နံမည်ကြီး သရုပ်ဆောင် သင်ဇာဝင့်ကျာ်၏ ဖခင်ဖြစ်သူ ဆက်သွယ်ရေး ၀န်ကြီးဌာန၊ အင်ဂျင်နီယာချုပ်ဟောင်း (GSM) ဦးဝင့်ကျော်ဟာ ယမန်နေ့ နံနက်ပိုင်းက မိမိကိုယ်ကိုယ် သေကြောင်းကြံစဉ်ခဲ့ရာ မိသားစုဝင်များက အချိန်မီသိရှိကယ်တင်ခဲ့ ၍ အသက် ဆုံးပါးမှု မရှိခဲ့ကြောင်း၊ ဆေးရုံသို့ အချိန်မီ ပို့နိုင်ခဲ့ကြောင်း ပြည်တွင်း အခြေဆိုက် သတင်းသမားများက ဆိုနေကြပါ တယ်။
အခုလို ဦးဝင့်ကျော်အနေဖြင့် မိမိကိုယ်မိမိ သေကြောင်းကြံခြင်းကိစ္စနဲ့ပတ်သက်ပြီး သမီးဖြစ်သူ သင်ဇာဝင့်ကျော်၏ပြီးခဲ့တဲ့သင်္ကြန်ကာလအတွင်းကမလုံမခြုံဝတ်စားဆင်ယင်မှုဖြင့်အင်တာနက်လူမှုစာမျက်နှာများမှာဟိုးလေးတကျော်ဖြစ်မှုနှင့်ပတ်သက်နေတယ်လို့လည်းရန်ကုန်မြို့မှာ ပြောဆိုဝေဖန်နေတယ်လို့ သိရပါတယ်။
ဒါပေမယ့် အမှန်တကယ် ဦးဝင့်ကျော်အနေနဲ့ ဘာကြောင့် သေကြောင်းကြံခဲ့ရတယ်ဆိုတာ အခုထိတော့ တိတိကျကျ မသိရသေးပါဘူး။
သမီး၁ကောင်နွား၁၀၀၀ တဲ့
ကျနော့်အမြင်က celebrity တွေ ဒီလိုဝတ်တာမဆန်းပါဘူး
ခက်တာက ကျနော်တို့ လူ့အဖွဲ့စည်းက
လက်မခံနိုင်သေးတာပါ
ဗုဒ္ဒဘာသာ ထိုင်းတို့ မှာလဲ ဝတ်နေကြတာပဲ
ဘာမှ ပြသနာမဖြစ်ပါဘူး
သူတို့ အဲလို ဝတ်လို့ ယဉ်ကျေးမှု မရှိဘူးလို့ပြောလို့မရဘူး
ထိုင်က ဗမာလူမျိုးထက် ယဉ်ကျေးမှုစောပါတယ်
ပျော်ပွဲရွှင်ပွဲမှာ လွတ်လွတ်လပ်လပ် ဝတ်ကြတယ်
ပြီးတော့ ကျနော်တို့ မြန်မာ မလေးတွေကို ဆော်ဒီက အမျိုးသမီးလို အကုန်ဖုံးစေချင်နေတာလား
ပြီးတော့ သင်္ကြန်မှာ အပြတ်ဝတ်သူတွေကိုဝေဖန်တဲ့ FACEBOOK မမချောတွေက သူတို့ပုံကို FACEBOOK မှာ မလုံ့တလုံတင်ပြီး သူများ တွေကို ကဲ့ရဲ့တာ အံသြတယ်ဗျာ။
သင်္ကြန်မှာ ခုလို ရုပ်ပျက်ဆင်းပျက်ဖြစ်တာ အရက်ကို ရောင်းခွင့်ပြုလို့ပါ
လူတွေ မမူးပဲ ခုလို ကဲရဲမှာမဟုတ်ဘူး
လူတွေက အရက် ကုမ္ပဏီကို အပြစ်မမြင်ပဲ တနှစ်တခါ ဝတ်ဆင်တာ ဆန်းတဲ့သူတွေပဲ အပြစ်တင်နေကြတယ်
ပြည့်တန်ဆာလုပ်ငန်းကို ဘယ်လောက်ပိတ်ပိတ် ရှိနေသလို ခုလို လွတ်လွတ်လပ်လပ် ဝတ်စားဆင်ယင်သူဆိုတာလဲ အမြဲရှိနေမှာပါ
ပိတ်ပင်လို့မရနိုင်ဘူး
ဆော်ဒီလို သက်ဦးဆံပိုင် နဲ့ နိုင်ငံကတော့ ခြွင်းချက်ပေါ့
ကျနော်တို့ ဒီမိုကရေစီသွားနေတယ်
လူတိုင်းဥပဒေဘောင်တွင်း လွတ်လပ်လို့ရပါတယ်
အဲလိုမဝတ်စေချင်ရင် လွှတ်တော်မှာ ဥပဒေပြုပေါ့
ပြီးတော့ မြန်မာ ရာသီဥတုကလဲ အတို အပြတ်နဲ့ လိုက်ဖက်ပါတယ်
ဒါပေမယ့် ကောင်မလေးတွေ အတိုဝတ်တာ မြင်တိုင်း ရာဃ စိတ်ကြွနေသူတွေ။
ကိုယ်တိုင်က သူများနိုင်ငံ ထွက်မကြည့်သူတွေ၊ ခေတ်နောက်ပြန်ဆွဲချင်တဲ့သူတွေက တော့ ကြိုက်မှာမဟုတ်ပါဘူး