လာပြန်ပြီ ကြက်ဥအတု

Monday, May 21, 2012

ကြက်ဥအတု (ဓာတ်ပုံ - ချိုင်းနားဒေလီ http://www.chinadaily.com.cn)

မြစ်ကြီးနားရထားလမ်းမှာ ကြက်ဥအတုတွေ လှိုင်လှိုင်ပေါနေတယ် တဲ့၊ ဒီကနေ့ ကြေးမုံသတင်းစာ စာမျက်နှာ ၇ မှာ ရေးထားပါတယ်။ ဓာတ်ပုံတော့ မပါပါဘူး။

နယ်စပ်ကနေ သွင်းလာတဲ့ အင်ကြက်ဥတွေကို မော်လူး၊ နန့်စီးအောင်၊ မော်ဟန့် ဆိုတဲ့ ဒေသတွေမှာ အများအပြား တွေ့နေရတယ်၊ အစစ်နဲ့ရောရောင်းနေတယ် တဲ့။

အဲဒီဒေသတွေဟာ ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်း နယ်ခြားမှာ တည်ရှိပါတယ်။ မြစ်ကြီးနားအစုန်ရထားနဲ့ သယ်လာတာ ဆိုတော့ မြစ်ကြီးနားကနေ မန္တလေးဘက်ကိုသွားမယ့် ရထားပေါ့။

(နယ်စပ်ကနေ တင်သွင်းတယ်လို့ ဆိုတယ်။ ကချင်ပြည်နယ်နဲ့ ထိစပ်နေတာက အိန္ဒိယ နဲ့ တရုတ်နိုင်ငံတွေပါ။
တရုတ်နိုင်ငံကလာတဲ့ ကြက်ဥတွေလို့ပဲ နားလည်ရတော့မှာပဲ)

ကြက်ဥအတုက ဘယ်လို အရသာ၊ အာနိသင် ရှိတယ် ဆိုတာကိုတော့ သတင်းထဲမှာ ရေးမထားပါဘူး။ ဈေးသက်သာတယ် လို့ပဲ ရေးထားပါတယ်။ သက်သာလို့ အတုပဲ စားနေကြတယ် တဲ့။

ကြက်ဥအတုတွေ နေ့တိုင်း ၀င်နေတယ်လို့ ဆိုပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ပုံကတော့ ဇန်န၀ါရီ ၉ ရက်နေ့က တရုတ်နိုင်ငံအရှေ့ပိုင်းမှာတွေ့ရတဲ့ ကြက်ဥပုံ ဖြစ်ပါတယ်။

A fake boiled egg was discovered by a resident in Yantai, East China's Shandong province, Jan 9, 2012. The egg was made by industrial chemicals and food additives, according to Dong Jinshi, an expert at the State Supervision and Inspection Center for environmentally-friendly products. Dong said an artificial egg costs less than 0.1 yuan ($0.016), while a real egg costs about 0.5 yuan. [Photo/CFP] လို့ ချိုင်းနားဒေလီက ဆိုပါတယ်။

2 comments :

  1. pheasant said... :

    တရုတ်တွေ တို့နိုင်ငံကို ပူးသတ်နေတာ ကိုယ်ကျိုးတော့ နဲပါပြီ၊ ကျေးဇူးပြုပြီး ဈေးသက်သာမကလို့ အလကားရလည်းမစားကြပါနဲ့ အသက်တိုကြတော့မှာပဲ မြန်မာပြည်က ရဲတွေ စစ်သားတွေ အင်မီဂရေးရှင်း တွေ စစစတွေ အက်စ်ဘီတွေ ကလည်း နိုင်ငံရေးလုပ်တဲ့သူတွေကို ပဲ လိုက်ချောင်း ဒုက်ခပေးတတ်တာ ဒါမျိုးတွေကျ တားရကောင်းမှန်းမသိ မြန်ပြည်ကြီးတော့ ကွာ လုံးပါးပါးနေပြီ

  1. Anonymous said... :

    Fake eggs, fake medicines,…
    Sham market-oriented economic system,…
    Fake peace deal between Tatmadaw and armed nationalities,…
    Vague Constitution (2008),
    Poor Myanmar people are used to everything which is fake.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved