သမိုင်း အထောက်အကူ ပြုတဲ့ မိသားစု

Wednesday, May 9, 2012


လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်တို့ရဲ့ မိန့်ခွန်းတွေ ပါဝင်တဲ့ ဓာတ်ပြားတွေကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ အိမ်အမှတ် (၆၅၅) ၊ ဘီအိုစီ အနီး နေထိုင်တဲ့ ဦးအုန်းမောင်နှင့် ဒေါ်ဗူးညွန့် မိသားစုက လှူဒါန်းမှု သတင်းတခုပါ။ သမိုင်းကို ပြန်လည် ဖော်ထုတ်တဲ့ နည်းလမ်းကောင်း တခုပါဘဲ။

အဆိုပါ မိသားစုက သိမ်းဆည်းထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒီးဒုတ် ဦးဘချိုတို့ရဲ့ မိန့်ခွန်းတွေအပါအ၀င် မိုင်းပွန် စော်ဘွားကြီး စ၀်စံထွန်းရဲ့ ရှမ်းဘာသာနဲ့ ဟောပြောထားတဲ့ မိန့်ခွန်းတွေ အားလုံး စုစုပေါင်း ဓာတ်ပြားဟောင်း(၂၂) ချပ်ကို စစ်ကိုင်းတိုင်း အမှတ် ၃ မဲဆန္ဒနယ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်နဲ့ အတူ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး ကော်မတီ သို့ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

သမိုင်းကို အထောက်အကူပြုတဲ့ မိသားစု ပါပဲ။ ရေဦးမြို့ အတွက် ဂုဏ်ယူစရာလည်း ဖြစ်ပါတယ်။ သမိုင်းကို တန်းဖိုးထား ထိန်းသိမ်းတတ်တဲ့ မိသားစုအတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်ပါတယ်။















2 comments :

  1. Anonymous said... :

    this is burmese

  1. MTN said... :

    ထိုင်တန်စွာ ဂုဏ်ပြုသင့်တယ်လို့ တာဝန်ရှိ အလှူ လက်ခံသူတွေ ကို အကြံပေးပါရစေဗျာ။ ဝမ်းမြောက်ဖွယ်ရာ အလှူဒါနနှင့် သာဓုအကြိမ်ကြိမ် ခေါ်ဆိုထိုက်သော အလှူရှင်များဖြစ် ကြပါပေတယ်ဗျာ ။ သာဓု...သာဓု..သာဓုပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved