရပါတယ်။
အဓိကကတော့ မိမိခံယူချက်နဲ့အတ္တကို ရှေ့တန်းတင်ပြီး ပြည်သူ့အတွက်လုပ်မှာလား? ပြည်သူအတွက် ကျရာအခန်းကဏ္ဍကနေ ဝင်တိုးမှာလား?

7 comments :

  1. Anonymous said... :

    မင်းတို့ ဗမာတွေကလည်းကွာ .. အချင်းချင်း ကပ်နေကြတယ်..မပြီးနိုင်တော့ဘူး... မင်းတို့ စာကြီးပေကြီး ဗမာတွေ ကြီးစိုးတဲ့ တိုင်းပြည်မှာ ငါတို့ တိုင်းရင်းသားတွေ လူလာဖြစ်ရတာ စိတ်လေတယ်ကွာ... ဘယ်လို အတုယူ လေးစား အားကျ ရမှန်းမသိတော့ဘူး... ငါတို့ တိုင်းရင်းသား အားလုံး အချင်းချင်း မညီညွတ်သေးတောင်မှ မင်းတို့ ဗမာတွေ အချင်းချင်း ညီညီညွတ်ညွတ် ပြည်ထောင်စုကို ဦးဆောင်ပြပါ... ခုချိန်မှာ ဒါဘဲမြင်ချင်တယ်...

  1. Anonymous said... :

    အပေါ်က ရေးထားတဲ့ စာတွေကို ဖတ်ရတာ စိတ်ပျက်စရာပါ။ အနှစ်နှစ်ဆယ်ကျော် ရပ်တည်ခဲ့တဲ့ NLD ရဲ့ လုပ်ရပ်ဟာ အလားကား မဟုတ်လောက်ပါဘူး။ သူတို့လုပ်သမျှ ဦးတည်တမျှဟာ ပြည်သူတွေအတွက်ပဲ ဆိုတာ စဉ်းစားကြပါ။ ခုပြောနေတဲ့ လေသံတွေကို နားထောင်ရတာ ကြံ့ဖွံလေသံနဲ့ တထေရာတည်းတူနေတာကတော့ အံ့သြစရာပါ။ ဧရာဝတီအနေနဲ့လည်းကန့်ကွက်တာတခုတည်းကို မဖော်ပြပဲ ထောက်ခံတာတွေကိုလည်း ဖော်ပြသင့်ပါတယ်။ ဒါမှမဟုတ်လို့ကတော့ ဧရာဝတီကိုယ်တိုင်က ဘက်လိုက်တဲ့ သတင်းဌာန ဖြစ်သွားလိမ့်မယ်။

  1. Anonymous said... :

    အေး ဗျာ ခင် မျာုးကိုယ် တိုင် က ဗမာ ရယ် တိုင်း ရင်း သား ရယ် ဆို ပြီး ပြော နေ တော့... နိုင် ငံသား နေ ရာ က ပြော ရ ရင် အတူ တူ ဆို တာ လေး မ မေ့ နဲ့  ပေါ့ ဗျာ...ဖွဲ့  စည်း အုပ် ချုပ် ပုံ ကို ထိန်းသိမ်း စောင့် ရှောက် မယ် ဆို တဲ့ အ တွေး ကနေ စဉ်း စား ရင်.. ပြင် ဘို့  ရှိတာ ပြင် နိုင်အောင် ဒီ ကိစ္စ ကို တင် ပြ ရ တယ် လို့  ထင် ပါ တယ်.

  1. "ခင်ဗျာတို့  NLD...ကိုယုံကြည်လို့ မဲထည့်ထားကြတာမဟုတ်လား၊အခုမှအစပဲရှိသေးတယ်။တစ်ယောက်တစ်ပေါက်ဖြစ်နေပြီ ၊နောက်ဆိုရင် ဟိုဟာပြင်ရင် မပြင်နဲ့  ဒီဟာပြင်ရင် မလုပ်နဲ့ ၊အခုကိစ္စကအသေးစားပဲ ဘာဖြစ်တယ် ညှာဖြစ်တယ် ပြောကြတယ်၊အခုကိစ္စလေး တောင်ဒီလောက်ဖြစ်နေတာ ၊ကိစ္စကကြီးရင်ဘယ်လိုလုပ်မလဲ၊လွတ်တော်က ဒီတစ်ကြိမ်နဲ့ မပြီးဘူး၊ရေရှည်ကိုကြည့်စမ်းပါ၊.............ရင်လေးစရာပဲ"

  1. mya said... :

    မပြင်ခင် တစ်ဝက် လွှတ်တော်ထဲ အရင်ဝင်လိုက်……
    ပြင်ပြီးရင် နောက်တစ်ဝက် ထပ်ဝင်သွား…….
    အချိန်က အရေးကြီးတယ်…….
    အထက်ပါမှတ်ချက်ကိုသဘောတူပါသည်။

  1. Anonymous said... :

    Hi NLD
    Don't count small in detail into big problem. First, you need to learn what inside Paliament and official politics.
    By the way, you analyze "protect" and "respect" in an oath, please tell me who or what party keeps promises in our country ... never, never
    NLD ... Please aim high and think big. It's not family affair.
    You all know USDA Gov will do so earlier before by-election. So, then why do you become now?
    Think big ... think big ... looks like NLD is just like Diamond Crown with layman's dress.
    Please forget your child-play bitterness and hatred because all were passed by. Please unite NLD. Please forget hatred. Please think big because you all are now mandated MPs.

  1. Anonymous said... :

    အာနာပိုင်တွေကကိုယ်ကောင်းဖို့လုပ်တယ် အတိုက်အခံနိင်ငံေ၇းသမားတွေကထင်၇ာဆိုင်းတယ်
    ပြည်သူအများစုကကိုယ်အားပေးတဲ့ဘက်ဘာလုပ်လုပ်
    အကောင်းမြင်တယ်
    ဒီလိုလူတွေစုနေတဲ့မြန်မာနိင်ငံဆင်း၇ဲဒုက်ခေ၇ာက်နေ
    တာ
    ဘာဆန်းလည်း
    သူများနိင်ငံတိုးတက်တာဘယ်လိုလုပ်ကြတယ်ဆိုတာ
    လေ့လာကြပါအထူးသဖြစ်ထိုင်းဝန်ကြီးချုတ် ၇င်လတ်
    ကိုနမူနာယူပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved