မီးဘေးသင့် စမ်းချောင်း ဂွဈေးနဲ့ မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်

Monday, May 21, 2012


မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်က စမ်းချောင်း ဂွဈေး မီးလောင်ပြင်သို့ ယနေ့ ကိုယ်တိုင် သွားရောက်ပြီး မီးဘေးသင့် ဈေးသူဈေးသားတို့ အရေးကို မေးမြန်းလေ့လာခဲ့ပါတယ် တဲ့။

ဒီကွန်ရက်ကို ဦးဆောင်နေသူတဦးကတော့ နိုင်ငံရေးအကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဖြစ်ပါတယ်။

သူဘာတွေ ပြောသလဲ ၊ အောက်က ရုပ်သံမှာ ဂွဈေး မီးဘေးသင့်အတွက် သူပြောပြနေပါတယ်။

မီးဘေးသင့် ဈေးသူဈေးသားတို့ စားဝတ်နေရေး အတွက် အမြန်ဆုံ ဈေးရောင်းခွင့် ရရေးပင်ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တနေ့လုပ်တနေ့စား ထိုဈေးရောင်းခြင်းမှ ရသော ၀င်ငွေကို မှီခိုနေရသူများဖြစ်ပါတယ်တဲ့။ အစိုးရ အနေဖြင့်  နိုင်ငံသားတို့ စားဝတ်နေရေးနှင့် ဘ၀ရပ်တည်ရေးကို အဆောတလျင် ဖြေရှင်းပေးသင့်သည့် အပြင်၊ ထူးဆန်း တိုက်ဆိုင်စွာပင် တလတကြိမ် မှန်မှန် လောင်နေသော ရန်ကုန်မြို့က ဈေးမီးများ အကြောင်း သေချာ စွာ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ကာ စီစစ်သင့်ပါကြောင်း သူတို့ ကွန်ရက်က တိုက်တွန်းထားပါတယ်။

ယနေ့ အချိန်မှာ မတရားမှုတို့ နှုတ်ငုံတော် မဆောင်နိုင်ပဲ ဟိုမှ သည်မှ ပွင့်အံထွက်ပေါ် ဖြေချလာသည့် အချိန်ဖြစ်ရာ ထူးဆန်းစွာပင် ညဥ့် လူခြေတိတ်ချိန်တိုင်း လောင်နေကျဖြစ်သော ဈေးမီးများ မီးလောင်ပြင်ကို အထပ်မြင့် ဈေးကြီးများ ဆောက်ရန် အသင့်ဖြစ်နေသော စီးပွားရေး ခရိုနီကြီးများ၊ ပင်ရင်း ဈေးသူဈေးသားများ မူလ နေ၇ာ ပြန်မရသေးသော သင်္ဃန်းကျွန်းဈေးနှင့် ဆင်မလိုက်ဈေး သစ်များ အကြောင်း၊ ယခုကဲ့သို့ ဖြစ် စဉ် ဖြစ်တိုင်း လျှပ်စစ်ဝါယာရှော့ဖြစ်သည်ဆိုကာ ကံဆိုးသူ မောင်ရှင်ဖြစ်မည့် ဈေးဆိုင်ပိုင်ရှင် တဦးဦး အနေနဲ့ ဘာမှန်းမသိ ဘယ်သူ မီးတင်ရှို့မှန်း မမြင်ပဲ အချောင်သက်သက် ထောင်နန်းစံနေရသော ပုံစံတူ ဈေး မီးလောင်မှု အခင်းများကို သေချာစွာ စီစစ် မေးမြန်းဖေါ်ထုတ်သင့်နေပြီဖြစ်ပါကြောင်း ......



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved