ခြေရာပျောက်မြစ် မြန်မာလို ဖတ်နိုင်တော့မည်

Wednesday, May 9, 2012

သန်မြင့်ဦးရဲ့ The River of Lost Footsteps စာအုပ်ကို မြန်မာပြန်ထားတာ ဆင်ဆာအဖွဲ့က ဖြန့်ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

စာအုပ်အမည်က
ခြေရာပျောက်မြစ်
ကိုယ်တိုင်ရေးမြန်မာ့သမိုင်း
ဖြစ်ပါတယ်။ မြနှင်းဆီက ဘာသာပြန်ဆိုပါတယ် တဲ့။

ဒီအကြောင်း သန့်မြင့်ဦး Facebook မှာ အခုလို တွေ့ရပါတယ်။
Good news. The Myanmar edition of my second book, The River of Lost Footsteps: A Personal History of Burma, has just been approved by the censorship board and will be published and on sale in Yangon and elsewhere in a couple of weeks.
သူ့ရဲ့ ထင်ရှားတဲ့ နောက်စာအုပ်တအုပ်ကတော့ Where China Meets India: Burma and the New Crossroads of Asia ဖြစ်ပါတယ်။

ဟားဗတ်၊ ကိန်းဘရစ် စတဲ့ ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေမှာ ပညာဆည်းပူးခဲ့တဲ့ စာရေးသူ သန့်မြင့်ဦးဟာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်ရဲ့မြေး ဖြစ်ပါတယ်။

1 comments :

  1. ကျတော်ကတော့ ဆရာ့စာအုပ်ဖတ်ချင်ယုံသက်သက်ပါ။
    လေ့လာချင်တာပါ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved